■ ဆော်ဒီပရိသတ်များ၏ အားပေးမှုကို ကျေးဇူးတင်သည်ဟု ဆီမြွန်နီ ဆို

■ ဆော်ဒီပရိသတ်များ၏ အားပေးမှုကို ကျေးဇူးတင်သည်ဟု ဆီမြွန်နီ ဆို
Photo: Getty Images
Photo: Getty Images
Published 12 January 2024

အက်သလက်တီကိုမက်ဒရစ်အသင်း၏နည်းပြ ဆီမြွန်နီက စပိန်စူပါဖလားပြိုင်ပွဲတွင် ဆော်ဒီပရိသတ်များ၏ အားပေးမှုကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။ 

စပိန်စူပါဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို ဆော်ဒီနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကို အသင်းသည် ရီးယဲလ်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ 

သို့သော် အက်သလက်တီကိုနည်းပြ ဆီမြွန်နီက "အာရပ်ပရိသတ်တွေရဲ့အားပေးသံကို ကြားရတာ အရမ်းပျော်စရာကောင်းပါတယ်။ ဒီလိုအားပေးမှုအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent