အင်္ဂလန်လက်ရွေးစင်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဘော့စနီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲကို နယူးကာဆယ်အသင်း၏ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းတွင် ကစားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါခြေစမ်းပွဲအတွက် အသေးစိတ်အချက်အလက်များကို အတည် ပြုရခြင်းမရှိသေးသော်လည်း ဇွန်(၃)ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယူရို- ၂၀၂၄ မတိုင်မီ နောက်ဆုံးခြေစမ်းပွဲဖြစ်မည်ဟု သိရသည်။
အင်္ဂလန်လက်ရွေးစင်အသင်းသည် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ ၂၀၀၅ ခုနှစ်တွင် နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သောကြောင့် နှစ်ပေါင်း(၂၀)နီးပါးကြာမှ ယင်းကွင်းတွင် ပြန်လည်ကစားခြင်းလည်းဖြစ်သည်။
အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့်တွင် ရင်ဆိုင်ရမည့် ဆားဘီးယား၊ ဆလိုဗေးနီးယားတို့နှင့်ပွဲများအတွက် ပြင်ဆင်ရန် ၎င်းတို့နှင့် ကစားဟန်ချင်းနီးစပ်သော ဘော့စနီးယားအသင်းနှင့် ခြေစမ်းကစားခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယင်းပွဲမှာ ချန်ပီယံလိဂ်၊ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲများနှင့် နီးကပ်နေသောကြောင့် အင်္ဂလန်ကစားသမားများ လူစုံပါဝင်နိုင်ရန် မသေချာကြောင်း သိရသည်။