ရီးယဲလ်သို့ ဘာပေ ရောက်လာမည်ဟု ယုံကြည်ကြောင်း လာလီဂါဥက္ကဋ္ဌ ပြောကြား

ရီးယဲလ်သို့ ဘာပေ ရောက်လာမည်ဟု ယုံကြည်ကြောင်း လာလီဂါဥက္ကဋ္ဌ ပြောကြား
Photo: La Liga
Photo: La Liga
Published 1 February 2024

လာလီဂါဥက္ကဋ္ဌ တီဘက်စ်က PSG တိုက်စစ်မှူး ဘာပေအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေသည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ကာလရှည် ချိတ်ဆက်နေသူဖြစ်သည်။

PSG အသင်းနှင့် ချုပ်ဆိုထားသည့် ဘာပေ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့် ၂၀၂၄ နွေရာသီတွင် ၎င်းကို ပြောင်းရွှေ့ ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။

တီဘက်စ်က ''ရီးယဲလ်ကို ဘာပေ ရောက်မယ့်ရာခိုင်နှုန်းက တော်တော်လေးမြင့်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့အမြင်သက်သက်ပါပဲ။ ရီးယဲလ်ကို ဘာပေ ရောက်၊ မရောက်က အသင်းဥက္ကဋ္ဌအပေါ်မှာပဲ မူတည်ပါတယ်။ ရီးယဲလ်မှာ ဘယ်လင်ဟမ်၊ ဗင်နီစီယပ်စ်တို့လို ကြယ်ပွင့်တွေရှိပါတယ်။ ဒါပေမဲ့ ရီးယဲလ်ကို ကစားသမားတိုင်းက သွားချင်နေကြတာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent