မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းလေယာဉ်လက်မှတ်များ Cancellation ပြုလုပ်ခြင်းကို ၂၄ နာရီမတိုင်မီသာ ခွင့်ပြုထားပြီး ခရီးစဉ်ရက်ပြောင်းလဲခြင်းအား ခရီးစဉ်မထွက်ခွာမီ ၂၄ နာရီမတိုင်မီ ပြုလုပ်ရမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းလေယာဉ်လက်မှတ်များ Cancellation ပြုလုပ်ခြင်းကို ၂၄ နာရီမတိုင်မီသာ ခွင့်ပြုထားပြီး ခရီးစဉ်ရက်ပြောင်းလဲခြင်းအား ခရီးစဉ်မထွက်ခွာမီ ၂၄ နာရီမတိုင်မီ ပြုလုပ်ရမည်
Published 15 March 2024

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းနေသည့် ခရီးစဉ်များတွင် ပြည်တွင်းလေယာဉ်လက်မှတ်များကို Cancellation  ပြုလုပ်ခြင်းကို ၂၄ နာရီမတိုင်မီသာ ခွင့်ပြုထားပြီး ခရီးစဉ်ရက်ပြောင်းလဲခြင်းအား ခရီးစဉ်မထွက်ခွာမီ ၂၄နာရီမတိုင်ခင် ပြုလုပ်ရ မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်သည့်  စစ်တွေ-ရန်ကုန် ခရီးစဉ်တွင်လည်း လေယာဉ်လက်မှတ်ဝယ်ယူရာတွင် မသမာမှုများ ဖြစ်ပေါ်ခြင်းမရှိရန်  ခရီးသည်ကိုယ်တိုင်မှတ်ပုံတင်ဖြင့် လာရောက်ဝယ်ယူရမည်ဖြစ်ပြီး၊ လူစားဝယ်ယူခြင်းအား ခွင့်ပြုထားခြင်းမရှိ ကြောင်း သိရသည်။  မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စစ်တွေ-ရန်ကုန်ခရီးစဉ်တွင် လေယာဉ်လက်မှတ်များကို  စျေးတင်ရောင်းချခြင်းများတွင် လေကြောင်းလိုင်းဝန်ထမ်းများနှင့် လက်မှတ်ရောင်းချသည့် အေးဂျင့်များပါ ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးစာထုတ်ပြန်ထားမြစ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ စစ်တွေ-ရန်ကုန်ခရီးစဉ်မှာ လေယာဉ်လက်မှတ်တွေ စျေးတင် ရောင်းချခြင်းတွေမှာ လေကြောင်းလိုင်းဝန်ထမ်းတွေနဲ့ လက်မှတ်ရောင်းချတဲ့အေးဂျင့်တွေပါ  ပါဝင်ပတ်သက်မှု မရှိစေဖို့ စာထုတ်ပြီး သတိပေးထားပြီးဖြစ်ပါတယ်။ ဆိုလိုချင်တာက ခုလို စစ်တွေ-ရန်ကုန်ခရီးစဉ်မှာ တကယ်ခရီးသွားချင်တဲ့ ခရီးသည်က နိုင်ငံသားစိစစ်ရေးကတ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ခရီးသည်ကိုယ်တိုင်ဝယ်ယူမှသာ ရောင်းချပေးဖို့ ကန့်သတ် ထားတာဖြစ်ပါတယ်”ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်းပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များ ဝယ်ယူရာတွင် အဆင်မပြေမှုများဖြစ်ပေါ်ခြင်း၊ ပြည်  တွင်းလေဆိပ်များရှိ မြန်မာအမျိုးသားလေကြောင်းလိုင်းဝန်ထမ်းများ၏ ဝန်ဆောင်မှုများကို အဆင်မပြေမှုများ၊ မြေပြင်ဝန်ဆောင် မှု agent များနှင့်ပတ်သက်၍ အဆင်မပြေမှုများ၊ မကျေနပ်မှုများဖြစ်ပေါ်က ဖုန်း -၀၁-၃၇၃၈၂၈၊+951373828သို့  ဆက်သွယ် တိုင်ကြားနိုင်မည်ဖြစ်ပြီး contactus@flymna.com သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် ပျံသန်းစီးနင်းလိုက်ပါမည့် ခရီးသည်များအတွက် လေယာဉ်ပေါ်သို့  တင်ဆောင်ခွင့်မပြု သောပစ္စည်းများနှင့် လေကြောင်းလိုင်းတွင် အပ်နှံမည့်ခရီးဆောင်အိတ်တွင် ထည့်ခွင့်မပြုသောပစ္စည်းများကို သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent