မြိတ်မြို့တွင် ဘက်ထရီဆိုင်ကယ်များ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ သုံးဦး ဒဏ်ရာရရှိ

မြိတ်မြို့တွင် ဘက်ထရီဆိုင်ကယ်များ အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ သုံးဦး ဒဏ်ရာရရှိ
Published 22 January 2024

မြိတ်မြို့တွင် ဘက်ထရီဆိုင်ကယ်များအားသွင်းထားရာမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၁ ရက် ညနေ ၅ နာရီခန့်တွင် မြိတ်မြို့ အလယ်ကျွန်းရပ်ကွက် မင်္ဂလာလမ်းရှိ ဦးမင်းဇော် (၅၃ နှစ်)၏ နေအိမ်တွင် ဘက်ထရီဆိုင်ကယ်များ အားသွင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်ရှစ်စီးနှင့် ရေသယ်ယာဉ်များစွာဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဘက်ထရီဆိုင်ကယ် ငါးစီး၊ ရေခဲသေတ္တာတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဦးမင်းဇော်၏သားကြီးဖြစ်သူ ကိုမင်းစည်သူ (၂၀ နှစ်)၊သားငယ်ဖြစ်သူ ကိုထွန်းမင်းပိုင် (၁၉ နှစ်)နှင့် မီးငြိှမ်းသတ်ရာတွင် လာရောက်ကူညီပေးသူ ဦးမြင့်သောင်း (၄၀ နှစ်)တို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) အသီးသီးရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုပေးထားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent