ခြေစွမ်းပြနေသည့် တောင်ပံတိုက်စစ်ကစားသမား လီယွန်ဘိုင်လေအား စာချုပ်သစ်ချုပ်ဆိုရန် အက်စတွန်ဗီလာအသင်း စီစဉ်

ခြေစွမ်းပြနေသည့် တောင်ပံတိုက်စစ်ကစားသမား လီယွန်ဘိုင်လေအား စာချုပ်သစ်ချုပ်ဆိုရန် အက်စတွန်ဗီလာအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 6 January 2024

 

အက်စတွန်ဗီလာအသင်းသည် အသင်းတောင်ပံတိုက်စစ်ကစားသမား လီယွန်ဘိုင်လေအား စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဂျမေကာလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား  ဘိုင်လေသည် ယခုရာသီတွင် အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၆ ပွဲတွင် ကိုးဂိုးသွင်းကာ ဂိုးဖန်တီးမှု ရှစ်ကြိမ် ပြုလုပ်ထားသည်။ 

အက်စတွန်ဗီလာ အသင်းနှင့် ချုပ်ဆိုထားသည့် ဘိုင်လေ၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် အက်စတွန်ဗီလာအသင်းသည် ၎င်းကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။ 

ဘိုင်လေသည် လက်ရှိတွင် အက်စတွန်ဗီလာအသင်း၌ တစ်ပတ်လစာ ပေါင် ၁၀၀၀၀၀ ရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုမည်ဆိုပါက အသင်းတွင် ထိပ်တန်းလစာရသူဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent