■ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် ဆုဖလားနှစ်လုံး စီစဉ်ထားရှိမည်

■ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် ဆုဖလားနှစ်လုံး စီစဉ်ထားရှိမည်
Published 17 May 2024

လာမည့် တနင်္ဂနွေနေ့၌ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်၌ ဆုဖလားနှစ်လုံး စီစဉ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်ချန်ပီယံဆုကို အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသော လက်ရှိချန်ပီယံ မန်စီးတီးအသင်းနှင့် ဒုတိယနေရာမှ အာဆင်နယ်အသင်းတို့ အပြိုင်လုနေရပြီး နှစ်သင်းစလုံးတွင် အခွင့်အရေးရှိနေသောကြောင့် ဆုဖလားနှစ်လုံး ထားရှိရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

    

ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် မန်စီးတီးက ဝက်စ်ဟမ်း၊ အာဆင်နယ်က အဲဗာတန်နှင့် အိမ်ကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ်ဆုဖလားနှစ်လုံးကို မန်စီးတီးအသင်း၏ အီတီဟတ်ကွင်းနှင့် အာဆင်နယ်အသင်း၏ အီမရိတ်စ်ကွင်းတို့တွင် ထားရှိမည်ဖြစ်ပြီး နှစ်နေရာစလုံး၌ ဆုပေးပွဲအခမ်းအနားများ ကျင်းပရန်လည်း စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် အခွင့်အရေးရှိနေဆဲဖြစ်သော်လည်း နောက်ဆုံးပွဲစဉ်၌ ကိုယ်တိုင် အဲဗာတန်အသင်းကို အနိုင်ယူရမည့်အပြင် မန်စီးတီးအသင်းလည်း အမှတ်လျော့မှသာ ချန်ပီယံဆု ရယူနိုင်မည်ဖြစ်သည်။

Most Read

Most Recent