အောက်တိုဘာ ၂၇ ရက်က စ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် စစ်ဆင်ရေးစပြီဖြစ်ကြောင်း မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ဖြစ် သည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တ အာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးတွဲကြေညာသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲကြေညာခဲ့သည့် စစ်ဆင်ရေး အမည်ကို “၁၀၂၇” ဟု ပေးခဲ့သည်။
အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစ၍ ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်း ရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမ ဟာမိတ်သုံးဖွဲ့က အင်အားအလုံးအ ရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ် ရင်းဌာနချုပ်နှင့် နယ်မြေလုံခြုံရေး စခန်းများကို တစ်ပြိုင်တည်း တိုက် ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်း လုံတို့တွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အ ဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်း ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် ၎င်းင်းတို့ဒေသကို ယခုထက် ပိုမိုထိန်းချုပ်နိုင်ရန်၊ ၎င်းတို့အဖွဲ့အ စည်းအပေါ် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု များအပေါ် ဟန့်တားမှုရရှိရန်၊ မြန် မာပြည်သူတစ်ရပ်လုံး၏ လိုလား ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ လက် ရှိ တရုတ် -မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာ သည့် အွန်လိုင်းလောင်းကစားလိမ် လည်မှု ပပျောက်ရေး၊ အွန်လိုင်းဂိမ်း ကုမ္ပဏီများနှင့် ယင်းလုပ်ငန်းလုပ်ကိုင်နေသူများကို နှိမ်နင်းနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ထို့နောက် လားရှိုးမှ ချင်းရွှေ ဟော်နှင့် လားရှိုးမှ မူဆယ် ပြည် ထောင်စုလမ်းမကြီးများကို အောက် တိုဘာ ၂၇ ရက်မှစ၍ အရေးပေါ် ပိတ်ပင်လိုက်ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က ထုတ်ပြန်သည်။
ကိုးကန့်အဖွဲ့ (MNDAA) အ နေဖြင့် ယင်းလမ်းမကြီးနှစ်ပိုင်းကို အောက်တိုဘာ ၂၇ ရက် နံနက် ၆ နာရီမှစ၍ အရေးပေါ်ပိတ်ပင်လိုက် ကြောင်း၊ ထိုအချိန်အတွင်း မည် သည့်ယာဉ်မျှ မည်သည့်အကြောင်း ပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း၊ လမ်းမကြီး ပြန် ဖွင့်မည့်ရက်ကို ထပ်မံအကြောင်း ကြားသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ် ပိတ်ပင်ထားသော အ ချိန်ကာလအတွင်း အသိပေးမှုများ ကို မလိုက်နာဘဲ ဆက်လက်ဖြတ် သန်းသွားလာနေမည်ဆိုပါက ရန် သူ၏ သယ်ယူပို့ဆောင်ရေးယဉ်တန်း အဖြစ် မှတ်ယူပြီး ပြင်းထန်စွာတိုက် ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း MNDAA က ဆိုသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး တစ်ပတ်အ ကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူ ကုတ် စသည့်နေရာသုံးခုကို အုပ် ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်လာသည်။
■ ရှမ်းမြောက်စစ်ပွဲများကြောင့် ခေါ်ယူခဲ့သော ကာလုံအစည်းအဝေး
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် တပ် စခန်းများနှင့် မြို့အချို့ သိမ်းပိုက်ခံရ ပြီးနောက်ပိုင်း နိုဝင်ဘာ ၈ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီအစည်းအဝေး ကျင်းပ ခဲ့သည်။
နစကလက်ထက်တွင် ယခုကာ လုံအစည်းအဝေး ကျင်းပခြင်းသည် တတိယအကြိမ်မြောက်လည်း ဖြစ် သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမအကြိမ်ခေါ်ယူခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ဒုတိယအကြိမ် ခေါ်ယူခဲ့သည်။ ယခု တတိယအကြိမ် ကျင်းပသည့် ကာလုံအစည်းအဝေး သည် ယခင်ကကျင်းပခဲ့သည့် ကာ လုံအစည်းအဝေးများနှင့် အကြောင်း အရာချင်း မတူညီပေ။
ယခင်ကျင်းပခဲ့သည့် ကာလုံအ စည်းအဝေးများမှာ အရေးပေါ်အ ခြေ အနေကြေညာထားသည့်ကာလ ပြည့်မြောက်သည့်အတွက် သက် တမ်းတိုးရန် ခေါ်ယူခြင်းဖြစ်ပြီး ယခု ကျင်းပသည့် တတိယအကြိမ်မြောက် ကာလုံအစည်းအဝေးမှာ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေ သည့် တိုက်ပွဲများနှင့်ပတ်သက်၍ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
အစည်းအဝေးတွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အောက် တိုဘာ ၂၇ ရက်မှစ၍ လောက်ကိုင် ဒေသ ချင်းရွှေဟော်ကို အဓိကထား ပြီး ကိုးကန့်အဖွဲ့ (MNDAA) က တိုက် ခိုက်ခဲ့ကြောင်း ပြောကြားသည်။
အဓိကအားဖြင့် မူဆယ်နှင့် ချင်းရွှေဟော်ဒေသသည် နယ်စပ် ကုန်သွယ်ရေးအတွက် အဓိကထား ဆောင်ရွက်သည့် နေရာဒေသဖြစ် ကြောင်း၊ လောက်ကိုင်မြို့သည် ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့ဖြစ်ပြီး MNDAA အဖွဲ့အနေ ဖြင့် ၎င်းင်းတို့၏ သြဇာအာဏာကို ပြန် လည်တည်ဆောက်ရန်အတွက် ယခု ကဲ့သို့တိုက်ခိုက်မှုများကို လုပ်ဆောင် လာခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။
MNDAA အနေဖြင့် “၀” နယ် မြေအတွင်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပြင် KIA ၊ PDF များလည်း ပါဝင်ခဲ့ ကြောင်း ၎င်းင်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသဖြစ်စဉ်များတွင် MNDAA အဖွဲ့အနေဖြင့် Drone များကို အဓိကထား အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Drone များမှာ တရုတ်နိုင်ငံထုတ်ကုန် ထုတ်လုပ်ငန်းသုံး DRONE များဖြစ်ပြီး စျေးကွက်တွင် လွယ်ကူစွာ ဝယ်ယူ၍ ရနေကြောင်း ၎င်းက ဆိုသည်။
MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာ ပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ် ရရှိရေး၊ ကိုးကန့်အနေဖြင့် ကိုးကန့်ပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို လည်း ၎င်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်၍ လိုအပ်သည့် လက်တုံ့ပြန်မှုများ ဆောင်ရွက် သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ဆိုသည်။
ကာလုံအဖွဲ့ဝင်အသီးသီး၏ ရှင်းပြချက်များအပြီးတွင် ယာယီ သမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွား နေသည့် ရှမ်းမြောက်အရေးတွင် တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်း စွမ်းတမံ မဆောင်ရွက်ပါက တိုင်း ပြည် အစိတ်စိတ် အမြွှာမြွှာကွဲသွား နိုင်ကြောင်း ပြောကြားခဲ့သည်။
■ မြို့နယ်အားလုံး၏ ခြောက်ပုံတစ်ပုံ ရှိလာသော စစ်အုပ်ချုပ်ရေး
ကာလုံအစည်းအဝေးအပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ ရက် တွင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲ များဖြစ်ပွားနေသည့် မြို့နယ်ရှစ်မြို့ နယ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည်။
နစကအနေဖြင့် လုံခြုံရေး၊ တ ရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေး ချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အ ရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ် မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လား ရှိုးမြို့နယ်နှင့် သိန္နီမြို့နယ်တို့၏ အုပ် ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ် နှင်းလိုက်ကြောင်း ကြေညာသည်။
ထို့အတူ လုံခြုံရေး၊ တရားဥပ ဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) နယ် မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင် မြို့နယ်တို့၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (ြမေအငေူ ူတေ) အာဏာကို ကျင့် သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်သည်။
ထိုရှစ်မြို့နယ်နှင့်ပတ်သက်၍ တိုင်းမှူးနှင့် ဒေသကွပ်ကဲရေးမှူး တို့သည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အ ခြေအနေအရပ်ရပ်အပေါ် မူတည် ၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ် ၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံး နိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ များနှင့်ပတ်သက်၍ လုံခြုံရေး၊ တ ရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေး ချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြို့နယ် ရှစ်မြို့နယ် ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နယ် ၅၅ မြို့နယ် ရှိလာပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီးနောက်ပိုင်း သုံးနှစ်နီးပါးအကြာ တွင် နစက,က ကြေညာခဲ့သည့် စစ်အုပ်ချုပ်ရေးမြို့နယ် ၅၅ မြို့နယ် အထိ ရှိလာခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး နစကက မြို့နယ်ပေါင်း ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည့်အတွက် မြို့နယ်အား လုံး၏ ခြောက်ပုံတစ်ပုံ ရှိလာပြီဖြစ် သည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်း နှင့်ပြည်နယ် ၁၀ ခုမှ မြို့နယ်ပေါင်း ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေ ညာထားခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းတွင် ခြောက်မြို့ နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူး တိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်း တွင် ငါးမြို့နယ်၊ ကယားပြည်နယ် တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ တနင်္သာရီတိုင်းတွင် နှစ်မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ရှစ်မြို့နယ်တို့ကို နစကçက စစ်အုပ် ချုပ်ရေး ကြေညာထားသည်။
စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့် တိုင်း ၁၀ ခုအနက် စစ်ကိုင်းတိုင်းက မြို့ နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေ ညာခံထားရပြီး ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်က မြို့နယ်ရှစ်မြို့နယ် ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက် မြို့နယ်ဖြင့် တတိယ အသီးသီးကြေ ညာခံထားရသည်။
နိုဝင်ဘာ ၁၅ ရက်ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကို တာဝန်မှရပ်စဲလိုက်ပြီး ခေတ္တ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ်ထွန်းထွန်း မြင့်အား ခန့်အပ်လိုက်ကြောင်း နစ က,က ထုတ်ပြန်သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌကို တာဝန် မှရပ်စဲလိုက်ခြင်းနှင့် ရှမ်းပြည်နယ်အ တွင်းရှိ မြို့နယ်ရှစ်မြို့နယ်၌ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ကြေညာလိုက်သဖြင့် ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ ပိုမိုကြီးမားလာဖွယ်ရှိနိုင် ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
■ ကျားဖျန့်နှိမ်နင်းရေး
တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် ပိုင်းအတွင်း အထူးအလေးပေးတိုက် ဖျက်လာသည့်အရာမှာ ကျားဖျန့် (ခေါ်) အွန်လိုင်းငွေကြေးလိမ်လည် ခြင်းလုပ်ငန်းများ ဖြစ်သည်။
တရုတ်- မြန်မာ နယ်စပ်တွင် အခြေစိုက်လှုပ်ရှားနေသည့် အွန် လိုင်းငွေလိမ်ဂိုဏ်းများ၌ တရုတ်နိုင် ငံ သားများ ခိုင်းစေခံရခြင်း၊ တရုတ် နိုင်ငံသားများ ပါဝင်ပတ်သက်မှုများ ကြောင့် တရုတ်အစိုးရဘက်က အ ထူးအာရုံစိုက်ပြီး လုပ်ဆောင်လာ ခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့သည့် တရုတ်အစိုးရအကြီး အကဲများနှင့် မြန်မာအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံရာတွင်အွန် လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက် သွယ်ရေးလိမ်လည်မှုကိစ္စများ သည် မပါမဖြစ်ဆွေးနွေးခဲ့သော အ ကြောင်း အရာများလည်းဖြစ် သည်။
ထိုသို့ အစိုးရတာဝန်ရှိသူ အချင်းချင်း အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း မြန်မာ ဘက်က တရုတ်တို့ အလိုရှိနေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ဖမ်း ဆီးပေးနိုင်ခြင်း မရှိခဲ့ပေ။
အချို့သော EAO များ ထိန်း ချုပ်ရာနယ်မြေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အွန် လိုင်း လိမ်လည်သူများကို အကာအကွယ်ပေးနေသည့်ဖြစ်စဉ်များရှိနေသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ထားသည်။
လက်ရှိအချိန်အထိ အွန်လိုင်း လိမ်ညာနေသည့်အဖွဲ့များကို “၀” နှင့် မိုင်းလား၊ ကိုးကန့်နယ်မြေများ တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဒေသများသည် အထူးဒေသ များဖြစ်ကြောင်း၊ “၀”နှင့် မိုင်းလား ဒေသသည် မိမိအစိုးရ၏ ထိန်းချုပ်မှု အောက်တွင် မရှိခြင်းကြောင့် တရုတ် နိုင်ငံဘက်မှ ဆောင်ရွက်ပြီးဖြစ် ကြောင်း၊ ကိုးကန့်ဒေသသည်မိမိတို့ ထိန်းချုပ်မှုအောက်မှာရှိ၍ ဖမ်းဆီးရ မိသူများကို တရုတ်နိုင်ငံဘက်သို့ ပို့ ဆောင်ပေးလျက်ရှိကြောင်း၊ “၀”နှင့် မိုင်းလားဒေသသည် တရုတ်အစိုးရ နှင့် တိုက်ရိုက်ချိတ်ဆက်ပြီးဆောင် ရွက်ခြင်းဖြစ်သည့်အတွက် ငွေကြေး ပမာဏ မည်မျှရှိသည်ကို မသိရှိ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ အစိုးရနှင့် တရုတ် အစိုးရတို့ ပေါင်း၍ “၀”နှင့် မိုင်းလား ဒေသတွင် တရား ဥပဒေနှင့်အညီ နေထိုင်ရန်၊ တရားဝင်သည့် စီးပွား ရေးလုပ်ငန်းများသာ လုပ်ကိုင်ရန်၊ ယင်းဒေသအတွင်း မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့များဖြစ် သည့် ရဲ၊ လဝက၊ အကောက်ခွန်တို့ ပေးဝင်ရန် နှစ်နိုင်ငံပေါင်းပြီး ဖိအား ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။
လက်ရှိတွင် “၀” အရာရှိဟောင်း နှစ်ဦးကို တရုတ်နိုင်ငံဘက်က ဖမ်း ဝရမ်းထုတ်ထားသည်။
ဆက်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှုများတွင် တရုတ်နိုင်ငံ သားများကို ပစ်မှတ်ထားတိုက်ခိုက် နေသည့် ရာဇဝတ်ဂိုဏ်းတစ်ခု၏ အဓိကခေါင်းဆောင်နှစ်ဦးဟု တရုတ်အစိုးရဘက်က သတ်မှတ်၍ ဖမ်းဝရမ်း ထုတ်ထားသူနှစ်ဦးမှာ လက်ရှိ “၀” ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက် အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန်ဖြစ်ပြီး နောက် တစ်ဦးမှာ UWSA ၏ မိုင်းလင်း ခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက် ဟော့ (ခေါ်) ဟော်ချွင်ထင်ဖြစ် သည်။
ကူမင်းမြို့နှင့် ဟန်ကျိုးမြို့က အများပြည်သူလုံခြုံရေးဌာနများက UWSA အရာရှိနှစ်ဦးကို အွန်လိုင်း ငွေကြေးလိမ်လည်သောလုပ်ငန်း များတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ဆိုကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ဖမ်းမိအောင် သတင်းပေး သူအား တရုတ်ယွမ်တစ်သိန်းမှ ငါး သိန်းအထိ ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထိုသို့ တရုတ်နိုင်ငံ ပြည်သူ့လုံ ခြုံရေးဝန်ကြီးဌာနက ကြေညာပြီး နောက် ၎င်းင်းတို့နှစ်ဦးအား ရာထူးမှ ထုတ်ပယ်ကြောင်း UWSA က ကြေ ညာခဲ့သည်။
၎င်းတို့နှစ်ဦးအနေဖြင့် “၀” ဒေသနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာနှင့်ပါ ဆက်ဆံရေးကို ထိခိုက်အောင် လုပ်ခဲ့ကြောင်း UWSA က ဆိုသည်။
တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ် ထားသည့် ၎င်းင်းတို့နှစ်ဦးအား ဟိုပန် ခရိုင်တရားရုံးကလည်း ဖမ်းဝရမ်း ထုတ်ထားသည်။
ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း online လိမ်လည်မှုများ၊ လူကို သွေး ဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှု များ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ် ခြင်း၊ အားပေးကူညီခြင်းများကို ကျူး လွန်နေသော ချန်ရန်ပန် (ခ) ပေါက် အိုက်ပန်းနှင့် ရှောက်ရန်ပန် (ခ) ဟော်ချွင်ထင်တို့ကို ဥပဒေအရအ ရေးယူရန်အတွက် အောက်တိုဘာ ၁၇ ရက်တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်ဆင့်ခဲ့သည်။
ထို့ပြင် တရုတ်-မြန်မာ နယ်စပ် ဒေသတွင် အွန်လိုင်းလိမ်လည်မှုများ၊ လူပြန်ပေးမှုများ အပါအဝင် တရားမ ဝင် ချုပ်နှောင်မှုများကို ကျူးလွန်နေ သော မြီရှောက်ချန်းနှင့် ၎င်းင်း၏မိ သားစုဝင်သုံးဦးကို တရုတ်ပြည်သူ့ ရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဖမ်း ဝရမ်းထုတ်ခဲ့ပြီး သတင်းပေးသူများ ကိုလည်း ဆုငွေချီးမြှင့်မည်ဟုလည်း ထုတ်ပြန်ထားခဲ့သည်။
တရုတ်နိုင်ငံက ဖမ်းဆီးရန်အလိုရှိစာရင်းတွင်ပါဝင်သည့် မြီရှောက် ချန်းအပါအဝင် လေးဦးကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရား ရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထုတ်ပြန်သည်။
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန် လိုင်းလိမ်လည်မှု၊ လူကိုသွေးဆောင် ဆွဲခေါ်မှုများ၊ ပြန်ပေးမှုများ၊ တရား မဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန် ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းများ ကို အားပေးကူညီခြင်းများ ကျူးလွန် နေသော မြီရှောင်ချန်း၊ မြီကော်ဖျင်း (ခ) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီ ကျိန်းကျိန်းတို့ကို ဥပဒေအရ အရေး ယူနိုင်ရန်အတွက် နိုဝင်ဘာ ၁၅ ရက် တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးကပါ ဖမ်းဝရမ်း ထုတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဝရမ်းထုတ်ထားသည့် လေးဦးအနက် သုံးဦးကို လောက်ကိုင် မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစက ဘက်က ထုတ်ပြန်သည်။
ဖမ်းဆီးရမိထားသည့် မြီမိသား စုဝင် သုံးဦးအနက် မြီရှောက်ချန်း သည် သေနတ်ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ပြီး နှစ်ဦးအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် သည်။
မြီမိသားစုဝင်များအား ဖမ်းဆီး စဉ် မြီရှောက်ချန်းသည် တရားမဝင် ကိုင်ဆောင်ထားသည့် ပစ္စတိုသေ နတ်ဖြင့် မိမိကိုယ်ကိုယ်ပစ်ခတ်ခဲ့ သဖြင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ကြောင်း၊ ဖမ်း ဆီးရမိထားသူများအား တရားဥပ ဒေအရ အရေးယူနိုင်ရေးအတွက် နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲ ပြောင်းပေးအပ်ခဲ့သည်။
သို့သော် မြီရှောက်ချန်း၏ ရုပ် အလောင်းကို တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ် သည်များ စစ်ဆေးအတည်ပြုမှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း နစကဘက်က ဆိုသည်။
ဆက်တိုက်ဆိုသလိုပင် တရုတ် အစိုးရက ရှမ်းပြည်နယ်ရှိ ကိုးကန့် ဒေသတွင် လုပ်ကိုင်နေသော ဆက် သွယ်ရေး လိမ်လည်မှုဂိုဏ်းများကို ဦးဆောင်နေမှုဖြင့် ဦးပယ်ဆောက် ချိန် (ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟောင်း) အပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်လိုက်သည်။
သံသယရှိသူများသည် မိသားစု အခြေပြု သီးခြားလူလိမ်ဂိုဏ်းများ ကို လုပ်ဆောင်နေသူများဖြစ် ကြောင်းနှင့် အဆိုပါဂိုဏ်းများကို ဦး ပယ်ဆောက်ချိန်(ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း)၊ ဦးဝိဟိုင်ရိန်၊ ဦးလျှိုကျိမ့်ရှန်တို့က ဦးဆောင်ပြီး နောက်ထပ်အုပ်စုကို ရွှီလောက်ဖာ (ခ) ရွှီဖားချီက ဦးဆောင်သည်ဟု ဆိုသည်။
ဖမ်းဝရမ်းထုတ်ခံရသူ ၁၀ ဦး မှာ ဦးပယ်ဆောက်ချိန်(ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း)၊ ပယ် ရင့်ချန်(ခ) လီယွင်ချိန် (ဦးပယ် ဆောက်ချိန်၏သား ကိုးကန့်ပြည်သူ့ စစ်ခေါင်းဆောင်)၊ ပယ်ရင့်လန်း(ခ) လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး ရှင့်ပိုင်းလီအုပ်စု၏ဥက္ကဋ္ဌ)၊ ဦးဝိဟိုင် ရိန်(ခ) ဦးဝိစိုင်း၊ ၀ိယုံ (ခ) ချိန် ယုံ(ဦးဝိစိုင်း၏တူမ)၊ ၀ိချင်ရှုံး(ခ) ရန်ရှုံး (ဦးဝိစိုင်း၏သား)၊ ဦးလျှိုကျိမ့် ရှန်၊ လျှိုကျီကွမ် (ခ) လီဟွာကွမ် (ဦး လျှိုကျမ့်ရှန်၏သား)၊ လျှိုကျိမ့် မောက်တို့ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ လျောင်နင်၊ ဖုကျန်း၊ ချောင်ကျင်း ရဲတပ်ဖွဲ့များမှ ရရှိထားသော အထောက်အထား များအရ အဆိုပါဂိုဏ်များသည် တရုတ်နိုင်ငံသားများကို ကာလတစ်ခုအထိ လိမ်လည်နေကြသူများဖြစ် သည်ကို တွေ့ရပြီး လူသတ်မှု၊ စော် ကားမှု၊ ပြန်ပေးဆွဲမှုတို့ အပါအဝင် ဆိုးရွားပြင်းထန်သော ရာဇဝတ်မှု များကို ကျူးလွန်ထားကြောင်း တွေ့ ရှိရသည်ဟု ဆိုသည်။
၎င်းတို့ကို လက်ရဖမ်းဆီးရာ တွင် အရေးကြီးသည့် သတင်းပေး သူနှင့် အကူအညီပေးသူများအ တွက် ဆုကြေးအဖြစ် ယွမ်တစ်သိန်း မှ ယွမ်ငါးသိန်းအထိ ချီးမြှင့်မည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ် ပြန်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး နောက် ကျားဖျန့်ခေါ် အွန်လိုင်းငွေ လိမ်ဂိုဏ်း အတော်များများကို ဖမ်းမိ ခဲ့သည်။
နစကဘက်မှ အွန်လိုင်းငွေ လိမ်ဂိုဏ်းများမှ ခေါင်းဆောင်များ နှင့် တာဝန်ရှိသူများ ဖမ်းဆီး၍ တ ရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သ လို တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များကလည်း အွန်လိုင်းငွေလိမ် ဂိုဏ်းများက ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ ဖမ်းဆီး၍ တရုတ် နိုင်ငံသို့ လွှဲပြောင်းနိုင်ခဲ့သည်။
ဆက်သွယ်ရေး လိမ်လည်မှု များတွင် ပါဝင်ပတ်သက်ခဲ့သော သံသယရှိသူ ၃၁၀၀၀ ကျော်ကို မြန် မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်း ပေးခဲ့သည်ဟု နိုဝင်ဘာ ၂၁ ရက် တွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန (MPS) က ထုတ်ပြန်သည်။
သံသယရှိသူများထဲတွင် ဘဏ္ဍာ ရေးပိုင်း ထောက်ပံ့ပေးသူများ၊ အဖွဲ့ ခေါင်းဆောင်များ၊ အဓိကလူများ သာမက အွန်လိုင်းလုပ်ကိုင်နေသော တရားခံပြေး ၁၅၃၁ ဦးလည်း ပါဝင် ခဲ့သည်။
■ တရုတ် ကမကထလုပ်တဲ့ ငြိမ်းချမ်းရေး
ရှမ်းပြည်နယ် မြောက်ပိုင်း၌ စစ် ရေးအရှိန်မြင့်တက်လာချိန်မှစ၍ အရပ်သားစုစုပေါင်း ၁၃၀ သေဆုံး ၍ ၂၁၀ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ တပ် မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံး ဖွဲ့အကြား ပြင်းထန်သော လက်နက် ကိုင်ပဋိပက္ခကြောင့် ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်ရသူ ၁၂ ၀ç ၀၀၀ နီးပါးရှိလာကြောင်း ကုလသ မဂ္ဂက ထုတ်ပြန်ထားသည်။
ယင်းလူဦးရေထဲကမှ နှစ် သောင်းခန့်သာ နေရပ်ပြန်နိုင်ပြီး ၉၉ç၀၀၀ ခန့်မှာ ရှမ်းပြည်နယ် မြောက် ပိုင်းရှိ ခိုလှုံရာ ၁၈၇ နေရာတွင် လည်းကောင်း၊ နယ်မြေချင်းထိစပ် နေသည့် ကချင်ပြည်နယ်နှင့် မန္တ လေးတိုင်းတို့တွင်လည်းကောင်း သွားရောက်နေထိုင်နေရကြောင်း ကုလသမဂ္ဂက ဆိုသည်။
လတ်တလောတွင် နေရပ်စွန့် ခွာရသူများသည် အဓိကအားဖြင့် ဘာသာရေးနေရာများနှင့် အိမ်ရှင်ရပ်ရွာများတွင် လည်းကောင်း၊ တော တောင်များအတွင်းရှိ ယာယီခိုလှုံရာ နေရာများနှင့် တရုတ်-မြန်မာ နယ် စပ်အနီးရှိ လယ်ကွင်းများတွင်လည်း ကောင်း ခိုလှုံနေရကြောင်း ကုလသ မဂ္ဂက ထုတ်ပြန်ထားသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး နှစ်လအကြာ တွင် စစ်ရေးဗျူဟာအရ အရေးပါ သော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ နှင့် ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဘက်က ထုတ်ပြန် ခဲ့သည်။
ထို့ပြင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း စ သည့် မြို့ငါးမြို့ကိုလည်း သိမ်းပိုက် နိုင်ခဲ့ကြောင်းနှင့် ချင်းရွှေဟော်၊ မုံး ကိုး၊ ပန်ဆိုင်းနှင့် ကျင်းစံကျော်နယ် စပ်ဂိတ်လေးခုကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း MNDAA က ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် တော်လှန်ရေး တပ်ဖွဲ့များက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မြို့နယ် ၁၉ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က ဆိုသည်။
ရှမ်းပြည်နယ် အရှေ့မြောက် ပိုင်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ် စဉ်များတွင် သာလွန်အင်အားများ စုစည်းခြင်းနှင့် နည်းပညာသာလွန်မှု ကို အသုံးချ၍ စစ်သုံးအဆင့် DRONE များဖြင့် Drop Bomb များ အသုံးပြု တိုက်ခိုက်ခဲ့ပြီး ီမသစ သြာဘ အလုံး ပေါင်း ၂၅၀၀၀ ကျော်အသုံးပြုခဲ့သ လို ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အ လုံး ၁၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရကြောင်း နစကဘက်က ထုတ် ပြန်ထားသည်။
ထိုသို့သောအခြေအနေတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒီဇင်ဘာ ၆ ရက်က မြန်မာနိုင်ငံ ဒုတိယဝန်ကြီး ချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တ ရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့ပြီး မြန် မာန ိုင်ငံမြောက်ပိုင်းဒေသအခြေ အနေ တည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ထိုတွေ့ဆုံမှုတွင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင် ငံက ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင် အောက်တွင် ပြည်တွင်းပြန်လည် သင့်မြတ်ရေး အမြန်ဆုံးဖော်ဆောင် ပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ဆက်လက်ဖော် ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့် ကြောင်း၊ တရုတ်နိုင်ငံက မည်သည့် အခါမျှမြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း ပြောကြားသည်။
ထို့ပြင် တရုတ်နိုင်ငံ၊ ကူမင်းမြို့ တွင်လည်း ဒီဇင်ဘာ ၉ ရက်က မြန် မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည် နယ်ပါတီကော်မတီ ဒုတိယအတွင်း ရေးမှူး မစ္စတာရှီယွီကန်းတို့ တွေ့ဆုံ ပြီး နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးကိစ္စများ ဆွေး နွေးခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ ကမက ထပြုလုပ်ပြီး နစက၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မ တီ (NSPNC) နှင့် MNDAA၊ TNLA ၊ AA အဖွဲ့မှ တာဝန်ရှိသူများက နိုင်ငံရေးအရ ဖြေရှင်းရန် တရုတ်နိုင် ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တ ရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီ ဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြောလာ သည်။
မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိ ပက္ခများနှင့်ပတ်သက်၍ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ ကျင်းပပြီး အပြု သဘောဆောင်သည့် ရလဒ်များ ရရှိ သည်ကို တွေ့ရသည့်အတွက် ဝမ်း သာမိကြောင်းနှင့် ဆွေးနွေးပွဲများကို ပံ့ပိုးကူညီမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က ဒီဇင်ဘာ ၁၁ ရက် တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း မှန်ကန် ကြောင်း အတည်ပြုပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ အ မျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိတဲ့လူတွေဟာ တရုတ်ပြည် သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင် ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့ပါတယ်”ဟု ဗိုလ် ချုပ် ဇော်မင်းထွန်းက ဆိုသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့အကြား ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေး မှုထိန်းသိမ်းထားရန် သဘောတူညီ ချက်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ဒီဇင်ဘာ ၁၄ ရက် တွင် ပြောကြားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင် ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတ စေ ပြတ်သားစွာ ထောက်ခံအားပေး ပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အ သီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ၁၀၂၇ ပဋိ ပက္ခဖြစ်ပွားလာကတည်းက တရုတ် နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မ ပြတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအေ နတည်ငြိမ်အေးချမ်းလာ စေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ ကြား ဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံ ပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှု ကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ် စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် ၎င်းင်းက လက်ရှိတွင် မြန် မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ် ပွားမှုများ သိသိသာသာလျော့နည်း လာကြောင်း၊ ၎င်းင်းသည်မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီး၏အ ကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည် ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အ တွက်လည်း အထောက်အကူဖြစ် ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိ ပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော် ဆောင်ပြီး အပြန်အလှန်အတတ်နိုင် ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ် ပွားမှုများကို အချိန်မီစီမံထိန်းချုပ် ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာ ဖြေရှင်းမှု (Soft Landing) အား အ တူတကွဖော်ဆောင်ရန်မျှော်လင့် ကြောင်း ပြောကြားသည်။
အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့ ကြားတွင် ပြီးခဲ့သည့် တွေ့ဆုံမှုအ ပေါ် မူတည်၍ ဒီဇင်ဘာလကုန်ပိုင်း တွင် ထပ်မံတွေ့ဆုံရန် ရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီဆွေးနွေးမှုအပေါ်မှာ မူ တည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ် မံ ဆွေးနွေးသွားဖို့ရှိကြောင်း ပြော ကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ဆိုသည်။
ထို့ကြောင့် တရုတ်နိုင်ငံက ကမ ကထလုပ်ပြီး အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ သည် မည်မျှအထိ တာသွားမည်ကို နိုင်ငံရေးလေ့လာသူများက ဆက် လက်စောင့်ကြည့်နေကြသည်။
■