ကိုဗစ်မတိုင်မီက စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သော မြန်မာ့စီးပွားရေး

ကိုဗစ်မတိုင်မီက စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သော မြန်မာ့စီးပွားရေး
Published 17 December 2023

မြန်မာနိုင်ငံသည် ပဋိပက္ခအခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု အခြေအနေပေါင်းစုံ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအပေါ်  အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ကာလတိုအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းအနည်း ငယ်သာရှိသည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးလေ့ လာစောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

“ပဋိပက္ခကြားမှ စိန်ခေါ်မှုများ”ဟု အ မည်ပေးထားသည့် အစီရင်ခံစာအရ မြန်မာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် မတ် ၂၀၂၄ အထိ တစ်နှစ်အတွင်း တစ်ရာခိုင်နှုန်း သာ ရှိသည်ဟုခန့်မှန်းသည်။ အောက်တိုဘာ လကတည်းက မြန်မာနိုင်ငံအတွင်း ပဋိပက္ခ များ ဖြစ်ပွားမှုမြင့်တက်လာခဲ့ရာ လူဦးရေငါး သိန်းကျော်ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေ ကြရပြီး ကုန်သွယ်မှုလမ်းကြောင်းများကို ထိ ခိုက်စေကာ ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်လာခဲ့သည်။

ပဋိပက္ခဖြစ်ပွားမှုအရှိန် ဆက်လက်မြင့် မားလာခြင်းမရှိလျှင်ပင် လာမည့် ၂၀၂၄ ခု နှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု နှေး ကွေးနေမည့်အပြင် ၂၀၂၅ ခုနှစ်တွင် စိုက် ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍအပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေး ကွေးကြန့်ကြာမှုများ ဆက်လက်ကျယ်ပြန့် လာနေနိုင်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေ း ပမာဏသည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက   ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျလျက်ရှိ သောကြောင့် အရှေ့အာရှဒေသတွင် ကမ္ဘာ့ ကပ်ရောဂါမတိုင်မီရှိခဲ့သည့် စီးပွားရေးအ ခြေအနေသို့ ပြန်မရောက်နိုင်သည့် တစ်ခု တည်းသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိ နေသည်ဟုလည်း ဖော်ပြထားသည်။

ယခုနှစ် ဇွန်လအထိ ၁၂ လတာကာလ အတွင်း စားသုံးကုန်ပစ္စည်းများတန်ဖိုးသည် ၂၉ ရာခိုင်နှုနး်အထိ မြင့်တက်လာခဲ့သည့်အ ပြင် မကြာသေးခင်က မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့် ပဋိပက္ခများ ကျယ်ပြန့်လာခြင်း တို့ကြောင့် ကုန်စျေးနှုန်းများ ဆက်လက်မြင့် တက်လာနေဆဲဖြစ်သည်။

အိမ်ထောင်စုဝင်ငွေများ ဆိုးဆိုးရွားရွား ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်လယ်တွင် IFPRI က ကောက်ယူခဲ့ သည့် စစ်တမ်းအချက်အလက်များအရ အိမ် ထောင်စုများ၏ ရာခိုင်နှုန်း ၄၀ က ယခင်နှစ် ကထက် ဝင်ငွေကျဆင်းခဲ့ကြောင်း ဖြေကြားခဲ့ ကြပြီး ကာလလတ်အမှန်ဝင်ငွေမှာ ၁၀ ရာ ခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။ စားနပ်ရိက္ခာဖူ လုံမှုညွှန်းကိန်းများ ပိုမိုဆိုးရွားလာခဲ့သည်။

“စီးပွားရေးအခြေအနေတွင် ဆိုးရွား လာနေပြီး အနာဂတ်အတွက် မသေချာမ ရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ် ။ စားသောက်ကုန်စျေးနှုန်း မြင့်တက်လာ လာတာကြောင့် ဝင်ငွေအများစုကို အစား အစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်စျေးနှုန်း မြင့်တက်မှု ပိုမြန်တဲ့ဒေသတွေမှာ နေထိုင် ရတဲ့အခြေခံလူတန်းစားများကို ပိုပြီးထိခိုက် စေပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘော ဒီးယားနှင့်လာအိုပြည်သူ့သမ္မတနိုင်ငံ ဌာနေ ကိုယ်စားလှယ် မာရီယမ်ရှာမန် က ပြောကြား ခဲ့သည်။

စီးပွားရေးလုပ်ငန်းညွှန်းကိန်းများသည် ၂၀၂၃ ခုနှစ် နှစ်လယ်ကတည်းက ဆိုးရွား လာနေခဲ့သည်။ စက်တင်ဘာလတွင် ၎င်းင်း တို့လုပ်နိုင်စွမ်း၏ ၅၆ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်ခဲ့သော စီးပွားရေးလုပ်ငန်းများ က မတ်လမှစတင်၍ ၁၆ ရာခိုင်နှုန်းခန့် ပိုမို ကျဆင်းသွားခဲ့သည်ဟုဆိုသည်။ လက်လီအ ရောင်းသမားများအတွက် အရောင်းကျဆင်း လာခြင်းက အဓိကစိန်ခေါ်မှုဖြစ်သည်။

အစီရင်ခံစာ၏အထူးကဏ္ဍတွင် ပြီးခဲ့ သည့်ဆယ်စုနှစ်ကတည်းက အလုပ်အကိုင် ဖန်တီးမှုနှင့် ဝင်ငွေအတွက် အဓိကတွန်းအား ဖြစ်သည့် မြန်မာ့အထည်ချုပ်စက်ရုံလုပ်ငန်း များ၏အခြေအနေအပေါ် သုံးသပ်ဆွေးနွေး ထားသည်။ သို့ရာတွင် ပဋိပက္ခ၊ မြင့်မားသော ကုန်စည်သယ်ယူပို့ဆောင်စရိတ်များ၊ ကုန် သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့်လျှပ်စစ်ဓာတ်အား ပြတ် တောက်မှုများက စီးပွားရေးလုပ်ငန်းကုန်ကျ စရိတ်အပေါ် ထပ်မံဖိစီးနေသဖြင့် နိုင်ငံတ ကာစျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်း သွားစေသည်။

“စီးပွားရေးလုပ်ဆောင်နိုင်တဲ့အခင်းအကျင်း ကျဆင်းလာမှုနဲ့အတူ အနာဂတ်အ တွက် မရေရာမှုတွေ ပိုများလာတာကြောင့်  မြန်မာနိုင်ငံရဲ့အထည်ချုပ်စက်ရုံများဟာ ရင်း နှီးမြှုပ်နှံမှုနဲ့ တိုးချဲ့နိုင်ဖို့အတွက်မဟုတ်ဘဲ ရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီး အာရုံ စိုက် နေကြရပါတယ်။ မကြာသေးခင်က ဖြစ် ပေါ် တိုးတက်ပြောင်းလဲလာမှုတွေကြောင့် အထည်ချုပ်လုပ်ငန်းတွေသာမက မြန်မာ နိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအလားအလာအပေါ် အများကြီး အဟန့်အတားဖြစ်စေနိုင်ပါတယ်”ဟု ကမ္ဘာ့ ဘဏ်၏ အစီအစဉ်ဦးဆောင်သူနှင့် အကြီး တန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန် အဒ်ဝပ်က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် ထုတ် ပြန်သည့် S&P Global အာဆီယံထုတ် လုပ်မှု  စစ်တမ်းအရ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်မှလွဲ၍ မြန်မာအပါအဝင် အခြား အာဆီယံနိုင်ငံများ၏ ကုန်ထုတ်လုပ်မှု ကျ ဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ အ ခြေအနေသည် ၂၀၂၃ ခုနှစ် ကုန်ဆုံးရန် တစ် လအလိုတွင် ဆိုးရွားလာနေကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံ့မြောက်ပိုင်းရှိ ပြည်နယ်များတွင်  တိုက်ခိုက်မှုများ အသစ်တစ်ဖန်အရှိန်မြင့်လာ မှုက ရှိနှင့်ပြီး ဝယ်လိုအား အားပျော့နေခဲ့သည့် အခြေအနေကို ပိုမိုခက်ခဲလာစေခဲ့ပြီး ကုမ္ပဏီ အများအပြားက ဖောက်သည်များထံတွင် ငွေ ရေးကြေးရေးအခက်အခဲများ ရှိနေကြောင်း အစီရင်ခံကြသည်ဟု သိရသည်။

“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍဟာ   နိုဝင်ဘာလတွင်  အဓိက PMI အညွှန်းကိန်း အကျဘက်နယ်ပယ်ထဲကို ရှေ့ဆက်လျှော ဆင်းသွားခြင်းက ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး သုံးလပတ်ကို မဝံ့မရဲခြေလှမ်းတွေနဲ့ ဆက် လိုက်ခြင်းပါပဲ။ဒီလရဲ့ဒေတာက နိုင်ငံ့မြောက် ပိုင်းဒေသတစ်ဝန်း လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာမှုဟာ ထုတ်လုပ်ရေးကဏ္ဍအ ပေါ် သက်ရောက်နေတာကို မီးမောင်းထိုးပြ လိုက်ပါတယ်”ဟု  S & P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ဒေသအနှံ့တွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်လာခြင်း ကပါ ဝယ်လိုအားအခြေအနေကို အားနည်း လာစေခဲ့သည်။ အကျိုးဆက်အဖြစ် အော်ဒါ အသစ်များ ကျဆင်းလာမှုက ထုတ်လုပ်သူတို့ အား ထုတ်လုပ်မှုလျှော့ချရန် တွန်းအားပေးလာ ခဲ့သည်ဟုလည်း စစ်တမ်းတွင် ထောက်ပြထား သည်။

လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာမှု က ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုကြီးထွားလာစေခဲ့သည်။ ကုမ္ပဏီအချို့က ကုန်သွယ်ရေးလိုင်စင်ရယူရန် ကြိုးစားနေချိန် တွင် အခြားတစ်ဖက်တွင် လုပ်ငန်းရှင်တို့က ကုန်ကြမ်းရှားပါးနေပြီး ပို့ဆောင်ရေးအခက် အခဲများ ရှိနေကြောင်း အစီရင်ခံခဲ့ကြသည်။

“မကြာသေးမီက အကြမ်းဖက်မှုတွေ ပို  အရှိန်မြင့်လာနေပြီး နိုင်ငံရေးအခြေအနေပို ပြီး မရေမရာဖြစ်လာနေလျက် ငွေကြေးဖောင်း ပွမှုဆိုင်ရာ ဖိအားပေးမှုတွေ အားကောင်းနေ  ကာ နိုင်ငံတကာအခြေအနေ အခြေမသာတဲ့ အခြေအနေမျိုးထဲမှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ် မှုကဏ္ဍအတွက် အနာဂတ်ဟာ အတော်က လေး မှောင်ရိပ်သန်းလျက် ရှိနေဆဲပါပဲ”ဟု   S & P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluchက ပြောကြားခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ၏  GDP ကျဆင်းမှုနှုန်းမှာ  ၂၀၁၉ ကမ္ဘာ့ကပ်ရောဂါမဖြစ်မီအခြေအနေ က GDP ထက် နိမ့်ကျနေသည့်အခြေအနေ တွင်  ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ နောက် ဆုံးရရှိထားသည့် စီးပွားရေးအခြေအနေ များအရ  ၂၀၁၉ ခုနှစ် စီးပွားရေးထက် ၁၀ ရာခိုင်နှုန်းထက် နည်းသည့်ပမာဏနှင့်ဆက် လက်ရှိနေနိုင်ကြောင်း၊ ယင်းသည် မြန်မာ့ စီးပွားရေးအပေါ် ကမ္ဘာ့ကပ်ရောဂါ၏ သက် ရောက်မှုအပြင် လတ်တလောဖြစ်ပေါ်နေ သည့်ဖြစ်စဉ်များ၏အကျိုးဆက်ကြောင့် စီး ပွားရေးမတည်ငြိမ်မှုများ ဆက်လက်ရှိနေ နိုင်ခြင်းဖြစ်ကြောင်း  ကမ္ဘာ့ဘဏ်၏ အကြီး တန်း စီးပွားရေးပညာရှင် ကင်မ်က သုံးသပ် ပြောကြားခဲ့သည်။      

 

Most Read

Most Recent