လူ့အူအတွင်းမှာဘက်တီရီယားမျိုးကွဲပေါင်းထောင်သောင်းနဲ့ချီပြီးရှိတဲ့အနက်အများစုကလူရဲ့ကျန်းမာရေးကိုအကျိုးပြုကြပေမယ့်၊ကျန်းမာရေးကိုထိခိုက်စေတဲ့ပိုးမွှားကောင်ရေမြင့်တတ်လာပါကလည်းရောဂါဖြစ်စေနိုင်ပါတယ်။တစ်ခါတစ်ရံအကျိုးပြုအဏုဇီဝပိုးများနဲ့ဆိုးကျိုးဖြစ်စေတဲ့အဏုဇီဝပိုးများဟန်ချက်မညီမျှမှုဖြစ်လာပါက၊ကိုယ်အလေးချိန်ကိုတိုးလာပြီး၊အဝလွန်ရောဂါနဲ့အခြားဇီဝကမ္မဆိုင်ရာရောဂါတို့ဖြစ်စေပါတယ်။အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားပိုးအတွက်နေ့စဉ်ဒိန်ချဉ်သောက်ပေးရပါတယ်။
သုတေသနအလေးငယ်များဟာမိခင်ရဲ့သားအိမ်ထဲမှာရှိစဉ်ကတည်းကအူအတွင်းအကျိုးပြုအဏုဇီဝပိုးများနဲ့ဆက်နွှယ်လျက်ရှိကြောင်းဖော်ပြထားတယ်။လူသားတို့မွေးကင်းစမှသေဆုံချိန်ထိကြီးထွားမှုအဆင့်ဆင့်တိုင်းမှာကိုယ်ခန္ဓာကိုနည်းအမျိုးမျိုးနဲ့အကျိုးသက်ရောက်စေပါတယ်။
ကလေးငယ်ရဲ့အူထဲမှာပထမဆုံးပေါက်ပွါးလာတဲ့ဘက်တီးရီးယားအချို့ကိုဘီဗီဒို(Bifido)ဘက်တီးရီးယားလို့ခေါ်ပါတယ်။ကလေးငယ်ရဲ့ကျန်းမာရေးနဲ့ကြီးထွားမှုအတွက်အရေးကြီးတဲ့မိခင်နို့တွင်းရှိသကြားဓာတ်ကိုချေဖျက်ပေးတယ်။
အချို့ဘက်တီးရီးယားပိုးကအမျှင်ဓာတ်ကိုချေဖျက်ပြီးကျန်းမာရေးအတွက်အရေးကြီးတဲ့အကျိုးပြုအဆီအက်ဆစ်သဘာဝဓာတ်ပေါင်း၊အော်ဂဲနစ်(organic)များကိုထုတ်လုပ်ပေးတယ်။အမျှင်ဓာတ်ဟာကိုယ်အလေးချိန်တိုးခြင်း၊ဆီးချိုရောဂါ၊နှလုံးရောဂါနဲ့ကင်ဆာအန္တရာယ်တို့ကိုကာကွယ်ပေးနိုင်ပါတယ်။
အူတွင်းမှာအဏုဇီဝပိုးတွေဟာကိုယ်ခံအားဆဲလ်များနဲ့ဆက်သွယ်ခြင်းကနေကိုယ်ခံအားစနစ်လုပ်ဆောင်မှုကိုထိန်းချုပ်ပြီး၊လိုအပ်သလို၊ရောဂါကာကွယ်ရေးနဲ့ရောဂါကူးစက်မှုကိုကိုယ်ခန္ဓာကဘယ်လိုတုံ့ပြန်ရမှာကိုထိရောက်အောင်ထိန်းချုပ်ဆောင်ရွက်နိုင်တယ်။အဏုဇီဝပိုးမွှားများနဲ့ကိုယ်ခန္ဓာရဲ့ပထမဆုံးထိတွေ့မှုဟာမမွေးဖွားမီကတည်းကပင်ရှိခဲ့ပြီဖြစ်တာကြောင့်အလိုက်သင့်ရှင်သန်နိုင်တဲ့ကိုယ်ခံအားစနစ်ဖြစ်ပေါ်လာရပါတယ်။
သုတေသီတွေ့ရှိချက်အရအူအတွင်းအဏုဇီဝပိုးတွေဟာဦးနှောက်လုပ်ဆောင်မှုကိုထိန်းချုပ်ပေးတဲ့ဗဟိုနာဗ်ကြောစနစ်ကိုလည်းသက်ရောက်မှုရှိကြောင်းဖော်ပြထားတာတွေ့ရပါတယ်။အူအတွင်းအဏုဇီဝပိုးများဟာအစားအစာမှစွမ်းအင်ကိုစုပ်ယူရတဲ့ပြင်၊လူတို့ကိုအာဟာရဓာတ်များစုပ်ယူ(သို့)ကူညီပေးဖို့မရှိမဖြစ်လိုအပ်ပါတယ်။အသားနဲ့ဟင်းသီးဟင်းရွက်တွေမှာရှုပ်ထွေးလှတဲ့ဒြပ်စင်ဖွံ့ဖြိုးမှုမော်လီကျူးများပါဝင်ပြီး၊ယင်းတို့ကိုဖြိုးဖျက်ဖို့အူတွင်းအဏုဇီဝပိုးတို့ကကိုယ်ခန္ဓာကိုကူညီပေးပါတယ်။ကိုယ်ခန္ဓာဟာကိုယ်တွင်းအဏုဇီဝပိုးများရဲ့အကူညီမပါပဲ၊အပင်ဆဲလူလို့(Cellulose)ကိုချေဖျက်နိုင်မှာမဟုတ်ပါဘူး။ဒါပြင်အူအတွင်းအဏုဇီဝပိုးတွေဟာအစာစားချင်စိတ်နဲ့ငြင်းပယ်လိုစိတ်များဖြစ်ပေါ်လာစေဖို့၊ကိုယ်ခန္ဓာရဲ့ဇီဝအတွင်းဖြစ်ပျက်မှုကိုပါလွှမ်းမိုးနိုင်ပါတယ်။အူတွင်းအဏုဇီဝပိုးနဲ့ဦးနှောက်တို့ဟာအချင်းချင်းစဉ်ဆက်မပြတ်ဆက်သွယ်လျက်ရှိပြီးသတ္တဝါတို့မှအူတွင်းလုပ်ဆောင်မှုများကိုလည်းလွှမ်းမိုးသက်ရောက်မှုများရှိကြောင်းလေ့လာသိရှိရပါတယ်။
သတ္တဝါတို့ရဲ့အစာချေဖျက်မှုစနစ်ဖွံ့ဖြိုးတိုးတတ်ရာမှာ၊အစာအိမ်အူလမ်းကြောင်းရှိဘက်တီးရီးယား ကောင်ရေဟာအဓိကအခန်းကဏ္ဍမှပါဝင်ကြောင်းသုတေသနတွေ့ရှိချက်များကဖော်ပြထားကြပါတယ်။အူအတွင်းဘက်တီးရီးယားကောင်ရေကျဆင်းခြင်းဟာအဝလွန်ရောဂါနဲ့အမျိုးစား(၂)ဆီချိုရောဂါတို့နှဲ့လည်းဆက်နွှယ်မှုရှိပါတယ်။အူတွင်းအဏုဇီဝပိုးအရေတွက်ဟာကိုယ်ခန္ဓာရဲ့ဇီဝဖြစ်စဉ်များနဲ့လည်းတိုက်ရိုက်ဆက်နွယ်လျက်ရှိပါတယ်။ဒါပြင်အူလမ်းကြောင်းကျန်းမာရေးကိုလည်းထိခိုက်စေပြီး၊အစာအိမ်အူငြိမ်သက်မှုလက္ခဏာစု(TBS-irritable Bowel syndrome)နဲ့အူရောင်ရောဂါ(Inflammatory Bowel Disease -IBD)လိုအူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်းဖြစ်စေနိုင်ပါတယ်။ဘက်တီးရီးယားကစနစ်မကျလွှတ်တဲ့လေနဲ့ဓာတ်ငွေ့တွေကြောင့်၊လေပွခြင်း၊ဗိုက်အောင့်၊ဗိုက်နာခြင်းစတဲ့ရောဂါလက္ခဏာများကိုလည်းဖြစ်စေနိုင်ပါတယ်။အစားအစာမှာအကျိုးပြုဘက်တီရီယား၊အဆိုပါပိုးများပေါက်ပွါးမှုကိုအားပေးတဲ့အမျှင်ဓာတ်များနဲ့အခြားဖြည့်စွက်ပစ္စည်းများမျှတစွာပါဝင်အောင်စားသောက်ပေးရင်၊(IBS,IBD)ရောဂါများဖြစ်ပွါးမှုကိုလျော့နည်းစေနိုင်ပါတယ်။အူတွင်းအဏုဇီဝပိုးများနဲ့စိတ်ပိုင်းဆိုင်ရာရောဂါများဥပမာအချို့ကလေးတွေမှာအော်တစ်ဇင်း(Autism)အထီးကျန်စိတ်ဝေဒနာနဲ့(ADHD)ခေါ်လှုပ်ရှားလွန်ရောဂါများအကြားဆက်နွှယ်မှုများကိုလည်းသုတေသီများတွေရှိထားပါတယ်။
ကိုယ်အလေးချိန်တိုးခြင်းကိုလည်းလျော့ချနိုင်ပါတယ်။အူအတွင်းရှိဘက်တီးရီးယားမျိုးကွဲ ပေါင်း ထောင်သောင်းနဲ့ချီရှိတဲ့အနက် အများစုကကျန်းမာရေး အကျိုးပြုပါတယ်။ပရိုဘိုင်အိုတစ်(probiotics)နဲ့ ဒိန်ချဉ်တို့မှာပါဝင်တဲ့အကျိုးပြုအဏုဇီဝပိုးတွေဖြစ်တဲ့ဘီဖီဒိုဘက်တီးရီးယားနဲ့တုတ်တံပိုးဘက်တီးရီးယားအချို့ဟာအူလမ်းကြောင်းကျန်းမာရေးကိုအထောက်ကူပြုနိုင်ပြီး၊ရောဂါဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတို့၊အူနံရံကိုကွယ်ကပ်မှုမရှိအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်ဒိန်ချဉ်မှာပါဝင်တဲ့တုတ်တံပိုးကိုအကျိုးပြုဘက်တီးရီးယားအဖြစ်သုံမှန်သုံးစွဲပါကကိုလက်စထရောကိုလျော့နည်းစေနိုင်ပြီး၊ကိုယ်အလေးချိန်တိုးလာခြင်းကိုကာကွယ်နိုင်ပါတယ်။
နှလုံးကျန်းမာရေးကိုလည်းအကျိုးပြုနိုင်ပါတယ်။အူတွင်းအဏုဇီဝပိုးမွှားတွေဟာလူရဲ့နှလုံးကျန်းမာရေးကိုလွှမ်းမိုးသက်ရောက်နိုင်ကြောင်းလူပေါင်း(၁၅၀၀)ကိုပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုမှာအူတွင်းအဏုဇီဝပိုးမွှားတွေဟာကျန်းမာရေးအထောက်ကူပြု၊သိပ်သည်းဆမြင့်အဆီ၊လိုက်ပိုပရိုတင်(High density Lipoprotein HDL)ကိုလက်စထရောနဲ့ထရိုင်ဂလစ်ဆရိုက်(Triglyceride)တို့ကိုပွါးများအောင်ဆောင်ရွက်ပေးတဲ့အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်ကြောင်းတွေရှိခဲ့ပါတယ်။ကျန်းမာရေးကိုဆိုးကျိုးပေးတဲ့အူတွင်းအဏုဇီဝပိုးမွှားမျိုးစိတ်အချို့ကြောင့်နှလုံးသွေးကြောပိတ်ရောဂါနဲ့လေဖြတ်ရောဂါကိုဖြစ်စေတဲ့ထရိုင်မီသိုင်းအေမင်း၊အန်အောက်ဆိုဒ်(Trimethylamine N oxide-TMAO)ဒြပ်ပေါင်းကို ထုတ်လုပ်ပေးခြင်းကနှလုံးရောဂါကိုဖြစ်ပေါ်စေနိုင်ပါတယ်။အချို့အူတွင်းအဏုဇီဝပိုးတွေမှာအနီရောင်အသားနဲ့အခြားတိရစ္ဆာန်အသားတို့မှာတွေ့ရှိရတဲ့အာဟာရဓာတ်များဖြစ်တဲ့ကလိုရင်းနဲ့အယ်ကာနီးတင်းတို့ကို(TMAO)အဖြစ်ပြောင်းလဲစေနိုင်ပြီး၊နှလုံးရောဂါဖြစ်ပွါးမှုကိုအားပေးနိုင်ကြောင်းတွေရှိထားတယ်။
အူတွင်းအဏုဇီဝပိုးတို့ဟာဆီးချိုအမျိုးစား(၁)နဲ့(၂)ဖြစ်ပွါးစေနိုင်တဲ့သွေးထဲရှိသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။မကြာသေးမီကပြုလုပ်ထားတဲ့သုတေသနတစ်ခုမှာမွေးရာပါဆီးချိုရောဂါရှိတဲ့နို့စို့အရွယ်ကလေး(၃၃)ဦးမှာဆီးချိုအမျိုးစား(၁)စတင်ဖြစ်ပွါးခါနီးအချိန်မှာအူတွင်းရှိအကျိုးပြုအဏုဇီဝပိုးကောင်ရေအလွန်ကျဆင်းနေပြီးဆိုးကျိုးပေးနိုင်တဲ့အူတွင်းအဏုဇီဝပိုးကောင်ရေမှာသိသာစွာမြင့်တတ်နေတာတွေ့ရကြောင်းဆိုတယ်။
ဦးနှောက်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိပါတယ်။အူတွင်းအဏုဇီဝပိုးတွေဟာဦးနှောက်ကျန်းမာရေးကိုနည်းအမျိုးမျိုးနဲ့အကျိုးပြုနိုင်ကြောင်းနဲ့အချို့ဘက်တီရီယားမျိုးစိတ်တို့ဟာ၊ဦးနှောက်အာရုံကြောစနစ်မှာအရေးကြီးတဲ့အာရုံကြောဓာတုပစ္စည်းတွေကိုထုတ်လုပ်ပေးဖို့၊ကူညီပေးနိုင်ကြောင်းသုတေသနပြုချက်မှာဆိုတယ်။ဥပမာစိတ်ကျဝေဒနာကိုတိုက်ဖျက်နိုင်တဲ့နျူရိုထရန်မစ်တာ(Neurotransmitters)ဖြစ်တဲ့ဆီရိုတိုနင်(Serotonin)ကိုအူလမ်းကြောင်းမှအဓိကထုတ်လွှတ်ပေးပါတယ်။အူလမ်းကြောင်းဟာသန်းနဲ့ချီတဲ့အာရုံကြောတွေကတစ်ဆင့်၊ဦးနှောက်နဲ့ဆက်သွယ်ထားလို့အူတွင်းအဏုဇီဝပိုးတွေဟာဦးနှောက်နဲ့အာရုံကြောကိုအကျိုးသက်ရောက်မှုများစွာရှိစေနိုင်ပါတယ်။စိတ်ဝေဒနာအမျိုးမျိုးရှိသူတို့ကိုလေ့လာမှုပြုထားတဲ့သုတေသနတွေမှာကျန်းမာရေးတို့နဲ့နိူင်းယှဉ်ကြည့်ပါက၊သူတို့ရဲ့အူအတွင်းမှာကွဲပြားနေတဲ့ဘက်တီးရီးယားမျိုးစိတ်အမျိုးမျိုးရှိကြောင်းဖော်ပြထားတယ်။ဒါကြောင့်အူအတွင်းအဏုဇီဝပိုးတွေဟာ၊ကိုယ်ခန္ဓာရဲ့အရေးကြီးလုပ်ဆောင်မှုတွေနဲ့လူ့ကျန်းမာရေးကိုလွှမ်းမိုးသက်ရောက်နိုင်တာကိုတွေရှိရပါတယ်။
လူ့အပြုအမူအပေါ်အကျိုးသက်ရောက်စေပါတယ်။အူတွင်းအဏုဇီဝပိုး၊အကျိုးပြုဘက်တီးရီးယားတွေဟာစိုးရိမ်ပူပန်မှုလိုစိတ်ကျန်းမာရေးပြဿနာအချို့ကိုလျော့နည်းစေဖို့ဗဟိုအာရုံကြောစနစ်အပေါ်အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုများရှိတယ်။တိရစ္ဆာန်များကိုသုံးပြီး၊သုတေသနပြုချက်အရစိုးရိမ်ပူပန်မှုနဲ့ဆက်နွှယ်တဲ့အပြုအမှုများနဲ့စိတ်ဖိစီးမှုကိုတုံ့ပြန်မှုတို့အပေါ်အကျိုးသက်ရောက်မှုရှိကြောင်းတွေရှိခဲ့ကြပါတယ်။
လူ့အကျိုးပြုအူတွင်းအဏုဇီဝပိုးများပွါးများတိုးတတ်ကောင်းမွန်လာစေဖို့အစာအမျိုးမျိုးဝအောင်စားသင့်ပါတယ်။အစားအစာအမယ်စုံအောင်စားခြင်းကအစာအိမ်အူလမ်းကြောင်းကျန်းမာရေးကိုအထောက်ကူပြုနိုင်ပါတယ်။ပဲမျိုးနွယ်အပင်များပဲမျိုးစုံနဲ့သစ်သီးတွေမှာအမျှင်များစွာပါဝင်ပြီး၊ကျန်းမာရေးအထောက်ကူပြု၊ဘိုဗီဒိုဘက်တီရီယား(Bifidobacteria)ပွါးများမှုကိုအားပေးပါတယ်။အချဉ်ဖောက်ထားတဲ့အစာဒိန်ချဉ်နဲ့ဟင်းရွက်ချဉ်လိုအစားအားလုံးမှာကျန်းမာရေးအထောက်ကူပြုဘက်တီးရီးယားဥပမာလက်ကိုဘယ်စလိုင်း(Lactobacilli)များစွာပါဝင်ပြီး၊ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားပိုးမျိုးစိတ်ကိုလျော့နည်းစေနိုင်တယ်။အချိုခဲ(သို့)အချိုရည်အတုများအကန့်အသက်နဲ့သာစားသောက်သင့်ပါတယ်။အချိုရည်အတုတွေဟာအူလမ်းကြောင်းဘက်တီးရီးယားကိုဆိုးကျိုးပေးတယ်။ပရိုဘိုင်အိုတစ်(probiotics)ကို့အထောက်ကူပြုတဲ့အစာတွေကဂေါ်ဖီထုပ်၊ငှက်ပျောသီး၊ပန်းသီး၊ကညွှတ်စားသင့်ပါတယ်။။