မြိတ်မြို့နယ် တောင်ရှည်ကျေးရွာတွင် ဆေးကြောင်နေသူတစ်ဦးက မြေးအဘိုးနှစ်ဦးကို ပုဆိန်ဖြင့်ခုတ်ရာ မြေးဖြစ်သူ သေဆုံး

မြိတ်မြို့နယ် တောင်ရှည်ကျေးရွာတွင် ဆေးကြောင်နေသူတစ်ဦးက မြေးအဘိုးနှစ်ဦးကို ပုဆိန်ဖြင့်ခုတ်ရာ မြေးဖြစ်သူ သေဆုံး
ပုဆိန်ဖြင့်ခုတ်ခံရသည့် အဘိုးဖြစ်သူ ဦးအောင်သန်းကြည်ကို တွေ့ရစဉ်
ပုဆိန်ဖြင့်ခုတ်ခံရသည့် အဘိုးဖြစ်သူ ဦးအောင်သန်းကြည်ကို တွေ့ရစဉ်
Published 26 November 2023
ဇော်မိုးဦး (မြိတ်)

မြိတ်မြို့နယ် တောင်ရှည်ကျေးရွာတွင် ဆေးကြောင်နေသူတစ်ဦးက ၎င်းနှင့် အမျိုး တော်စပ်သူ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်နှင့် အဘိုးဖြစ်သူအား ပုဆိန်ဖြင့်ခုတ်ခဲ့ရာ မိန်းကလေးငယ်မှာ သေဆုံးသွားပြီး အ ဘိုးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တောင်ရှည်ကျေးရွာအုပ်စု တောင်ရှည်ကျေး ရွာတွင် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးက ၁၅ နှစ်အရွယ် ( Grade 9 ) ကျောင်းသူတစ်ဦးအား ပုဆိန်ဖြင့်ခုတ်သတ် လိုက်သည့်အတွက် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဆိန်ဖြင့်ခုတ်သူမှာ မျိုးဇော်ဌေး (၄၃ နှစ်) ဆိုသူဖြစ်ပြီး အိမ်နီးချင်းဖြစ်သူ မမေနန်းကျော်မှာ မျိုးဇော်ဌေးနေအိမ်တွင် ဖုန်းကြည့်နေစဉ် ဦးခေါင်းကို ပုဆိန်ဖြင့်အခုတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးဇော်ဌေးက မမေနန်းကျော်အား ပုဆိန်ဖြင့်ခုတ်ပြီး နေအိမ်အောက်သို့ ဆွဲချလာ စဉ် အဘိုးဖြစ်သူမှ မြေးဖြစ်သူ မမေနန်းကျော်ကို ဝင်ရောက်ပွေ့ချီရာ မျိုးဇော်ဌေးက ပုဆိန်ဖြင့် ထပ်မံခုတ်ခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မိန်းကလေးကို အကြောင်းပြချက်မရှိဘဲ ကပ်ပ (ပုဆိန်) နဲ့ ဝင်ခုတ်လိုက်တာ။ မိန်းကလေးက မျိုးဇော်ဌေးဆိုသူနဲ့ အမျိုးတော်စပ်တယ်။ သူ့ရဲ့တူမတော်စပ်တာပါ။ ဦးခေါင်းကို ကပ်ပနဲ့ ဝင်ခုတ်လိုက်တဲ့အတွက် မိန်းကလေးငယ် သေဆုံးသွားခဲ့ရတယ်။ မမေနန်းကျော် ကို ကပ်ပနဲ့ခုတ်ပြီး အိမ်အောက်ကို ဆွဲချလာ တာကို မြင်လိုက်တဲ့ သူ့အဘိုးက ဝင်ရောက် ပွေ့ချီလိုက်တဲ့အချိန်မှာ အဘိုးဖြစ်သူကိုလည်း ကပ်ပနဲ့ ထပ်ခုတ်လိုက်ပြန်တယ်။ မျိုးဇော် ဌေးက မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေ တာပါ။ အခုရဲစခန်းက လာရောက်ဖမ်းဆီးပြီး မြိတ်မြို့မရဲစခန်းကို လွှဲအပ်လိုက်ပါပြီ”  ဟု တောင်ရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့် ဝင်းက ပြောကြားသည်။

ပုဆိန်ဖြင့်ခုတ်ခံရသည့် အဘိုးဖြစ်သူ ဦးအောင်သန်းကြည်မှာ ဦးခေါင်းတွင် ဒဏ် ရာရ (မစိုးရိမ်ရ)ရှိခဲ့ပြီး ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။

 

Most Read

Most Recent