အာဆင်နယ်နည်းပြ အာတီတာ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ပြီး ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးထက် (၁၀)ပွဲလျော့၍ နိုင်ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်

အာဆင်နယ်နည်းပြ အာတီတာ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ပြီး ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးထက် (၁၀)ပွဲလျော့၍ နိုင်ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်
Photo : Getty Images
Photo : Getty Images
Published 29 April 2024

အာဆင်နယ်နည်းပြ အာတီတာသည် စပါးအသင်းအားအနိုင်ရခဲ့သည့် လန်ဒန်ဒါဘီပွဲတွင် ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀) ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

အာတီတာသည် အာဆင်နယ်အသင်းကို ၂၀၁၉ ဒီဇင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး (၄)နှစ်ကျော်ကာလအတွင်း၌ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ အာတီတာသည် အဆိုပါနိုင်ပွဲ(၁၀၀)ကို ပွဲပေါင်း(၁၆၉)ပွဲကိုင်တွယ်ပြီး ရယူနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးထက် (၁၀)ပွဲလျော့၍ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀) ပြည့်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာစင်ဝင်းဂါးသည် ပရီးမီးယားလိဂ်နိုင်ပွဲ (၁၀၀)ရရှိရန် (၁၇၉)ပွဲ အချိန်ယူခဲ့ရခြင်း ဖြစ်သည်။ ပရီးမီးယားလိဂ်တွင် နိုင်ပွဲ(၁၀၀)အမြန်ဆုံးပြည့်မြောက်သည့်နည်းပြအဖြစ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက (၁၃၄)ပွဲဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက (၁၄၂)ပွဲဖြင့် ရပ်တည်နေသည်။ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က (၁၅၉)ပွဲဖြင့် တတိယနေရာ၊ မန်ယူနည်းပြဟောင်း ဖာဂူဆန်က (၁၆၂)ပွဲဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေပြီး အာတီတာက အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကို ကျော်ဖြတ်ကာ ပဉ္စမနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အာတီတာသည် စပါးနှင့်ပွဲတွင် ထူးခြားသည့် စံချိန်မှတ်တမ်းကောင်းတစ်ခုကိုလည်း အာဆင်နယ်အသင်းအတွက် ယူဆောင်ပေးနိုင်ခဲ့သည်။ ယင်းပွဲတွင် အာဆင်နယ်အသင်းသည် စပါးအသင်းကို အဝေးကွင်း၌ (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြီးခဲ့သည့်ရာသီက အဝေးကွင်းပွဲတွင်လည်း (၂-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ပရီးမီးယားလိဂ်၌ စပါးအသင်းကို ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်းနှစ်ပွဲဆက် အနိုင်ယူနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ စပါးအသင်းသည် ထိပ်တိုက်တွေ့ ဆုံမှုမှတ်တမ်းတွင် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို အသာစီးရရှိထားသော်လည်း အဝေးကွင်းတွင်မူ ရုန်းကန်ရလေ့ရှိသည်။ ယခုကဲ့သို့ နှစ်ပွဲဆက်အနိုင်မရမီ စပါးအသင်း၏ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်(၁၇)ပွဲ၌ အာဆင်နယ်အသင်းအနေဖြင့် နိုင်ပွဲ(၂)ပွဲသာရရှိခဲ့ပြီး (၆)ပွဲသရေ၊ (၉)ပွဲရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်အသင်းသည် နည်းပြ ဂျော့ချ်ဂရေဟမ်ကိုင်တွယ်စဉ် ၁၉၈၈ ခုနှစ်က စပါးအသင်းကို အဝေးကွင်း (၃)ပွဲဆက် အနိုင်ရခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်တွင် အဝေးကွင်းနိုင်ပွဲဆက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိတော့ဘဲ ယခုမှ ပြန်လည်စွမ်းဆောင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် မန်စီးတီးထက် တစ်ပွဲပို၊ တစ်မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး စပါးအသင်းမှာမူ အဆင့်(၄)နေရာအတွက် မျှော်လင့်ချက် ပိုနည်းသွားခဲ့သည်။

Most Read

Most Recent