ချန်ပီယံဆုလိုချင်ရင် တိုက်စစ်မှူးတစ်ဦး မဖြစ်မနေခေါ်ယူရမယ့် အာဆင်နယ်

ချန်ပီယံဆုလိုချင်ရင် တိုက်စစ်မှူးတစ်ဦး မဖြစ်မနေခေါ်ယူရမယ့် အာဆင်နယ်
Photos: X
Photos: X
Published 24 January 2024
AK

အာဆင်နယ်ရဲ့တိုက်စစ်ပြဿနာက ကြာနေပါပြီ။ အူဘာမီယန်း ရုတ်တရက်ခြေစွမ်းကျဆင်းပြီးနောက်ပိုင်း အာဆင်နယ်တိုက်စစ်မှာ ဂုဏ်ရည် မြင့်အဆုံးသတ်သမား မရှိဘူး။ ဂွါဒီယိုလာဆီကနေ အများကြီးသင်ယူခဲ့တဲ့ အာတီတာက တိုက်စစ်ကို ဂွါဒီယိုလာရဲ့အတွေးဟောင်းအတိုင်း ကျင့်သုံးနေတယ်။ အဂွဲရိုးလိုအဆုံးသတ်သမားကောင်းကို ချောင်ထိုးပြီး ဖိုဒန်၊ ဂျေးဇူး၊ မာရက်ဇ်တို့နဲ့ တိုက်စစ်မှူးစစ်စစ်မပါတဲ့ အခင်းအကျင်းကို ဂွါဒီယိုလာ မက်မက်စက်စက်သုံးခဲ့သလိုမျိုး အာဆင်နယ်မှာ အာတီတာကျင့်ကြံနေတာပါပဲ။ အဆုံးသတ်သမား ကောင်းတစ်ဦး လိုအပ်တယ်ဆိုတာ ပြီးခဲ့တဲ့ရာသီမှာကတည်းက အာတီတာသိခဲ့ပေမယ့် မဖြည့်ဆည်းနိုင်ခဲ့ဘူး။ သူ့စိတ်ထဲပိုအရေးကြီးတယ်ထင်တဲ့ ကွင်းလယ်ကိုအားဖြည့်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီအတိုင်း တိုက်စစ်ကိုသွားနိုင်တယ်လို့ ယုံကြည်စိတ်လွန်ကဲခဲ့တယ်။ ဂျေးဇူးဒဏ်ရာရပြီးနောက် အန် ကယ်တီယာနဲ့ ဖရိုဖရဲဖြစ်ခဲ့တာ မေ့ထားခဲ့တယ်။ ရာသီဝက်အလွန်မှာ မာတင်နယ်လီ စွမ်းရည်ကျသွားတာ မေ့ထားခဲ့တယ်။ နောက်ဆုံးသူ ကိုးကွယ်တဲ့ ဂွါဒီယိုလာက ဟာလန်းကောင်းမှုအကြောင်းပြုပြီး ဂန္ထဝင်ဖလားသုံးလုံး ယူပြနေလည်း အာတီတာ သတိမဝင်ခဲ့ဘူး။

 

Most Read

Most Recent