■ ဘန်ဇီမာကို အာဆင်နယ်အသင်း ခေါ်ယူသင့်ဟု အာစင်ဝင်းဂါး ဆို

■ ဘန်ဇီမာကို အာဆင်နယ်အသင်း ခေါ်ယူသင့်ဟု အာစင်ဝင်းဂါး ဆို
Photo: Getty Images
Photo: Getty Images
Published 12 January 2024

အာဆင်နယ်အသင်း၏ နည်းပြဟောင်း အာစင်ဝင်းဂါးက ဆော်ဒီလိဂ်မှ ထွက်ခွာရန် စီစဉ်နေသည့် ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို အာဆင်နယ်အသင်း ခေါ်ယူသင့်သည်ဟု အကြံပြုပြောကြားခဲ့သည်။ 

ဘန်ဇီမာ(၃၆ နှစ်)သည် အယ်လ်အစ်တီဟတ်အသင်းတွင် ရုန်းကန်နေရသည့်အတွက် ဥရောပသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

အာစင်ဝင်းဂါးက ဘန်ဇီမာသည် ဥရောပဘောလုံးလောကတွင် ခြေစွမ်းပြနိုင်မည့်သူဟု ဆိုခဲ့သည်။ 

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းတွင် ယခုရာသီပြိုင်ပွဲစုံ (၂၄) ပွဲတွင် (၁၅) ဂိုးသွင်းယူထားသည်။ 

သို့သော် ၎င်းသည် အသင်းတွင် အဆင်မပြေဖြစ်နေသလို၊ အသင်းပရိသတ်အချို့၏ လှောင်ပြောင်မှုကိုလည်း ခံခဲ့ရကြောင်း သိရှိရသည်။ 

Most Read

Most Recent