■ ရေဘက်ကာဝက်ချ် ပရီးမီးယားလိဂ်၏ ပထမဆုံးအမျိုးသမီးဒိုင် ဖြစ်လာမည်     

■ ရေဘက်ကာဝက်ချ် ပရီးမီးယားလိဂ်၏ ပထမဆုံးအမျိုးသမီးဒိုင် ဖြစ်လာမည်     
Photo: Getty Images
Photo: Getty Images
Published 15 December 2023

အင်္ဂလန်အမျိုးသမီးဒိုင်လူကြီးတစ်ဦးဖြစ်သည့် ရေဘက်ကာဝက်ချ်(၄၀ နှစ်)သည် ပရီးမီးယားလိဂ်၏ ပထမဆုံးအမျိုး သမီးဒိုင်လူကြီး ဖြစ်လာမည်ဟု သိရသည်။ 

ရေဘက်ကာဝက်ချ်သည် ပြီးခဲ့သည့် နိုဝင်ဘာလက မန်ယူနှင့် ဖူလ်ဟမ်အသင်း ယှဉ်ပြိုင်ကစားသည့်ပွဲတွင် စတုတ္ထဒိုင်အဖြစ် ဆောင်ရွက်ခွင့်ရခဲ့ကြောင်း သိရသည်။ 

၎င်းသည် ယခုအခါ လာမည့် ဒီဇင်ဘာ(၂၃)ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဖူလ်ဟမ်နှင့် ဘန်လေပွဲ၌ ကွင်းလယ်ဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။ 

ထို့ကြောင့် ရေဘက်ကာဝက်ချ်အနေဖြင့် ပရီးမီးယားလိဂ်၏ ပထမဆုံးအမျိုးသမီးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent