ကင်မစ်ချ်ကိုခေါ်ယူရန် လီဗာပူးလ်နှင့် မန်ယူ အပြိုင်စိတ်ဝင်စား

ကင်မစ်ချ်ကိုခေါ်ယူရန် လီဗာပူးလ်နှင့် မန်ယူ အပြိုင်စိတ်ဝင်စား
Photo: X
Photo: X
Published 4 January 2024

ပရီးမီးယားလိဂ်ခါးသီးပြိုင်ဘက်များဖြစ်သည့် လီဗာပူးလ်နှင့် မန်ယူအသင်းတို့သည် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ်အား ခေါ်ယူရန်အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့် ချုပ်ဆိုထားသည့် ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ကင်မစ်ချ်(၂၈ နှစ်)အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း အဆင်မပြေသဖြင့် လာမည့် နွေတွင် ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

ယင်းအခြေအနေတွင် ကင်မစ်ချ်အား ခေါ်ယူရန် လီဗာပူးလ်နှင့် မန်ယူအသင်းက အပြိုင်စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent