လက်ကျန်ရာသီဝက်ခရီးရှည်မှာ လေဗာကူဆင်အနေနဲ့ ဘိုင်ယန်မြူးနစ်ကိုရေရှည်ယှဉ်ပြိုင် ဖို့ခက်ခဲလွန်းနေပြီး သာမန်ထက်ပိုတဲ့ ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့ သန်မာမှုမျိုးကိုတည်ဆောက်နိုင်မှသာ ချန်ပီယံဆုအတွက်မျှော်လင့်ချက်ရှိနိုင်ပါလိမ့်မယ်။ အနီးဆုံးရာသီတွေကို ပြန်ကြည့်ရင်လည်း ဒေါ့မွန်၊ လိုက်ပ်ဇစ်အသင်းတွေဟာ ရာသီဝက်ကာလကျော်အထိ ဘိုင်ယန်မြူးနစ်ကိုချန်ပီယံဆုအတွက် ဖိအားပေးနိုင်ခဲ့ကြပေမယ့် ပွဲစဉ်တွေများလာတာနဲ့အမျှ ဘိုင်ယန်မြူးနစ်ရဲ့ သမ္ဘာ၊ အစဉ်အလာနဲ့ အရည်အသွေးတွေအောက်မှာ ဒူးထောက်အရှုံးပေးခဲ့ရတဲ့ သာဓကတွေရှိနေလို့ လေဗာကူဆင်အနေအတွက် လာမယ့်ပွဲစဉ်တွေဟာ ပိုမိုဖိအားကြီးမားလာမှာသေချာပါတယ်။ ဒါပေမဲ့လက်ရှိလေဗာကူဆင်ရဲ့လက်ရှိရလဒ်၊ စွမ်းဆောင်ရည်မှတ်တမ်းနဲ့ အရည်အသွေးတွေကိုကြည့်ရင်လည်း ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ ပြီးခဲ့တဲ့ရာသီတွေကထက် ပိုမိုရုန်းကန်ရဖို့ရှိနေပြီး၊ မထင်မှတ်ဘဲ အမှားတွေထပ်များခဲ့မယ်ဆိုရင်တာ့ ချန်ပီယံပါရာဒိုင်းအရွေ့က ဘာမဆိုဖြစ်သွားနိုင်တာအမှန်ပါ။ လေဗာကူဆင် -ဘိုင်ယန်မြူးနစ် ချန်ပီယံတိုက်ပွဲအသစ်နဲ့အတူ ဘွန်ဒစ်လီဂါရဲ့ လက်ကျန်ရာသီဝက် အားပြိုင်မှုက ရင်ခုန်သံပိုမြန်စေခဲ့ပါပြီ။
ဘွန်ဒစ်လီဂါရဲ့ ချန်ပီယံတိုက်ပွဲအသစ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။