လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ဒုတိယနေရာမှာ ရှိနေပါတယ်။ ယာဂန်ကလော့ပ်နဲ့ လမ်းခွဲတော့မယ့် လီဗာပူးလ်အသင်းက တတိယနေရာမှာ ရှိနေပါတယ်။ ကစားထားတဲ့ ပွဲအရေအတွက်တော့ ကွာခြားမှုရှိပါတယ်။ အာဆင်နယ်အသင်းက (၃၅)ပွဲကစားပြီး အမှတ် (၈၀)၊ မန်စီးတီးက (၃၄)ပွဲကစားပြီး (၇၉)မှတ်၊ လီဗာပူးလ်က (၃၅)ပွဲကစားပြီး (၇၅)မှတ် ရရှိထားတာပါ။ ပွဲတူအနေအထားမှာ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းနဲ့ (၅)မှတ်အထိ ကွာဟသွားပြီဖြစ်တာကြောင့် လီဗာပူးလ်ပရိသတ်တွေအပါအဝင် ပရိသတ်အားလုံးနီးပါးကတော့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲက ပြိုင်မြင်းသုံးကောင်ပြေးတဲ့ပွဲ မဟုတ်တော့ဘဲ ပြိုင်မြင်းနှစ်ကောင် ပြေးမယ့်ပွဲ ဖြစ်သွားပြီလို့ မှတ်ချက်ပေးနေကြပါပြီ။
■ ပြိုင်မြင်းနှစ်ကောင်နဲ့ အဆုံးသတ်ပြေးလမ်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။