လီဗာပူးလ်အသင်း၏သမိုင်းတွင် အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်မိသည်ဟု ယာဂန်ကလော့ပ် ပြောကြား

လီဗာပူးလ်အသင်း၏သမိုင်းတွင် အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်မိသည်ဟု ယာဂန်ကလော့ပ် ပြောကြား
Photo: X
Photo: X
Published 21 May 2024

ယခုနွေရာသီတွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည့် ဂျာမန်နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်း၏သမိုင်းတွင် အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ မှ ၂၀၂၄ ခု နှစ်အထိ ကိုင်တွယ်ခဲ့စဉ်ကာလအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရယူပေးနိုင်ခဲ့သလို၊ ယူရိုပါလိဂ်ဖလားမှလွဲ၍ ကျန်သည့်ဆုဖလားအစုံ ရယူပေးနိုင်ခဲ့သည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းအား အကောင်းဆုံးဦးဆောင်မှုပေးနိုင်ဆဲ အချိန်ကာလမှာပင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဝုလ်ဗ်အသင်းနှင့်ပွဲတွင် ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။

အဆိုပါ နှုတ်ဆက်ပွဲအခမ်းအနားတွင် ယာဂန်ကလော့ပ်က ''အသင်းရဲ့ သမိုင်းမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပြီး ဒီနေရာမှာ အခုလို မတ်တပ်ရပ်နေခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ ဒါဟာ အံ့အားသင့်စရာလည်းကောင်းပါတယ်။ ဒီအသင်းက အလားအလာရှိတဲ့ ကစားသမားတွေ အများကြီးရှိနေတဲ့အသင်းပါ''ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်ပရိသတ်များသည် ယာဂန်ကလော့ပ်၏ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်သည့်အတွက် ကွင်းပြင်ပလမ်းတစ်လျှောက်တွင်ပင် တစ်ခဲနက်ကြိုဆိုခဲ့ကြပြီး ပရိသတ်အချို့ မှာ ငိုကြွေးခဲ့ကြကြောင်းလည်း သိရသည်။

 

Most Read

Most Recent