■ ဗာစကိုဒဂါးမားသို့ ကော်တင်ဟို ပြောင်းရွှေ့ဖွယ်ရှိ

■ ဗာစကိုဒဂါးမားသို့ ကော်တင်ဟို ပြောင်းရွှေ့ဖွယ်ရှိ
Photo: Daily Mail
Photo: Daily Mail
Published 17 May 2024

အက်စတွန်ဗီလာအသင်းမှ ကာတာကလပ် အယ်လ်ဒူဟေးလ်အသင်းထံ အငှားချခံထားရသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား ကော်တင်ဟိုသည် ငယ်ဘဝအသင်းဟောင်းဖြစ်သည့် ဘရာဇီးလ်ကလပ် ဗာဒကိုဒဂါးမားအသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။ 

ကော်တင်ဟို(၃၁ နှစ်)ကို အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက အသင်းတွင် နေရာပေးရန် အစီအစဉ်မရှိသည့်အတွက် ဗာစကိုဒဂါးမားအသင်းက ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ 

ဗာစကိုဒဂါးမားအသင်းအနေဖြင့် ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ပေါင်(၅)သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုုင်ဖွယ်ရှိကြောင်း သိရသည်။

ကော်တင်ဟိုသည် အယ်လ်ဒူဟေးလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၂) ပွဲတွင် (၈) ဂိုး သွင်းထားသည်။ 

Most Read

Most Recent