ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကျပ် ၃၀ ဘီလျံခန့်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို နှစ်တန် ဖမ်းဆီးရမိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကျပ် ၃၀ ဘီလျံခန့်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို နှစ်တန် ဖမ်းဆီးရမိ 
Published 23 January 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကျပ် ၃၀ ဘီလျံခန့်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို နှစ်တန် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC MYANMAR) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ နိုင်ဦးမောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် စက္ကူဂျပ်ဖာများနှင့် ဘီယာဖာများ၏အောက်၌ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို(၂)တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ဇော်မျိုးလင်း(ခ)ကိုလင်းအား ရပ်စောက်တိုးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ၊ ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိအိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က သတင်းထုတ်ပြန်သည်။

 

Most Read

Most Recent