တန်းစီဝယ်ယူခဲ့ရသည့် စက်သုံးဆီ

တန်းစီဝယ်ယူခဲ့ရသည့် စက်သုံးဆီ
Published 31 December 2023

၂၀၂၃ ခုနှစ်၏ ထူးခြားဖြစ်စဉ်များ အနက် စက်သုံးဆီကို တန်းစီဝယ်ယူခဲ့ရသည့် ဖြစ်စဉ်မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။

စက်သုံးဆီစျေးနှုန်းများမှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်လီတာ ကျပ်နှစ်ထောင် အောက်သာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်နှစ်စပိုင်းမှာ ပင် တစ်လီတာ ကျပ်နှစ်ထောင်ကျော်သို့ ရောက်ရှိခဲ့သည်။

ယခင်နှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ် ပြန်သည့် စျေးနှုန်းများအရ  ၉၂ တစ်လီတာ ကျပ် ၁၈၉၀၊ ၉၅ တစ်လီတာ ၁၉၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၄၂၀၊  ပရီ မီယံ ဒီဇယ်တစ်လီတာ ကျပ် ၂၅၀၀ ဖြစ်သည်။

ယင်းစျေးနှုန်းမှာ အမြင့်ဆုံးသို့ သတ်မှတ် ခဲ့သော်လည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ စက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီတစ်လီ တာ ကျပ် ၂၅၅၀ နှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၄၀ မှာ အနိမ့်ဆုံးစျေးနှုန်းဟု ဆိုရ မည်ဖြစ်သည်။

ယင်းသို့ ဓာတ်ဆီတစ်လီတာ အနိမ့်ဆုံး စျေးနှုန်းမှာ ကျပ် ၂၅၀၀ ကျော်ရောက်ရှိချိန် တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီဝယ်ယူခဲ့ရသည့် ဖြစ်စဉ်မှာ အနည်းဆုံး နှစ်ကြိမ်ဖြစ်ပွားခဲ့ သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း  နိုဝင်ဘာနှင့် ဒီဇင်ဘာလဆန်းပိုင်းမှ  စတင်ကာ ရန် ကုန်မြို့ ရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဝယ်ယူ မည့် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းခဲ့ ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်မှ စတင်ပြီး ယင်းသို့ မော်တော်ယာဉ်များ ဆီဝယ်ယူရန် တန်းစီ စောင့်ဆိုင်းခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညပိုင်းလောက်မှာစဖြစ်တာ။ ဒီမနက်ကတော့ ဆိုင်တော်တော်များများ ဝယ်လို့မရဘူး။ ရောင်းပေးတဲ့ဆိုင်မှာလည်း သုံးသောင်းဖိုးပဲ ရောင်းပေးတယ်” ဟု ဒီဇင် ဘာ ၅ ရက်တွင် သာကေတမြို့နယ်ရှိ စက်သုံး ဆီဆိုင်တစ်ဆိုင်၌ စက်သုံးဆီဝယ်ယူခဲ့သူ တစ်ဦးက ‌ပြောကြားသည်။

ယင်းသို့ စက်သုံးဆီဝယ်ယူရန် တန်းစီ စောင့်ဆိုင်းရသည့် ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက်၊  ၇ ရက် စသည့်ရက်များတွင် ပိုမိုများပြား လာခဲ့ပြီး ညအိပ်စောင့်ဆိုင်းရသည့် အခြေ အနေများအထိ ဖြစ်ပွားခဲ့သည်။

“ဆိုင်တွေမှာ မရှိတာက ဓာတ်ဆီပဲ။ တော်တော်များများမှာ ဝယ်လို့မရဘူး”ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

ဝယ်ယူရသည့်ဆီဆိုင်များတွင်လည်း မော်တော်ယာဉ်များ လိုအပ်သလောက်ဝယ် ယူမရဘဲ တစ်စီးလျှင် ကျပ်သုံးသောင်းမှ ကျပ်  ငါးသောင်းအထိသာ ဝယ်ယူနိုင်ခဲ့ကြောင်း မော်တော်ယာဉ်ပိုင်ရှင်များက ပြောကြား သည်။

ယင်းသို့ စက်သုံးဆီဝယ်ယူရန် တန်းစီ စောင့်ဆိုင်းခဲ့ရသည့်အခြေအနေမှာ သီလဝါ တွင် စက်သုံးဆီ သွားရောက်ထုတ်ယူနေသည့် ဆီဘောက်ဆာယာဉ်များ စက်သုံးဆီဆိုင်များ   သို့ အချိန်မီမရောက်ရှိခြင်းကြောင့် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ဆိုင်သို့မရောက်မီတွင် ဓာတ်ဆီ အမျိုးအစားများကို အရောင်းခေတ္တပိတ်ထား မည်ဖြစ်‌ကြောင်း စက်သုံးဆီဆိုင်အချို့က ‌ကြေညာခဲ့သည်။

အလားတူ သီလဝါတွင်လည်း စက်သုံး ဆီထုတ်ယူမည့် ဆီဘောက်ဆာယာဉ်များမှာ ညအိပ်ကာ စောင့်ဆိုင်းထုတ်ယူနေခဲ့ရပြီး အ ချို့သော ဆီဘောက်ဆာယာဉ်များမှာ နှစ် ရက်၊ သုံးရက်အထိ ညအိပ်စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်ဟု မော်တော်ယာဉ်မောင်းများထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီများကို သီလဝါဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးပေးနေ ခြင်းဖြစ်ပြီး ယင်းဆိပ်ကမ်းတွင် စက်သုံးဆီ ထုတ်ယူနိုင်ရန် ဆီဘောက်ဆာယာဉ်မောင်း နှင်သူများက ညအိပ်စောင့်ဆိုင်းနေရသည့် ဓာတ်ပုံအချို့ ယင်းရက်ပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာများ၌ ထွက်ပေါ်ခဲ့သည်။

စက်သုံးဆီစျေးနှုန်းများမှာလည်း ဒီဇင် ဘာ ၅ ရက်တွင် စတင်မြင့်တက်ခဲ့ပြီး ယင်း ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းမှာ  ၉၂ တစ်လီတာလျှင် ကျပ် ၂၅၁၀၊ ၉၅ တစ်လီတာ လျှင် ကျပ် ၂၆၄၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၁၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြစ်‌သည်။

ယင်းစျေးနှုန်းမှာ ယခင်ထက် မြင့်တက် ခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီအမျိုးအစား ၉၂ တစ် လီတာလျှင် ကျပ် ၃၄၀ ကျော်သို့ခုန်တက် ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်က ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများအရ ၉၂ တစ်လီတာ လျှင် ကျပ် ၂၁၇၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၃၀၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၉၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၀၀ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ နှင့် ၉၅ တစ်လီတာလျှင် ကျပ် ၃၄၀ စီ၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ်စီ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

နိုဝင်ဘာလဆန်းပိုင်းတွင် စက်သုံးဆီ စျေးနှုန်းမှာ ကျပ်နှစ်ထောင်စွန်းစွန်းသာရှိခဲ့ သော်လည်း လကုန်ပိုင်းတွင် ကျပ် ၂၁၀၀ ကျော်သို့ ရောက်ရှိခဲ့သည်။

နိုဝင်ဘာ ၁၁ ရက် စက်သုံးဆီစျေးနှုန်း များမှာ ၉၂ တစ်လီတာ ကျပ် ၂၀၆၀၊ ၉၅ တစ် လီတာ ကျပ် ၁၆၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၁၅ ကျပ်ဖြစ်‌ကြောင်း စက်သုံးဆီအရောင်းဆိုင် များ၏ စျေးနှုန်းများအရ သိရသည်။

သို့သော်ယင်းကာလတွင်လည်း စက်သုံး ဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မော်တော်ယာဉ်များ တန်းစီဝယ်ယူခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလပိုင်းကဖြစ်ပွားခဲ့သည့် အ ခြေအနေတွင် စက်သုံးဆီရှိလျက်နှင့် ရောင်း ချပေးခြင်းမရှိသည့် ဆိုင်သုံးဆိုင်ကိုအရေးယူ ခဲ့သည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီက သတင်းထုတ်ပြန်ခဲ့သည်။

 

မျှောစနစ်နှင့် သယ်ယူရမည့် စက်သုံးဆီ

ဒီဇင်ဘာလပိုင်းမှာပင် သီလဝါဆိပ် ကမ်းမှ ထုတ်ယူသည့် စက်သုံးဆီများကို မျှော စာဖြင့် သယ်ယူရမည်ဖြစ်ပြီး မျှောစာကို အွန် လိုင်းမှတစ်ဆင့် ထုတ်ပေးနိုင်ရန် စီစဉ်နေ သည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ယခင်က သီလဝါဆိပ်ကမ်းမှထုတ်ယူ သည့် စက်သုံးဆီများကို မြန်မာတစ်နိုင်ငံလုံး သို့ သယ်ယူရာတွင် မျှောစာမလိုအပ်ဘဲ မည် သည့်နေရာကိုမဆို သယ်ယူနိုင်ခွင့်ရှိခဲ့ရာမှ မျှောစာပါမှသာ သယ်ယူနိုင်သည့်စနစ်ကို ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့် စင်သည် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီ လဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်နေသော စက် သုံးဆီ သိုလှောင်စခန်းများသို့ရောက်ရှိကာ စက်သုံးဆီများ ထုတ်ယူနေသည့်အခြေအနေ များကို ကြည့်ရှုခဲ့သည်ဟု သိရသည်။

သီလဝါဆိပ်ကမ်းတွင် ပြည်ပမှ စက်သုံး ဆီတင်သင်္ဘောများဖြင့် စက်သုံးဆီ တင်သွင်း ရောက်ရှိနေမှု အခြေအနေများ၊ စက်သုံးဆီသို လှောင်ကန်များသို့ စက်သုံးဆီလက်ခံချယူနေ မှုအခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီ ဖြန့်ဖြူးပေးပို့ရန် မျှောစနစ်ဖြင့် ဆောင်ရွက်နေ မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ဆီသယ်ယာဉ်များ အတွက် လူကိုယ်တိုင်မျှောထုတ်ယူရသည့် စနစ်မှ အွန်လိုင်းဖြင့် မျှောထုတ်ယူနိုင်သည့် အဆင့်သို့အသုံးပြုသွားနိုင်ရေးနှင့် ှသ်အတမေန စနစ် တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူ သုံးစွဲမှုအခြေအနေကို ကြီးကြပ်စောင့်ကြည့် နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စက်သုံးဆီအရောင်း ဆိုင်များက အများပြည်သူသို့ ဝန်ဆောင်မှု ကောင်းမွန်စွာဖြင့် အရည်အသွေးနှင့် အချိန် အတွယ်ပြည့်မီစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ဆီတင်/ဆီ ချဆောင်ရွက်ရာတွင် စက်သုံးဆီများ ယိုဖိတ် မှုမရှိစေရေးနှင့် စက်သုံးဆီများကို အရည် အသွေးပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးပေးနိုင် ရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

“မျှောစာပါမှပဲ သယ်လို့ရတော့တယ်။ အရင်ကတော့ ဆီထုတ်ပြီးတာနဲ့ ကိုယ်သယ် မယ့်နေရာကို သွားလိုက်ရုံပဲ။ အဲဒီလိုကနေ ပြင်လိုက်တာပေါ့”ဟု စက်သုံးဆီစျေးကွက်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီများမှာ နိုဝင်ဘာနှင့် ဒီဇင် ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီ ဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီ စောင့်ဆိုင်းဝယ်ယူရမှုမှာ နှစ်လဆက်တိုက် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပြီး၂၀၂၃ ခုနှစ် အတွင်း ထူးခြားဖြစ်စဉ်တစ်ခုဟု သတ်မှတ်ရ မည်လည်း ဖြစ်သည်။

Most Read

Most Recent