ဘရိုက်တန်အသင်းသည် ချယ်လ်ဆီးအသင်း ပစ်မှတ်ထားနေသည့် အိုင်ယာလန်တိုက်စစ်မှူး အီဗန်ဖာဂူဆန်အတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ရရှိရန် လိုလားနေကြောင်း သိရသည်။
အီဗန်ဖာဂူဆန်(၁၉ နှစ်)သည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၆)ဂိုးသွင်းယူထားပြီး ဘရိုက်တန်အသင်းက ၎င်းကို ၂၀၂၉ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုထားသည်။
သို့သော် ချယ်လ်ဆီးအသင်းက အလားအလာကောင်းများရှိနေသည့် ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ပြီး တရားဝင်ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း သတင်းထွက်နေသည်။
ယင်းအခြေအနေတွင် ဘရိုက်တန်အသင်းက ၎င်းတို့၏ ကစားသမားအား ပေါင်သန်း (၁၀၀)အထက် ရရှိမှသာ ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။















