၂၀၂၄ ခုနှစ်အတွက် အမေရိကန်ဒေါ်လာနှင့် ပတ်သက်သည့် မေးခွန်းများ

၂၀၂၄ ခုနှစ်အတွက် အမေရိကန်ဒေါ်လာနှင့် ပတ်သက်သည့် မေးခွန်းများ
Published 21 January 2024
ရွှေသင် (MPP)

■ ''၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းမည်လား''

အမေရိကန်ဒေါ်လာ အသုံးပြုမှုသည်ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးကြီးထွားလာမှုနှင့်ပိုမိုပြင်းထန်သော ပထဝီဝင်နိုင်ငံရေးအခြေအနေများကို ရင်ဆိုင်လာရသည့်အချိန်တွင် နိုင်ငံရပ်ခြားတိုင်းပြည်များမှ ဗဟိုဘဏ်များသည် ၎င်းတို့ကိုင်ထားသော၊ နိုင်ငံခြားအရန်ငွေ ဒေါ်လာ အရန်ငွေကြေးပတ်သက်၍စဉ်းစားလာကြသည်။ ဖြစ်ပေါ်လာသောအကျိုးဆက်မှာ ၎င်းတို့၏ အမေရိကန်ဒေါ်လာ အရန်ငွေကြေးပမာဏ    သိသိသာသာ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်ဒေါ်လာအနေဖြင့် ၁၉၉၀ ပြည့်နှစ်များကကဲ့သို့ အရှိန်အဟုန်ကောင်းကောင်းဖြင့် အထွတ်အထိပ်ရောက်ရှိနေသည့် ကာလမျိုးမဟုတ်တော့သော်လည်း  အရန်ငွေကြေးအဖြစ် အလုပ်ဖြစ်နေသေးသည်ဟု သုံးသပ်ကြသည်။ ဒေါ်လာဈေးနှုန်းကျဆင်းမှုသည် တစ်ရှိန်ထိုးကျဆင်းနေခြင်းမဟုတ်ဟု လေ့လာသူအများက ရှုမြင်သည်။  မသေချာ မရေရာဖြစ်နေသည့် ကမ္ဘာ့စီးပွားရေး၊ မတည်ငြိမ်သော ကုန်သွယ်ရေးအခြေအနေများနှင့်အတူ ဒေါ်လာငွေကြေး၏ ကံကြမ္မာသည်  အခြေအနေအမျိုးမျိုးဖြစ်သွားနိုင်သည်။ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာငွေကြေး၏ အခြေအနေ မည်သို့ဆက်လက် ဖြစ်ပေါ်လာမည်ကို မှန်းဆရ ခက်ခဲနေစဉ်မှာပင် လေ့လာသုံးသပ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။        

■ ''အမေရိကန်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချမှု ပြုလုပ်နိုင်သလား''

နိုင်ငံတကာသတင်းဌာန ရိုက်တာ၏ လေ့လာမှုစစ်တမ်းများအရ မကြာသေးမီက ပြုလုပ်ခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ၂၀၂၄ ခုနှစ် အတွင်း ဒေါ်လာငွေကြေးနှင့်ပတ်သက်၍ အရိပ်အမြွက်သတင်းစကားထွက်ပေါ်လာသည်။ ငွေကြေးဖောင်းပွမှုကျဆင်းလာခြင်းသည် ချေးငွေကုန်ကျစရိတ် မြင့်တက်မှု ဖြတ်တောက်ရန် မီးစိမ်းပြလာခြင်းဖြစ်သည်။ ယခင်ကာလက မြှင့်တင်ခဲ့သော အတိုးနှုန်းများ အဆုံးသတ်မည့်အခြေအနေဖြစ်လာဖွယ်ရှိသည်ဟု ဥက္ကဋ္ဌ ဂျရွန်းပါဝဲလ်( Jerome Powell) ၏ အသံ ပေါ်ထွက်လာခြင်းဖြစ်သည်။ ငွေကြေးချေးငှားသူများအတွက် သတင်းကောင်းအဖြစ် ကြားနေချိန်တွင် ပြန်ရချက်မြင့်မားမှုများကို ရှာနေကြသော ရင်းနှီးမြှုပ်နှံသူများ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ထိုအခြေအနေများသည် ဒေါ်လာတန်ဖိုးကျဆင်းမှုကို အရှိန်ရလာစေသည်။ နိုင်ငံခြားငွေကြေး နှင့်ပတ်သက်၍ မဟာဗျူဟာမြောက်ကျွမ်းကျင်သူများ၏ သဘောထားများကိုလေ့လာကြည့်သောအခါ ရိုက်တာ၏ လေ့လာမှုစစ်တမ်းကေ ဖာ်ပြထားသည့်ရလဒ်များ အပေါ် အများစုသဘောတူကြသည်ကိုသတိပြုမိသည်။  

 ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ သတင်းဌာန ဘလွန်းဘာ့ဂ် (Bloomberg) ၏အဆိုအရ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများသည် ၂၀၂၂ ခုနှစ်မှစ၍ နှစ်နှစ်ကြာအောင် အခက်အခဲများကို ပြင်းပြင်းထန်ထန်ခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်အတွက်လည်း ခံနိုင်ရည်ရှိစေရန်အတွက် ဒေါ်လာနှင့် ပတ်သက်၍ ပြင်ဆင်မှုများ ပြုလုပ်နေကြသည်သိရသည်။ ဂိုးလ်မန်းဆာ့ချ်၏ စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူ အစ်စဘဲလား ရိုစန်ဘာ့ဂ် (Isabella Rosenberg) ၏ အဆိုအရ အမေရိကန်စီးပွားရေးသည် ခန့်မှန်းထားသည်ထက် ပိုမိုလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားခြင်းသည် ဒေါ်လာဝယ်လိုအား မြင့်မားလာစေခြင်းသဘောဖြစ်သည်။      ရိုစန်ဘာဂ့်က ထိုဖြစ်လာရန်မှာ အကြောင်းပြချက်ကောင်းရှိကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်စီးပွားရေးတိုးတက်မှုခန့်မှန်းချက် ၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး လွန်ခဲ့သောနှစ်က ခန့်မှန်းချက်ထက်ပိုသည့် အခြေအနေရှိကြောင်း ထောက်ပြထားပြီး ဥရောပဒေသနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးတိုးတက်မှု နှေးကွေး ခြင်း၏ အကြောင်းနှင့်ပတ်သက်၍လည်း နိုင်ငံဖြတ်ကျော်ရန်ပုံငွေများ အမေရိကန်သို့ စီးဆင်းနေသည်ကိုမြင်တွေ့ရခြင်းမှာ အံ့သြစရာမဟုတ်ကြောင်းလည်း ၎င်းက    ပြောထားသည်။

■ ''ဘရစ် (BRICS) အုပ်စုနိုင်ငံများ အမေရိကန်ကို စိန်ခေါ်နိုင်မှာလား''     

ယူကရိန်းဒေသနှင့် အရှေ့အလယ်ပိုင်းဒေသမှ စစ်ပွဲများ၊ သဘောထားကွဲလွဲနေသည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား  မတည်ငြိမ်သော ဆက်ဆံရေးများနှင့်အတူ  ၂၀၂၄ ခုနှစ်သည်လည်း တည်ငြိမ်မှုမရှိသည့် နှစ်တစ်နှစ် ဖြစ်လိမ့်မည်ဟု မှန်းဆနေကြသည်။ ဘရစ်အုပ်စုနိုင်ငံများ၏ အမေရိကန်ကို ယှဉ်နိုင်ရေး အားထုတ်မှုများသည်လည်း ခပ်စိပ်စိပ်ဖြစ်လာသည်။ စျေးကွက်သတင်းအချက် ဒေတာဝက်ဘ်ဆိုဒ် Barchart ရေးသားသူ အန်ဒရူးဟတ်( Andrew Hecht) က ၂၀၂၄ ခုနှစ်တွင် ဒေါ်လာတန်ဖိုးသည် ဘရစ်အဖွဲ့ဝင်များ ကြီးထွားလာမှု၊ ရုရှားနှင့် တရုတ်ကြား ပိုမိုနီးကပ်စွာပြန်လည်မိတ်ဖွဲ့လာမှု အပါအဝင်  ပထဝီနိုင်ငံရေးဆိုင်ရာဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပေါ်နေမည်ဟု ထောက်ပြခဲ့သည်။  

မကြာသေးမီက ပြုလုပ်သည့် BRICS အုပ်စုအဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးတစ်ခု၌  ရုရှားသမ္မတ ပူတင်က ဒေါ်လာအသုံးပြုမှုလျှော့ချသည့်အခြေအနေသည် အရှိန်ရနေပြီဟု ဆိုခဲ့သည်။ ကမ္ဘာ့နိုင်ငံရေးပါဝါသည် အမေရိကန်နိုင်ငံမှ တဖြည်းဖြည်း ရွေ့လျားလာနေချိန်တွင် ဒေါ်လာနေရာတွင် အခြားငွေကြေးတစ် မျိုအစားထိုးသုံးစွဲရန် အားထုတ်လာ ခြင်းသည် ရှောင်လွှဲ၍ မရနိုင်သော သို့မဟုတ် မှန်းဆ၍ မရနိုင် သော အခြေ အနေ ဖြစ်သည်။ ရုရှားနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး ငွေကြေး ပေးချေးမှု များတွင်လည်း  ရာခိုင်နှုန်း ၈၀ ခန့်ကို   ရုရှားပြည်တွင်းငွေကြေး ရူဘယ် သို့မဟုတ် တရုတ်ငွေ ကြေး ယွမ်ငွေဖြင့် အသုံးပြုနေကြပြီဖြစ်သည်။

ဘရစ်အုပ်စု နိုင်ငံများကြားတွင် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးကိစ္စများ၌  ပြည်တွင်း ငွေကြေးများကို ပိုမို အသုံးပြု နိုင်ရေး  လုပ်ဆောင်နေကြ၏။ သို့သော်အဖွဲ့ဝင် တစ်နိုင်ငံချင်း၏ မတူညီသော ဗဟိုဘဏ်မူဝါဒများကြောင့် အခက်အခဲများလည်းဖြစ် ပေါ်နေသည်။    

ထိုကဲ့သို့အခြေအနေများကြောင့် အမေရိကန်ဒေါ်လာသည် စိန်ခေါ်မှုများရှိလာနေသည့်တိုင် ငွေကြေးဘုရင်အဖြစ် ဆက်လက်တည်ရှိနေဦးမည် ဟုကျွ မ်း ကျင်သူများက အခိုင်အမာပြောကြသည်။ မက်ခရိစီးပွားရေးအကြံပေး၊ သုံးသပ်သူ ခရစ်ဝေဖာ (Chris Weafer) က အယ်ဂျာဇီးယား (Al Jazeera)  သတင်းဌာနနှင့် အင်တာဗျူးရာ၌ ဘရစ်အုပ်စုအဖွဲ့ဝင်နိုင်ငံများသည် ဘုံငွေကြေးတစ်ရပ်ကို ဖန်တီးခဲ့နိုင်သည့်တိုင် ဒေါ်လာကို ကျော်လွှားနိုင်ရေးအတွက် ဆယ်စုနှစ်များစွာအား ထုတ်နေရဦးမည်ဟု မှတ်ချက်ပေးထားသည်။ ဒေါ်လာငွေကြေးနှင့် ယှဉ်နိုင်ရေးမှာ ဥရောပဒေသ၏ "ယူရိုငွေကြေး” ကြုံတွေခဲ့သည့် အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းနေကြ၏။   

■ ''တရုတ်ငွေကြေးယွမ်သည် အမေရိကန်ဒေါ်လာကို ကျော်တက်မည်လား''

၂၀၂၄ ခုနှစ်တွင်တရုတ်ငွေကြေးယွမ် အားကောင်းလာလိမ့်မည်ဟူသောအချက်ကို လက်ခံသူအများအပြားရှိနေသည်။ ကုန်သွယ်ရေးပြုလုပ်သူများနှင့်လေ့လာသုံးသပ်သူ ၁၇ ဦးက သုံးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ယွမ်ငွေကြေး တန်ဖိုးတက်လာမည်ဟူသော ခန့်မှန်းချက်ကို ဘလွန်းဘတ်တွင်ဖော်ပြထားသည်။ ဘဏ္ဍာရေးအကြံပေးလုပ်ငန်း ကမ္ဘာ့ထိပ်တန်းအုပ်စု ဒီဗီရာဂရု (deVere   Group) ၏ စီအီးအိုဖြစ်သူ နိုင်ဂျဲဂရင်း (Nigel Green) က  ဟောင်ကောင် အခြေစိုက်သတင်းမီဒီယာအုပ်စု အေးရှားတိုင်းစ် (Asia Times) နှင့် တွေ့ဆုံစဉ် နိုင်ငံတကာဘဏ္ဍာရေးအပြောင်းအလဲ အခင်းအကျင်းတွင် ယွမ်ငွေကြေးသည် ကနဦးရှေ့ပြေးအနေဖြင့် ပေါ်ထွက်လာပြီး နိုင်ငံဖြတ်ကျော်သုံးစွဲမှုတွင်လည်း  အရှိန်ရကာ ဆက်လက်တည်ရှိနေမည်ဟု ၎င်း၏ အမြင်သဘောထားကို ထည်သွင်းပြောကြားထားသည်။  

ယွမ်ငွေကြေးကို နိုင်ငံတကာနယ်ပယ်တွင်  အသုံးပြုမှု အရှိန်မြင့် တက် လာစေ သည့်  နောက်ကွယ်အကြောင်းတရားမှာ  ပထဝီ နိုင်ငံ ရေး အပြောင်း အလဲ ဖြစ် သည်။ မကြာသေးမီနှစ်များအတွင်းဖြစ်ခဲ့သည့်ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့်    နိုင်ငံ များနှင့် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ငွေကြေးပိုင်ဆိုင်မှု၊ သုံးစွဲမှုများနှင့် ပတ် သက် ၍ စဉ်းစားရမည့်အခြေအနေ ဖန်လာခဲ့သည်။ တရုတ်နိုင်ငံဈေးကွက်က ကမ်းလှမ်းလာသည့် အခွင့်အလမ်းများသည်လည်း “ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ယခင်ကထက် ပိုမိုဆွဲဆောင်မှုရှိလာနေသည်။ ထိုအကြောင်းရင်းများသည်လည်း ယွမ်ငွေကြေးကို နိုင်ငံတာငွေကြေးပေးချေးမှုများတွင် ပိုမိုအသုံးပြု နိုင်ရေး လှုံ့ဆော်ပေးသကဲ့သို့ဖြစ်လာခဲ့သည်။ ယွမ်ငွေကြေးကို နိုင်ငံဖြတ်ကျော်အသုံးပြုနိုင်ရေး အားထုတ်မှု၌  ဒစ်ဂျစ် တယ် ငွေကြေး ဆန်းသစ်တီထွင်မှုနှင့်အတူ အပြုသဘောဆောင်သော ချဉ်းကပ်မှုများလည်းရှိခဲ့သည်။  ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (Central Bank Digital Currency-CBDC) စနစ်ဖြင့်အကောင်အထည်ဖော်နေသည့် ဒစ်ဂျစ်တယ်ယွမ် ဖွံ့ဖြိုးတိုးတက်မှုရေး ရှေ့ပြေးလုပ်ဆောင်မှုများသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိ ခဲ့၏။

ဒီဗီရာ ဂရု (deVere Group) ကပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ခုတွင်လည်း တရုတ်နိုင်ငံ၏ Renminbi Liquidity Agreement သည် အဆိုပါသဘောတူညီမှုကို လက်မှတ်ရေးထိုးထားသော နိုင်ငံငါးနိုင်ငံ၏ နိုင်ငံခြားအရန်ငွေများတွင် ယွမ်ငွေပမာဏတိုးမြင့်ထားရှိလာစေအတွက် အထောက်အကူဖြစ်စေခဲ့သည်ဟု   လည်းဖော်ပြထားသည်။ ထိုအခြေအနေများသည် ယွမ်ငွေကြေးသုံးစွဲမှု တွင်ကျယ်လာရေးနှင့် ခိုင်မာလာစေရေးအတွက် တရုတ်နိုင်ငံအားထုတ်မှုများထဲမှ အချို့သာဖြစ်ပေသည်။  

■ ''ကျွမ်းကျင်သူများက ဒေါ်လာဈေးကျဆင်းမည်ဟု ထင်ကြပါသလား''

လေ့လာသုံးသပ်သူများကြားတွင် ဒေါ်လာငွေကြေးအနာဂတ်နှင့်ပတ်သက်၍ သိသာထင်ရှားသော သဘောတူညီမှု မရှိပေ။ အချို့သော ရင်းနှီးမြုပ်နှံမှုဘဏ်များသည်   ဒေါ်လာ ငွေ ကြေးခိုင်မာမှုနှင့် ပတ်သက်၍ ထင်မြင်ချက်များ၊ အလောင်း အစား လုပ် နေကြ သော်လည်း   အချို့ကမူ ထိုအခြေအနေများနှင့် ဆန့်ကျင်သည့်သဘောထားများ ရှိနေကြသည်။ 

ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ဥရောပ၏ ဦးဆောင်ကုမ္ပဏီ အမွန်ဒီ (Amundi) ၏ မှန်းဆချက်တွင် ၂၀၂၄ ခုနှစ်အတွင်း ယူရိုငွေနှင့် ယှဉ်ပါက ဒေါ်လာတန်ဖိုး ကျဆင်းနိုင်သည်ဟုဆိုထားသည်။ အမေရိကန်ဘဏ်၊ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှု အကြီးတန်း မန်နေဂျာ ရော့ဘ်ဟော့သ် (Rob Haworth) ကလည်း အကယ်၍ အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းမြင့်တက်မှုကို  ဆက်လက်ထိန်းထားခဲ့မည်ဆိုလျှင် ဒေါ်လာ၏ ဆွဲဆောင်မှုအပေါ် ကုန်သွယ်ရေးကဏ္ဍရှိ စီးပွားရေးသမားများ   စိတ်ဝင်စားမှု နည်းပါး သွားလိမ့်မည် ဟု သတိပေးထား သည်။ ထိုအခြေအနေ ကြောင့်ပင် ဒေါ်လာ ဝယ် လို အားကို အန္တရာယ်ဖြစ်စေကာ ယူရိုငွေ အပါအဝင်အခြားငွေကြေးများ နှင့် ယှဉ်ပါက ဒေါ်လာ ငွေကြေးလုပ်ဆောင် မှုအားပျော့ လာ ပေလိမ့်မည်ဟုဆိုသည်။ 

■ ''၂၀၂၄ ခုနှစ်တွင် ဒေါ်လာတန်ဖိုး  ဆက်လက်ခိုင်မာနေမည်လား''   

၂၀၂၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ၏ကံကြမ္မာသည်စီးပွားရေး၊ ပထဝီဝင် နိုင်ငံရေး နှင့်ငွေကြေးဆိုင်ရာအချက်များနှင့်ရှုပ်ထွေးလျက်ဆက်စပ်မှုများရှိနေလိမ့်မည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်းပါဝဲလ် အရိပ်အမြွက်ပြောခဲ့သည့် အတိုင်း ဗဟိုဘဏ်၏ အတိုးနှုန်း လျှော့ချမှုဆုံးဖြတ်လာနိုင်ခြေသည် ဒေါ်လာတန်ဖိုးကို ဆက်လက်ကျဆင်းစေလိမ့်မည်။ မက်ခရိုစီးပွားရေးမဟာဗျူဟာ သမားဖြစ်သည့် အစ်စဘဲလား ရိုဆန်ဘာ့ဂ်( Isabella Rosenberg) ကဲ့သို့ကျွမ်းကျင်သူအချို့ကမူ ခန့်မှန်းချက်များကိုကျော် လွန်ကာပြန် လည်ကောင်းမွန် လာ မည့် အမေရိကန်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်မှုသည် ဒေါ်လာအခြေအနေကို ပံ့ပိုးပေးနိုင်သည်ဟုလည်းဆိုထားသည်။ 

ပထဝီနိုင်ငံရေးအရွေ့များ၊ အထူးသဖြင့် ဘရစ် (BRICS) အုပ်စုအဖွဲ့ဝင်နိုင်ငံများလှုပ်ရှားမှု အားကောင်းလာခြင်းနှင့် နိုင်ငံတကာငွေကြေးပေးချေမှုများတွင် တရုတ်ယွမ်ငွေကို တိုးမြှင့်အသုံးပြုလာခြင်းသည် အမေရိကန်ဒေါ်လာကို စိန်ခေါ်နေမည်မှာ သေချာ၏။ သို့သော် နိုင်ငံတကာငွေကြေးစင်မြင့်ပေါ်တွင် အမေရိကန် ဒေါ်လာကို အလဲထိုးအနိုင်ရယူရေးမှာမူ ဆယ်စုနှစ်များစွာ ဝေးကွာနေသေးသည်ဟု လေ့လာသူများက ရှုမြင်သည်။  

ယူကရိန်းဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပေါ်နေသောတင်းမာမှုများ၊ သဘောထားကွဲလွဲလျက်ရှိသည် အမေရိကန်သမ္မတရွေးကောက်ပွဲ၊ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးမရေရာမှုများနှင့် အခြေအနေအရပ်ရပ်အပေါ်တွင် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေရာ ဒေါ်လာငွေကြေးနှင့်ပတ်သက်သည့်  ခန့်မှန်းမှုများပြုလုပ်ရေးမှာပင် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနေသည်။

အချုပ်ဆိုရပါလျှင် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာငွေကြေး၏ အခြေအနေအရပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်မှုများနှင့် ပေါ်လစီ ဆုံးဖြတ်ချက်များပေါ်တွင် မူတည်နေပေလိမ့်မည်။  

 https://www.devere-group.com/ 

 

Most Read

Most Recent