ကမ္ဘာကြီးရဲ့ ဆာလောင်ငတ်မွတ်မှုကို ၂၀၃၀ မှာ အမြစ်ဖြတ်နိုင်မှာလား

ကမ္ဘာကြီးရဲ့ ဆာလောင်ငတ်မွတ်မှုကို ၂၀၃၀ မှာ အမြစ်ဖြတ်နိုင်မှာလား
Published 3 March 2024
 ရွှေသင် (MPP)

(၁)

၂၀၁၅ ခုနှစ်က ကမ္ဘာ့ခေါင်း ဆောင်များက  ကမ္ဘာလုံးဆ ိုင်ရာပန်း တိုင်ဟုဆိုရမည့် ရည်မှန်းချက် ၁၇ ချက်ကို သဘောတူချမှတ်ခဲ့သည်။ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals)  ဟု လည်းကောင်း၊ အတိုကောက်အား ဖြင့် အက်စ်ဒီဂျီ (SDG) ဟုလည်း ကောင်း လူသိများ၏။ အဆိုပါပန်း တိုင်များသို့ရောက်ရှိနိုင်ရေးအတွက် အကောင်အထည်ဖော်မှုကို အချိန် ကာလအားဖြင့် ၂၀၃၀ ပြည့်နှစ်အထိ အထိ  သတ်မှတ်ထားခဲ့သည်ဖြစ်ရာ ခြောက်နှစ်မျှသာ ကျန်တော့သည်။ ယခုအချိန်ကာလတွင်  ပြန်လည် သု ံးသပ်စဉ်းစားမှုများ  ရှိလာသည်။ အဆိုပါ  ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရ ှိန ိုင်ရေးမှာ  သေချာဖြစ်လာ နိုင်မည်လော။ အက်စ်ဒီဂျီပန်းတိုင် များနှင့်ပတ်သက်၍  နိုင်ငံတကာမှ ရှုမြင်သုံးသပ်ချက်များအပေါ် အခြေ ခံရေးသားထားသည့်   ကုလသမဂ္ဂအ ဖွဲ့ကြီး၏ အစီရင်ခံထဲတွင်  ပန်းတိုင် ရောက်ရှိရေးထက် ပိုမိုကောင်းမွန် သည့်  အခြေအနေ ရောက်ရှိရေးမှာ ပင်ဝေး ကွ ာလျက်ရှိနေသေးသည်ဟု ဆိုသည်။ 

ဆင်းရဲနွမ်းပါးမှု၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ မညီမျှမှုပြ ဿနာများ အဆုံးသတ်ရေးမှာ ရည် မှန်းချက်သို့   ဦးတည်နေသောလမ်း ကြောင်းပေါ်တွင်   ရှိနေသော်လည်း ၂၀၃၀ ပြည့်နှစ်တွင် အလုံးစုံပြီး မြောက်နိုင်ရေးမှာ  မလွယ်ကူ။ ၂၀ ရာခိုင်နှုန်းဝန်းကျင်သာ  လုပ်ဆောင် နိုင်သေးသည်ဟု  ဖော်ပြထားသည်။ 

(၂)

 အက်စ်ဒီဂျီ  ပန်းတိုင် ၁၇ ခုထဲတွင် အရေးကြီးသည့်  ပန်းတိုင် (၂) အစာရေစာငတ်မွတ်ခေါင်းပါးမှု လုံးဝမရှိစေရေး (Zero Hunger) သည်လည်းပါဝင်သည်။  ဤသို့ဆိုလျှင် ၂၀၃၀ အရောက်တွင် အစာရေစာငတ်မွတ်ခေါင်းပါးမှု လုံးဝမရှိစေရေး ရည်မှန်းချက်ဖြစ်သည့် ပန်းတိုင် (၂) ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိရေးမှာလည်း မလွယ်ကူနိုင်။ ကမ္ဘာကြီးအနေဖြင့် အစာရေစာငတ်မွတ်ခေါင်းပါးမှု အခြေအနေကို လုံးလုံးလျားလျား အမြစ်ဖယ်ရှားဖြတ်နိုင်ဖို့ ခက်ခဲနေပေလိမ့်မည်။ 

ကမ္ဘာကြီးအနေဖြင့် စားနပ်ရိက္ခာမလုံခြုံမှုနှင့် အစာရေစာငတ်မွတ်ခေါင်းပါးမှုတို့သည် ကမ္ဘာလုံးဆိုင်ရာ အရေးတကြီးဖြေရှင်းရမည့်ပြဿနာဖြစ်ကြောင်း ၂၁ ရာစုအစကတည်းက ပိုမိုရိပ်စားမိခဲ့ကြသည်။ ပဋိပက္ခများကြီးမားလာခြင်း၊ ရာသီဥတု ဆိုးဆိုးရွားရွားဖောက်ပြန်လာခြင်း၊ လူအသိုက်အဝန်းများကြားတွင် မညီမျှမှုများ ပိုမိုပြင်းထန်လာခြင်း စသည့်အခြေအနေများကြောင့် မူလရင်ဆိုင်နေရသည့် စားနပ်ရိက္ခာပြဿနာနှင့် ငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ်သည့်အချိန်နှင့်အမျှ ကြီးသည်ထက် ကြီးမားလာခဲ့သည်။ စာနပ်ရိက္ခာ ပြတ်လတ်မှု၊ ငတ်မွတ်ခေါင်းမှုသည် ၂၀၁၉ ခုနှစ်ကထက် ပိိုုမိုပြင်းထန်လာသည်ဟုဆိုကြသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာလူဦးရေ၏ ၉ ဒသမ ၂ ရာခိုင်နှုန်း၊  အရေအတွက်အားဖြင့်  လူဦးရေ ၇၅၃ သန်းနီးပါးသည် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ထောက်ပြထားကြသည်။

(၃)

ကမ္ဘာကြီးသည် ကာလကြာရှည်ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှုများ အပါအဝင် သဘာဝဘေးအန္တရာယ်များက စားနပ်ရိက္ခာပြဿနာကို အစထုတ်ဖန်တီးပေးနေစဉ်မှာပင် ထပ်မံဖြစ်ပေါ်လာသော ကပ်ရောဂါဆိုးများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးရွားမှု၏အကျိုးဆက်များက ပြဿနာမီးတောက်ပိုမိုကြီးထွားလာစေရန် မီးထိုးပေးသကဲ့သို့ဖြစ်လာနေသည်။ အစအနအကြွင်းအကျန်များ ရှိနေသေးသည့် ကိုဗစ်ကပ်ရောဂါတို့နှင့်အတူ ပိုမိုဆိုးရွားသော အခြေအနေများကိုသာ ရင်ဆိုင်နေရပြီး ကမ္ဘာလုံးဆိုင်ရာ အစားအစာငတ်မွတ်ခေါင်းပါးမှုများမှာလည်း စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ကြီးထွားလာနေသည်ကို လက်တွေ့ကျကျမြင် တွေ့နေကြရပြီဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည်လည်း ၂၀၂၂ ခုနှစ်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (UN Food Programme) ဖြင့် လူဦးရေ ၁၅၈ သန်းအထိ စံချိန်တင်မြှင့်တင်လျက် စားနပ်ရိက္ခာအကူအညီများ ပေးခဲ့ရသည်ဟုဆိုသည်။ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများကိုကြည့်၍ ၂၀၃၀ ပြည့်နှစ်တွင် ရောက်ရှိမည်ဟု  မျှော်မှန်းထားသော အက်စီဒီဂျီပန်းတိုင်များနှင့်ပတ်သက်၍ သံသယဖြစ်နေကြပြီ။ အထူးသဖြင့် ဆာလောင်မွတ်သိပ်မှု ပိုမိုပြင်းထန်လာသော ကမ္ဘာကြီးအတွက် လိုအပ်သော စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်ရေးမှာ ခြိမ်းခြောက်မှုများစွာဖြင့် ကြုံတွေ့နေရသည်။ တစ်နည်းဆိုရလျှင် လူသားတို့ ရှင်သန်မှုအတွက် အရေးကြီးသည့်   ပန်းတိုင် (၂) (SDG-2)၊ “ဆာလောင် ငတ်မွတ်မှု ပပျောက်ရေး ရည်မှန်းချက်” ဆီသို့  ဦးတည် လျှောက်လှမ်းနေသည့်တိုင် လမ်းပေါ်တွင် လမ်းလျှောက်ရင်း လမ်း ပျောက်သကဲ့သို့ဖြစ်နေခဲ့ပြီဖြစ်သည်။ ပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်ရေးမှာ မလွယ်ကူတော့။ ကနေဒါနိုင်ငံ၊ မွန်ထရီယယ်တွင်တည်ရှိသည့် မက်ဂေးလ်တက္ကသိုလ် (McGill University) က ပြုလုပ်ထားသည့် သုတေသနအသစ်တစ်ခုသည် နိုင်ငံတကာ စားနပ်ရိက္ခာအကူအညီပေးရေးကိစ္စကို ပဟေဠိတစ်ခုသဖွယ်မီးမောင်းထိုးပြလျက်ရှိပြီး အရေးပါသော အစိတ်အပိုင်းကို သတိပြုမိလာစေသည်ဟု သုံးသပ်သူအချို့က ဆိုသည်။   

(၄)

စားနပ်ရိက္ခာ အကူအညီအထောက်အပံ့များကို ကမ္ဘာလုံးဆိုင်ရာ ဟန်ချက်ညီသည့် သဘောတူစာချုပ်များဖြင့် စီစဉ်ဆောင်ရွက်ထားခြင်းမရှိဘဲ နိုင်ငံတကာသဘောတူညီမှုများ၊ အဖွဲ့အစည်းများကြားတွင် အခြေအနေမျိုးစုံဖြင့် သင့်လျော်သလို လုပ်ဆောင်နေသည့် အချိတ်အဆက်မမိသော အစီအစဉ်များ အောက်တွင်သာ လုပ်ဆောင်နေကြသည်ဟု ထောက်ပြခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဥပဒေနှင့် ပေါ်လစီဂျာနယ် (Journal of International Trade Law and Policy) တွင်ပုံနှိပ်ဖော်ပြထားသော လေ့လာမှုက လက်ရှိလုပ်ဆေင်နေသောစနစ်များ၊ လုပ်နည်းလုပ်ဟန်များကို ဆန်းစစ်လေ့လာခဲ့သည်။  

ပြဿနာကို ဖြေရှင်းရန် အဖွဲ့အစည်းအသစ်များ ဖန်တီးမည့်အစား လက်ရှိကျင့်သုံးနေသည့်စနစ်အတွင်း ရှုမြင်သုံးသပ်မှုများပြောင်းလဲခြင်း၊ လုပ်နည်း လုပ်ဟန် အပြောင်းအလဲပြုလုပ်ခြင်းတို့ဖြင့် လုပ်ဆောင်ရန် ထောက်ပြထားသည်။ အဖွဲ့အစည်းများတွင် လုပ်ကိုင်ပြောဆိုမှုများသည် ဦးတည်လုပ်ဆောင်နေသော ဆာလောင်ငတ်မွတ်မှုကို ခံစားနေရသော ကမ္ဘာ့လူသားများ၏ အရေးအပေါ်တွင်သာ ဦးတည်နေရန်အရေးကြီးသည်။ ဆာလောင်ငတ်မွတ်နေမှု၊ အာဟာရမပြည့်ဝမှုတို့သည် လူအသိုက်အဝန်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သို့မျှ မစွမ်းနိုင်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် လေ့လာမှုတွင်ပါဝင်ရေသားသူဖြစ်သည့် မက်ဂေလ်းတက္ကသိုလ် ဥပဒေပညာဌာန (McGill'sFaculty of Law)  မှ ဒုတိယနှစ် ပါရဂူကျောင်းသားဖြစ်သူ Clarisse Delaville က ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။      

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအကူအညီကို ထိန်းချုပ်ဖြစ်စေသည့်အဓိကအခြေအနေနှစ်ရပ်မှာ ကုန်သွယ်မှုစနစ်နှင့် စားနပ်ရိက္ခာဖူလုံမှုစနစ်တို့ဖြစ်သည်။   ထိုအခြေအနေ နှစ်ရပ်စလုံးနှင့်ပတ်သက်၍ လူ့အခွင့်အရေးကို အခြေခံသော ချဉ်းကပ်မှုတစ်ခုဖြင့် အကောင်အထည်ဖော်ရန်လိုအပ်သည်ဆိုကြသည်။ ထိုကဏ္ဍ နှစ်ရပ်စလုံးမှ တာဝန်ရှိသူများသည် ပိုမိုခိုင်မာသော ကတိကဝတ်များကို အလေးထားလုပ်ဆောင်စေရန် အားပေးတိုက်တွန်းသင့်သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။          

(၅)

ကုလသမဂ္ဂအဖွဲ့ကြီး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustaibable Development Goals- SDGs) သည် ရည်မှန်းချက်လမ်းကြောင်းပေါ်တွင် လျောက်လှမ်းနေဆဲ။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် အချိန်ကိုက်ရောက်ရှိရန်မဖြစ်နိုင်တော့။ မရောက်ရှိနိုင်သည်မှာ ရှင်းရှင်းလင်းလင်းပင်မြင်နေရပြီဟု ကောက်ချက်ချနေကြပြီ။ မပြီးဆုံးသေးသည့် ကိုဗစ်ကပ်ရောဂါသည်လည်း ထည့်သွင်းစဉ်းစားရန်လိုအပ်နေဆဲ။ ကမ္ဘာကြီး၏ စားနပ်ရိက္ခာစနစ်ကို သိသိသာသာဆိုးရွားမှုဖြစ်စေခဲ့သည်။ 

ယူကရိန်းစစ်ပွဲအခြေအနေနှင့်ပတ်သက်၍လည်း နှစ်ဖက်ညှိနှိုင်းမှုဖြင့် မြန်ဆန်နိုင်သမျှ မြန်မြန် ရပ်တန့်စေရေးအတွက် အလေးထားစဉ်းစား လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးနှင့်အတူ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စည်းရုံးတိုက်တွန်းဆော်ဩပေးဖို့လိုအပ်သည်။ အပြောင်းအလဲကို ကြီးကြီးမားမား ပြုလုပ်ရန် ဆန္ဒရှိနေရမည်ဟု  အားလုံးက ထင်မြင်ကြသည်။ 

 

Ref: https://www.eurasiareview.com