■ ပြောင်းရွှေ့ကြေးကြောင့် ဘင်ဖီကာတွင် ပြန်ကစားရန်မဖြစ်နိုင်ဟု ဘာနာဒိုဆေးလ်ဗား ဆို     

■ ပြောင်းရွှေ့ကြေးကြောင့် ဘင်ဖီကာတွင် ပြန်ကစားရန်မဖြစ်နိုင်ဟု ဘာနာဒိုဆေးလ်ဗား ဆို     
Photo: Getty Images
Photo: Getty Images
Published 29 December 2023

မန်စီးတီးအသင်းမှ ပေါ်တူဂီတိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ပြောင်းရွှေ့ကြေးတန်ဖိုးကြောင့် မိမိအနေဖြင့် အသင်း ဟောင်း ဘင်ဖီကာထံတွင် ပြန်ကစားရန်မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    

ဘာနာဒိုဆေးလ်ဗား(၂၉ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် မန်စီးတီးအသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး ၎င်းကို ဘင်ဖီကာအသင်းနှင့်အတူ ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသည်။ 

သို့သော် မန်စီးတီးအသင်းတွင် ဆက်ရှိခဲ့ပြီး ဖလားသုံးလုံးချန်ပီယံဆုရရှိရာ၌ အကောင်းဆုံးခြေစွမ်းပြခဲ့သောကြောင့် ၎င်း၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ 

Transfermarkt ၏ ဖော်ပြမှုအရ လက်ရှိအချိန်၌ ဘာနာဒိုဆေးလ်ဗား၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူရိုသန်း(၈၀)ရှိနေသည်။

    

သို့ရာတွင် ဘာနာဒိုဆေးလ်ဗားက မိမိ၏ အစစ်အမှန်တန်ဖိုးမှာ ယူရိုသန်း(၅၀)ကျော်သာ ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ 

ပေါ်တူဂီသတင်းစာ A Bola နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ဘာနာဒိုဆေးလ်ဗားက "တစ်နေ့နေ့ ဘင်ဖီကာအသင်းမှာ ပြန်ကစားချင်တဲ့ ဆန္ဒကို ဖုံးကွယ်မထားပါဘူး။ ဒါပေမဲ့ ပေါ်တူဂီဘောလုံးလောကရဲ့ဘဏ္ဍာရေးက အင်္ဂလိပ်နဲ့ စပိန်ကလပ် တွေမဆိုထားနဲ့ ဂျာမန်နဲ့ ပြင်သစ်ကလပ်တွေကိုတောင် မယှဉ်နိုင်ပါဘူး။ ဒါကြောင့် လက်ရှိမှာ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ပါဘူး"ဟု ဆိုခဲ့သည်။

Most Read

Most Recent