ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀) ဖြင့် ခေါ်ယူရန် မန်ယူအသင်း အသင့်ရှိ

ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀) ဖြင့် ခေါ်ယူရန် မန်ယူအသင်း အသင့်ရှိ
Photo : Getty Images
Photo : Getty Images
Published 18 January 2024

မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀) ဖြင့် ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့် ၂၀၂၄ နွေရာသီတွင် PSG တိုက်စစ်ကစားသမား ဘာပေအား ခေါ်ယူရန်အတွက် အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ရောင်းချကာ ငွေရှာရန် ဆန္ဒရှိနေကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ တွင် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘာပေအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော်လည်း တစ်ပတ်လစာ ပေါင် (၆၀၀၀၀၀) ပေးချေရမည်ဖြစ်သလို၊ စာချုပ်လက်မှတ်ထိုးကြေး ပေါင်သန်း (၁၅၀) ပေးရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေကို ခေါ်ယူနိုင်ရန်အတွက် ဗင်နီစီယပ်စ်(၂၃ နှစ်)ကို ရောင်းချလိုနေခြင်းဖြစ်သည်။

ယင်းအခြေအနေတွင် မန်ယူအသင်းက ဗင်နီစီယပ်စ်၏အခြေအနေကို စောင့်ကြည့်နေပြီး ၂၀၂၄ နွေတွင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၃၀)ဖြင့် ခေါ်ယူရန် အသင့်ရှိနေကြောင်း Goal.com က ဖော်ပြခဲ့သည်။

ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်းတွင် (၆) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၄၁) ပွဲတွင် (၆၈) ဂိုးသွင်းယူထားသည်။ မန်ယူအသင်းသည် ဗင်နီစီယပ်စ်အပြင် ပဲလေ့စ်တိုက်စစ်ကစားသမား အိုလီဆေးကိုပါ ခေါ်ယူရန် ပစ် မှတ်ထားနေကြောင်း သိရသည်။

Most Read

Most Recent