အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကို ခေါ်ယူရန် ဝုလ်ဗ်အသင်း စိတ်ဝင်စားနေ

အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကို ခေါ်ယူရန် ဝုလ်ဗ်အသင်း စိတ်ဝင်စားနေ
Photo: Arsenal News Channel
Photo: Arsenal News Channel
Published 27 November 2023

ဝုလ်ဗ်အသင်းသည် အာဆင်နယ်အသင်းမှ အင်္ဂလန်ဂိုးသမား ရမ်းစ်ဒေးလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ဝုလ်ဗ်အသင်းသည် လက်ရှိ ပထမဂိုးသမား ဟိုဆေးဆားကို ဆော်ဒီကလပ်များက ခေါ်ယူရန် ချဉ်းကပ်ကြိုးစားနေသည့်အတွက် ရမ်းစ်ဒေးလ်ကို အစားထိုးခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ရမ်းစ်ဒေးလ်သည် အာဆင်နယ်အသင်း၌ ပထမဂိုးသမားနေရာကို ဆုံးရှုံးထားရသူဖြစ်ပြီး ယူရိုပြိုင်ပွဲအတွက် ပုံမှန်ပွဲကစားခွင့်ရရှိရန် လိုလားနေသည်။ 

ထို့ကြောင့် ဝုလ်ဗ်အသင်းက ရမ်းစ်ဒေးလ်ကို အငှားဖြင့် ဦးစွာခေါ်ယူပြီး ရာသီကုန်ချိန်၌ အပြီးသတ်ခေါ်ယူမည့်ကမ်းလှမ်းမှု ပြုလုပ်ဖွယ်ရှိကြောင်း Daily Star က သုံးသပ်ဖော်ပြခဲ့သည်။ 

Most Read

Most Recent