မန္တလေးမြို့တွင် ဒုရဲအုပ်အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ်၊ လမ်း၈ဝနှင့်၂၉ လမ်းထောင့်အနီးတွင် ဆိုင်ကယ်မောင်း နှင်လာသည့် ဒုရဲအုပ်အမျိုးသမီးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့်ပစ်ခတ်ခြင်းခံရသူမှာ ချမ်း အေးသာစံမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုမှ အမျိုးသမီး ဒုရဲအုပ်ဖြစ်ပြီး စခန်းသို့ အပြန်တွင် ပစ်ခံရခြင်းဖြစ်သည်။
အမှတ် (၈) ရဲစခန်းအနီးတွင် ပစ်ခတ် ခံရခြင်းဖြစ်ပြီး လည်ပင်းသို့ထိမှန်ခဲ့ပြီး ဆေး ကုသမှုခံယူဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။