ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါနှင့် ၎င်း၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) တို့သည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအရှုပ်တော်ပုံတစ်ခုကို ရင်ဆိုင်နေရသည်။ အကျိုးဆက်သည်ကား ပါတီကို ပြည်သူ၏ မယုံကြည်မှုတိုးလာနေပြီး ၎င်း၏အစိုးရအဖွဲ့ မတည်မငြိမ်ဖြစ်စေရန် ခြိမ်းခြောက်လျက် ရှိသည်။
စီးပွားရေး၊ လူမှုဖူလုံရေး၊ ခရစ်ယာန် ပေါင်းစည်းရေးအသင်းတော်နှင့် LDP ပါတီ ၏ဆက်စပ်မှုများနှင့်စပ်လျဉ်း၍ စိုးရိမ်မှုများ ကြောင့် ၎င်းအစိုးရအဖွဲ့၏ လူကြိုက်များမှု ကျဆင်းနေချိန် ၂၀၂၁ ခုနှစ် အောက်တိုဘာ တွင် အာဏာရလာသော ကီရှီဒါအစိုးရအဖွဲ့ သည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် ဝန်ကြီး ချုပ်ဟောင်း ရှင်ဇိုအာဘေး ၂၀၂၂ ခုနှစ်တွင် လုပ်ကြံခံရခြင်းက ပြဿနာများကို ပိုမိုရှုပ် ထွေးစေသည်။ အာဘေးသည် ပေါင်းစည်း ရေးအသင်းတော်ကို ထောက်ခံသူဖြစ်သည် ဟု လုပ်ကြံသူက ပြောသည်။ ခရစ်ယာန် ပေါင်းစည်းရေး အသင်းတော်ကြောင့် သူ၏မိသားစုသည် ဒေဝါလီခံလိုက်ရကြောင်း၊ သူ ၏မိခင်မှာ ငွေကြေးလှူဒါန်းခြင်းများ လုပ်ခဲ့ ရကြောင်း အာဘေးကို လုပ်ကြံသူက ပြော သည်။ LDP ပါတီထဲမှ အခြားလွတ်တော် အမတ်အများအပြားသည် အသင်းတော်ကို အထင်ကရ ထောက်ခံသူများဖြစ်ကြသည်။
ကီရှီဒါနှင့် LDP ပါတီတို့သည် ဤ ပြဿနာနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသေးပေ။ လူကြိုက်များမှု ကျဆင်းနေလင့် ကစား LDP ၏လူကြိုက်များမှုသည် ၂၀၂၃ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း အသက် ၃၀ ကျော်အရွယ်များအကြားတွင် မြင့်တက်လာသည်။ လူထုအကြိုက် ကျဆင်း နေသည့်တိုင် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ရှိနေလိမ့်မည်ဖြစ်ပြီး ၎င်းင်း၏ ဝန်ကြီးချုပ်ရာ ထူးကို လောလောလတ်လတ် ခြိမ်းခြောက် မှုများမရှိဟု အကဲခတ်များက ပြောသည်။
ထိုအနေအထားသည် ၂၀၂၃ နိုဝင်ဘာ တွင် အကြီးအကျယ်ပြောင်းလဲသွားသည်။ ကီရှီဒါကို လူကြိုက်များမှုသည် ၁၇ ရာခိုင် နှုန်းကျဆင်းသွားသည်ဟု လူထုသဘောထား စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ ယင်းသည် ၂၀၁၂ ခုနှစ်တွင် LDP ပါတီ အာဏာပြန်ရ လာပြီးနောက်ပိုင်း ဝန်ကြီးချုပ်ကို လူကြိုက် များမှု ရာခိုင်နှုန်းအနည်းဆုံး ဖြစ်သွားစေ သည်။
LDP ဂိုဏ်းကွဲများနှင့် ၎င်းင်းဂိုဏ်းကွဲ များနှင့်ဆက်စပ်နေသော တစ်သီးပုဂ္ဂလ လွှတ်တော်အမတ်များသည် ရန်ပုံငွေပွဲများ တွင် လက်မှတ်များ ရောင်းချခြင်းတို့မှ ရရှိ သောဝင်ငွေအားလုံးကို တင်ပြခြင်းမရှိဖြစ် ခဲ့ပြီးနောက် လူကြိုက်များမှု ကျဆင်းသွား ခြင်းဖြစ်သည်။ ဒေါ်လာသန်းပေါင်းများစွာရှိ သည်ဟု ခန့်မှန်းရပြီး နိုင်ငံရေးပါတီများက တရားမဝင်ကိစ္စများတွင်သုံးရန်ထားသော ရန်ပုံငွေများကို နိုင်ငံရေးကိစ္စများအတွက်အသုံးပြုခဲ့ခြင်းဖြစ်ရာ ယင်းသည် ပြည်သူ့ရန် ပုံငွေများ ထိန်းချုပ်ရေးဥပဒေကို ချိုးဖောက် မှုဖြစ်သည်။
ပြည်သူ့အစိုးရရှေ့နေရုံးက LDP ပါတီ ၏ အကြီးဆုံးနှင့် သြဇာအကြီးဆုံးအဖွဲ့ ဖြစ် သော “ဆေဝါကိုင်” ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါအဖွဲ့ကို အာ ဘေးဂိုဏ်းကွဲဟု ခေါ်လေ့ရှိသည်။ ကီရှီဒါ ဦးဆောင်သောဂိုဏ်းအပါအဝင် အခြားဂိုဏ်း ခွဲလေးခုသည်လည်း ငြိစွန်းနေနိုင်သည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။
ကီရှီဒါသည် အာဘေးဂိုဏ်းမှ အရေး ပါသော ဝန်ကြီးလေးဦးကို အစားထိုးခဲ့သည်။ အစိုးရအဖွဲ့၏ မျက်နှာစာအဖြစ်ဆောင်ရွက် နေသော အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ရာထူးသည်လည်း ယိုရှီမာဆာဟာရာရှီထံ ကို ရောက်ရှိသွားသည်။
ကီရှီဒါသည် ဟာရာရှီကို နိုင်ငံခြားရေး ဝန်ကြီးရာထူးမှ ဖယ်ရှားခဲ့သည်။ အစိုးရ အဖွဲ့အတွင်းရေးမှူးချုပ်ရာထူးကို လက်ခံရ ယူရန် အခြားသူများကို စည်းရုံးရာတွင် ကီရှီ ဒါသည် အခက်အခဲများကြုံခဲ့ရသည်။ ထို့ ကြောင့် ဟာရာရှီကို အဆိုပါရာထူးအတွက် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ အခြားဝန်ကြီး ရာထူးသုံးနေရာကို တာယိုအဆို၊ တိုရှီမစ်ဆူ မိုတီဂျီ၊ဟီရိုရှီမိုရီယာမာတို့ဦးဆောင်သော အဖွဲ့များကို ပေးအပ်လိုက်သည်။
ဝန်ကြီးရာထူး အပြောင်းအလဲသည် ငွေကြေးနိုင်ငံရေးဖြစ်သည့် အဓိကပြဿနာ ကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်းမရှိပါ။ ယခင်က ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင် ခဲ့့လင့်ကစား ငွေကြေး နိုင်ငံရေးသည် ဂျပန် ၏နိုင်ငံရေးစနစ်တွင် အနှံ့အပြားတွေ့နေရ ဆဲဖြစ်သည်။
၁၉၇၀ ပြည့်နှစ်ကာလများတွင် ဝန်ကြီး ချုပ်ဟောင်းတူကူအီတာနာကာသည် အဂ တိလိုက်စားမှု အရှုပ်တော်ပုံကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။ တာနာကာ နုတ်ထွက် သွားခဲ့ပြီးနောက် LDP ပါတီသည် ဦးသန့်ရှင်း Mr. Clean ဆိုသည့် ဝန်ကြီးချုပ်ဟောင်း တာကီယိုမီကီကို တာဝန်ပေးကာ ပြည်သူ့ယုံကြည်မှု ပြန်လည်ရရှိအောင်ကြိုး ပမ်းခဲ့သည်။
မကြာမီမှာပင် အကြီးစား ငွေကြေးအ ရှုပ်တော်ပုံတစ်ခုပေါ်ပေါက်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းတွင် ပေါ်ပေါက် ခဲ့သည့် reciruit scandal ပင်ဖြစ်သည်။ ဤ အရှုပ်တော်ပုံကြောင့် ဝန်ကြီးချုပ်ဟောင်း နိုဘိုရူတာကီရှီတာ နုတ်ထွက်သွားသည်။ ၎င်း၏အတွင်းရေးမှူးသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ အခြား အထင်ကရ နိုင်ငံရေးသမားများသည်လည်း နုတ်ထွက်ခဲ့ ကြသည်။ တာကီရှီတာ၏နေရာကို ဆက်ခံ သော ဝန်ကြီးချုပ်ဟောင်း ဆိုဆူကီအူနိုသည် လိင်ကိစ္စအရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး နောက် လပိုင်းအတွင်း ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။
ယင်းသို့ ကျော်မကောင်းကြားမ ကောင်း ဖြစ်ရပ်များဖြစ်ပွားနေချိန်တွင် LDP သည် နောက်ထပ်“ဦးသန့်ရှင်း” တစ်ဦး ဖြစ်သော ဝန်ကြီးချုပ်ဟောင်းတိုရှီကီကိုင်ဖူ ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ သို့ရာ တွင် LDP ပါတီ၏ ပြဿနာများသည်ကား ဆက်လက်ရှိနေဆဲဖြစ်သည်။ ၁၉၉၃ ဆာဂါ ၀ါကျူဘင် ငွေကြေးအရှုပ်တော်ပုံကြောင့် အခွန်တိမ်းရှောင်မှု စွဲချက်များဖြင့် LDP အာဏာရှင်ခေါင်းဆောင် ရှင်ကာနီမာရူ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲ ထောင်ကျ သွားသည့် အကျိုးဆက်ဖြစ်ပေါ်ခဲ့သည်။
ဆိုခဲ့ပါ အရှုပ်တော်ပုံများက ၁၉၉၃ ခုနှစ်တွင် LDP ပါတီ၏ ရွေးကောက်ပွဲရှုံးနိမ့် မှုကို ဦးတည်စေခဲ့ရာ ယင်းသည်ပင် ဂျပန် နိုင်ငံရေးလောက၌ ခေတ်သစ်တစ်ခုဟု ဆို နိုင်စရာရှိသည်။
သို့ရာတွင် အတိုက်အခံပါတီများသည် အစိုးရဖွဲ့ရန်နှင့် အစိုးရအဖွဲ့ကို ထိန်းထား ရန် အခက်အခဲများရှိခဲ့သည်။ ထို့ကြောင့် LDP သည် ၁၉၉၃ ရွေးကောက်ပွဲတွင် ရှုံးနိမ့် ခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် အာဏာပြန် ရလာခဲ့သည်။
အလားတူ LDP သည် ၂၀၁၂ ခုနှစ် တွင် ဂျပန်ဒီမိုကရက်တစ်ပါတီကို အနိုင်ရပြီး သုံးနှစ်အတွင်း အစိုးရအဖွဲ့ထဲ ပြန်ရောက် လာသည်။ အာဘေး အစိုးရအဖွဲ့လက်ထက် မှာပင် ငွေကြေးအရှုပ်တော်ပုံ သတင်းများ ထွက်ပေါ်ခဲ့သည်ဆိုသော်လည်း အာဘေး ကို လူကြိုက်များမှုကြောင့် အာဘေးသည် ဝန်ကြီးချုပ်အဖြစ် ရှင်သန်ခဲ့သည်။
လတ်တလော ရန်ပုံငွေကောက်ခံမှု အရှုပ်တော်ပုံနှင့်ယင်းအရှုပ်တော်ပုံ၏အ တိုင်းအတာသည် ဖော်ထုတ်နေဆဲဖြစ် သည်။ နောက်ထပ် နုတ်ထွက်မှုများ ဖြစ်လာ နိုင်စရာရှိနေသည်။ တရားမဝင်နိုင်ငံရေး ဆိုင်ရာ ရန် ပုံငွေ စုဆောင်းမှုနှင့် သက်ဆိုင် သော အသေး စိတ်များသည် မသိရသေးပေ။ အစိုးရရှေ့နေ ရုံးသည် စုံစမ်းစစ်ဆေးမှု လုပ် ပြီးပါက အရှုပ် တော်ပုံကို ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်သည်။
စုံစမ်းစစ်ဆေးမှု၏ရလဒ် မည်သို့ပင်ရှိ ပါစေ ကီရှီဒါ၏အနေအထားသည် အား နည်းသွားနိုင်သည်။ အတိတ်တုန်းက တာနာ ကာ၊ တာကီရှီတာတို့လို အရှုပ်တော်ပုံနှင့် တိုက်ရိုက် ငြိစွန်းခြင်းမရှိသော်လည်း LDP ပါတီဥက္ကဋ္ဌအဖြစ် ကီရှီဒါသည် ပါတီထဲက အရှုပ်ထုပ်ကို ကိုယ့်ဘာသာကိုယ်ရှင်းပြီး နုတ်ထွက်သွားသည်ကို ပြည်သူက မျှော်လင့် ထားသည်။
အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ် ခြင်းနှင့် LDP ပါတီတွင်း ပြုပြင်ပြောင်းလဲမှု များကို ဦးဆောင်၍ လုပ်ဆောင်သွားပါမည် ဟု ထုတ်ပြန်ထားလင့်ကစား ကီရှီဒါသည် ၂၀၂၄ စက်တင်ဘာတွင် LDP ပါတီ ဥက္ကဋ္ဌ ရွေးကောက်ပွဲမတိုင်မီ လက်ရှိ အရှုပ်တော်ပုံ ကိုကျော်လွှာရှင်သန်မည်ဆိုပါက ယင်း သည် နိုင်ငံရေးဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာပါလိမ့်မည်။ LDP နှင့် LDP ပါတီ၏ ဝန်ကြီးချုပ်တို့သည် တစ်ခုခုကို ရွေးကြရ မည်ဖြစ်သည်။
Ref: Asia Times