အိုင်ဗရီကို့စ် - ဂီနီဘစ်ဆော (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် နံနက် ၂:၃၀ နာရီ)
ပြိုင်ပွဲအိမ်ရှင်ဖြစ်တဲ့ အိုင်ဗရီကို့စ်အသင်း အသေအချာပြင်ဆင်ထားလိမ့်မယ်။ ဇာဟာ၊ ကော်နတ်၊ ဘာယီတို့ကို မရွေး ချယ်ထားပေမဲ့ အိုင်ဗရီကို့စ်လူစာရင်းက အထိုက်အလျောက်တောင့်တင်းပါတယ်။ ဒီနှစ်သင်းက ဆယ်စုနှစ်နှစ်ခုကျော်ကြာမှ ပြိုင်ပွဲအဆင့်မှာ ပြန်လည်ဆုံတွေ့တာပါ။ အိုင်ဗရီကို့စ်ကိုပဲ ရွေးချယ်ချင်တယ်။















