ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ မြန်မာနိုင်ငံ၊ကော့သောင်းမြို့ဘက်သို့ တရားမဝင် ဖြန့်ဖြူးရောင်းချနေသည့် အင်တာနက်လိုင်းများကို ထိုင်းတာဝန်ရှိသူများက စုံစမ်း စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်တွင် အင်တာနက် wifi များ တရားမဝင်ဖြန့်ဖြူးရောင်း ချခြင်း၊ သုံးစွဲနေခြင်း၊ မြန်မာနိုင်ငံဘက်သို့ တရားမဝင် ရောင်းချနေခြင်း၊ အွန်လိုင်းလိမ် လည်မှုများကို ထိုင်းပူးပေါင်းအဖွဲ့က နေရာ ငါးနေရာတွင် ရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီး ရမိသူများအား အကျဉ်းချထားကြောင်း ထိုင်း နိုင်ငံရှိ မီဒီယာများတွင် ဖော်ပြထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ-ထိုင်း နယ်စပ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ကျယ်ပြန့်စွာ ဖမ်းဆီးနိုင်ရေးအတွက် ကော့သောင်းမြို့ရှိ အုပ်ချုပ်ရေးဆိုင်ရာ တာ ဝန်ရှိသူများအား ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ သည်။
“အင်တာနက် wifi ချိတ်ဆက်ပေးတာ မျိုး ဒီဘက်မှာ မကြားမိပါဘူး။ ဒါပေမဲ့ အွန် လိုင်းလိမ်လည်မှုတွေက မြန်မာ-ထိုင်းနယ်စပ် ဘက်ကို ရွှေ့ပြောင်းလာတာမျိုး ကြားနေရ တယ်။ အင်တာနက်ကနေတစ်ဆင့် လိမ်လည် တာကို ထိုင်းဘက်မှာတော့ လိုက်လံဖမ်းဆီး တာမျိုးတွေ ရှိနေတယ်” ဟု ကော့သောင်းမြို့ မှ ဒေသခံတစ်ဦးက ပြောကြားသည်။
မတ် ၁ ရက်နှင့် ၂ ရက်တွင် တာဝါတိုင် များအပါအဝင် နေရာငါးနေရာကို ရှာဖွေဖမ်း ဆီးနိုင်ခဲ့ကြောင်း၊ call centre ဂိုဏ်းများ၏ဖုန်းအသုံးပြုမှုဆိုင်ရာ အချက်အလက်များကို ခြေရာခံရာ လှုပ်ရှားမှုတွေ့ရကြောင်း၊ အိမ်နီး ချင်း မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရှိ ကွန် ရက်များကို ချိတ်ဆက်ခြေရာခံထားကြောင်း၊ ထောင်နှင့်ချီသည့် electronic sim နှင့် ghost sim ဟုခေါ်သော သရဲကတ်များကို ခြေရာခံ ထားပြီးဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီးသက်ချိုင်း က ပြောကြားခဲ့သည်။
ရနောင်းမြို့ရှိ နေရာ ငါးနေရာကို ခြေရာ ခံ ဖမ်းဆီးရမိပြီးနောက် နောက်ထပ်ခြေရာခံ ရရှိထားသည့်နေရာများကိုလည်း ဆက်လက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















