လူဂို - အက်သလက်တီကို (မြန်မာစံတော်ချိန် ဇန်နဝါရီ ၆ ရက် ည ၉:၃၀ နာရီ)
လူဂိုအသင်းက Primera Federaction (တတိယတန်း) မှာကစားနေတဲ့အသင်းပါ။ အက်သလက်တီကိုအနေနဲ့ ဒီပွဲပြီးရင် ရီးယဲလ်နဲ့ ကစားဖို့ရှိလို့ အရန်တွေကိုပဲ ထုတ်သုံးလိမ့်မယ်။ ဒါပေမဲ့ အက်သလက်တီကို ဂိုးပြတ်နိုင်ဖို့များတယ်။
အက်စ်ပန်ညို - ဂီတာဖေး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၆ ရက် ည ၁၀:၃၀ နာရီ)
ဆီဂန်ဒါကလပ် အက်စ်ပန်ညိုအသင်းမှာ ဘရေ့ဝိတ်၊ ကီတာဘယ်လ်ဒီတို့လို ကစားသမားတွေတော့ ကျန်နေသေးတယ်။ အဝေးကွင်းကစားရမှာဖြစ်ပေမဲ့ ဂီတာဖေး ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
အလာဗတ်စ် - ဘက်တစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၇ ရက် နံနက် ၁:၃၀ နာရီ)
ဘုရင့်ဖလား(၃၂)သင်းအဆင့်မှာ တစ်ပွဲတည်းသော လာလီဂါအသင်း အချင်းချင်းတွေ့ဆုံမှုဖြစ်ပြီး အခုရာသီ လာလီဂါတွေ့ဆုံမှုမှာတော့ သရေကျထားခဲ့တယ်။ ဖလားပွဲမှာ အစဉ်အလာရှိတဲ့ ဘက်တစ်ကိုပဲ ကြိုက်တယ်။
အာရန်ဒီနာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၇ ရက် နံနက် ၃:၀၀ နာရီ)
စတုတ္ထတန်းကလပ် အာရန်ဒီနာကလည်း ပြီးခဲ့တဲ့အဆင့်မှာ လာလီဂါကလပ် ကာဒစ်ဇ်အသင်းကို ကျော်ဖြတ်လာတဲ့ အသင်းပါ။ ဒါပေမဲ့ အာရန်ဒီနာက စတုတ္ထတန်းလို ပြိုင်ပွဲမျိုးမှာတောင် ဇယားအောက်ဆုံးရောက်နေပြီး ရီးယဲလ်နဲ့ကစားရတာ ဂုဏ်ယူစရာကလွဲလို့ ဘာမှဖြစ်မလာနိုင်ဘူး။ ရီးယဲလ်ကတော့ အရန်အသင်းက လူငယ်အများစုနဲ့ ပွဲထွက်လာနိုင်တယ်။ ရီးယဲလ်ပဲ ရွေးချယ်ချင်တယ်။
■ အခြားပွဲစဉ်များ
အယ်လ်ချီ - ဂျီရိုနာ* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၆ ရက် ည ၁၁:၃၀ နာရီ)
ဟွယ်ဆကာ - ဗယ်လက်ကာနို* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၇ ရက် နံနက် ၁၂:၃၀ နာရီ)















