ဆီးချိုသွေးချိုနှင့်သွေးတိုးယှဉ်တွဲဖြစ်လာခြင်း

ဆီးချိုသွေးချိုနှင့်သွေးတိုးယှဉ်တွဲဖြစ်လာခြင်း
Published 18 November 2023
​​​​​​​■ ဒေါက်တာလွင်သန့်

ဆီးချိုသွေးချို ရောဂါရှိသူတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေ များပါတယ်။ ဆီးချိုရောဂါနဲ့သွေးတိုးရောဂါတို့အမြဲတွဲဖြစ်တတ်ပါတယ်။ဆီးချို၊သွေးတိုး၊နှလုံးသွေးကြောရောဂါ၊သွေးတိုးရောဂါ၊လေဖြတ်ရောဂါ အဆိုပါငါးမျိုးကအမြဲတမ်းတွဲနေတတ်ပါတယ်။ဆီးချိုနဲ့သွေးတိုးကအစကတည်းကတွဲနေတယ်။ ဒါ့ပြင်ဆီးချိုရောဂါကကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ကျောက်ကပ်မကောင်းတဲ့အခါမှာ သွေးတိုးရောဂါဖြစ်လာနိုင်တယ်။ ဒါကြောင့်ဆီးချိုနဲ့သွေးတိုးကပိုပြီးတွဲဖြစ်ဖို့များလာပါတယ်။

ဆီးချိုရောဂါရှိသူတွေမှာ သွေးတိုးဖြစ်နိုင်ခြေ (၃၀-၅၀ ရာခိုင်နှုန်း) ထိရှိပါတယ်။ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းနိုင်ရင် သွေးတိုးရောဂါ ကာကွယ်နိုင်တယ်ဆိုတာမဟုတ်ဘူး။ ဆီးချိုကိုနိုင်အောင်မထိန်းရင်တော့ေ ကျာက်ကပ်ထိရင်သွေးတိုးကဖြစ်လာနိုင်ပါတယ်။ ဆီးချိုကိုထိန်းထားနိုင်ရုံနဲ့သွေးတိုးကို ကာကွယ်နိုင်တာမဟုတ်ဘူး။ သွေးတိုးကလည်း မိဘမျိုးရိုးကြောင့်ဖြစ်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက်သူ့ဘာသာဖြစ်စေတတ်တယ်။ ဆီးချိုကလည်းမိဘမျိုးရိုးကြောင့်ရော၊ နေထိုင်မှုစရိုက်(Life style)ကြောင့်ပါဖြစ်လာတာဖြစ်ပါတယ်။ ဆီးချိုကိုထိန်းထားတဲ့အတွက်ဆီးချိုရောဂါကြောင့်ဖြစ်တဲ့သွေးတိုးရောဂါကိုကာကွယ်နိုင်တယ်။သွေးတိုးရောဂါဟာ၁၀၀ မှာ ၅၉ ရာခိုင်နှုန်း ကမျိုးရိုးကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်လာရင်အဲဒီနှစ်ခုယှဉ်တွဲပြီးဖြစ်တတ်ပေမဲ့ ကာကွယ်လို့မရပါဘူး။

 ဆီးချိုသွေးချိုနဲ့သွေးတိုးရောဂါနောက်ဆက်တွဲက သိပ်မကောင်းပါဘူး။ ဆီးချိုကိုယ်တိုင်ကလေဖြတ်နိုင်ခြေအရမ်းများပါတယ်။ သွေးတိုးရောဂါလည်းလေဖြတ်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးချိုကလည်း နှလုံးထိတယ်။ သွေးတိုးကလည်းနှလုံးထိတယ်။ ဒါကြောင့်အဆိုပါရောဂါနှစ်ခုတွဲနေရင်လေဖြတ်ဖို့အရမ်းလွယ်သလို နှလုံးရောဂါကိုလည်းပိုပြီးဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်ကိုလည်းပိုပြီးပျက်စီးစေပါတယ်။ မျက်လုံးကိုလည်းထိပါတယ်။ ရောဂါတစ်ခုချင်းကိုယ်တိုင်ကအဆိုပါလေးချက်ကိုဖြစ်စေနိုင်တဲ့အတွက်ရောဂါနှစ်ခုပေါင်လိုက်ရင် ပိုပြီးဖြစ်ဖို့လွယ်လာတယ်။ ဒါကြောင့်အဆိုပါရောဂါနှစ်ခုကြောင့်လေမဖြတ်အောင်၊ မျက်စိမထိအောင်၊နှလုံးနဲ့ကျောက်ကပ်မထိအောင်အထူးဂရုပြုကာကွယ်ထားဖို့လိုပါတယ်။

ဆီးချိုရောဂါနဲ့သွေးတိုးရောဂါတွဲဖြစ်တာကြောင့်ဆီးချိုကိုယ်တိုင်လေဖြတ်နိုင်ခြေများလို့ ဆီးချိုသွေးချိုဆေးမှန်မှန်သောက်ဖို့လိုပါတယ်။ သွေးတိုးရောဂါအတွက်လည်း သွေးတိုးကျဆေးကိုမှန်မှန်သောက်ဖို့အရေးကြီးပါတယ်။ ကူးစက်ရောဂါမဟုတ်တဲ့အဆိုပါရောဂါနှစ်ခုကိုကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံနဲ့ထိန်းလို့ရတယ်။ အချိုများလွန်းတာ၊ အငန်များလွန်တာ ရှောင်သင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုတယ်။ နေ့စဉ်နာရီဝက်မှတစ်နာရီအပြေး၊လမ်းလျှောက်၊ ရွရွပြေး၊စက်ဘီးစီး၊ ရေကူးပြုသင့်ပါတယ်။ ရေများများသောက်သင့်ပါတယ်။ အသီးအရွက်များများစားသင့်ပါတယ်။ တက်ကြွတဲ့လူနေမှုပုံစံဖြစ်အောင်နေသင့်ပါတယ်။ စိတ်ဖိစီးမှုကရောဂါနှစ်ခုစလုံးကို ပိုဆိုးရွားစေတဲ့အတွက်စိတ်ဖိစီးမှုကိုလျှော့ချပေးဖို့လိုအပ်ပါတယ်။

ဆီးချိုသွေးချိုရော၊ သွေးတိုးရောဂါပါနှစ်မျိုးစလုံးဖြစ်တဲ့အခါအသက်အန္တရာယ်စိုးရိမ်စရာရှိပါတယ်။လေဖြတ်သွားနိုင်တယ်။နှလုံးသွေးကြောပိတ်သွားနိုင်တယ်။ကျောက်ကပ်ပျက်စီးသွားနိုင်တယ်။ဒါကြောင့်အဆိုပါရောဂါနှစ်ခုရှိတဲ့သူတွေလိုက်နာဖို့(ABCDE)ဆိုတဲ့အချက်လေးကိုချမှတ်ထားပါတယ်။

 အေက အက်ဗပရင်(Asprin /Advice) - အက်စပရင်ဆေးသောက်(သို့မဟုတ်) ဆရာဝန်ရဲ့အကြံဉာဏ်ရယူသင့်တယ်။

ဘီက သွေးဖိအား (Blood pressure) ဖြစ်ပြီး ပုံမှန်၁၂၀-၈ဝမီလီမီတာပြဒါးထားရှိသင့်တယ်။ ဘယ်သူမဆို၁၄၀-၉ဝမီလီမီတာပြဒါးထက်များနေရင်သွေးတိုးရောဂါဖြစ်တယ်လို့(WHO)ကသတ်မှတ်ထားတယ်။

 စီက ကိုလက်စထရော (Cholesterol)ဖြစ်ပြီး သွေးတွင်းကိုလက်စထရောစစ်ဆေးသင့်ပါတယ်။ ကောင်းတဲ့ကိုလက်စထရော(HDL_High Densenty lipoprotein)က ၅၀ အောက်ရှိသင့်တယ်။ မကောင်းတဲ့ကိုလက်စထရော(LDL_Low Densenty Lipoprotein)က ၁၀၀ အောက်ရှိကာစုစုပေါင်းကိုလက်စထရော(Total chlosteral)က ၂၅၀ အောက်ရှိသင့်ပါတယ်။ ထရိုင်ဂလစ်စရိုက်(Triglyceride)က ၁၅၀ မီလီဂရမ်ရာခိုင်နှုန်းအောက်ရှိရပါတယ်။သာမန် သွေးတွင်းဆီချို(Diabetes)ကိုယ်စားပြုပြီးပုံမှန်(၇၅-၁၇၅)မီလီဂရမ်ရာခိုင်နှုန်း (Mg ရာခိုင်နှုန်း) ရှိရပါတယ်။

အီးကလေ့ကျင့်ခန်း (Exercise) လုပ်ရပါတယ်။ နေ့စဉ်နာရီဝက်မှတစ်နာရီကြာအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးတစ်ခုခုပြုသင့်ပါတယ်။

 အေဘီစီဒီအီး(ABCDE)ဆိုတဲ့အလွယ်အချက်လေးတွေချမှတ်ထားပါတယ်။ နောက်ထပ်သိသင့်တာကဆီးချိုရှိသူတွေကသွေးကြောတွေကျဉ်းသွားတဲ့အတွက်ဦးနှောက်နဲ့နှလုံးကိုသွေးလည်ပတ်မှုနည်းသွားပါတယ်။ ဒါကြောင့်ဦးနှောက်ထဲသွေးရောက်ရှိမှုနည်းသွားလို့လေဖြတ်ဖို့များပါတယ်။

ဆီးချိုသွေးချိုနဲ့သွေးတိုးရောဂါနှစ်ခုဖြစ်သူတွေအစားအသောက်၊အနေအထိုင်အတွက်ချိုလွန်း၊ငန်လွန်၊အဆီအဆိမ့်များလွန်းတာတွေရှောင်သင့်ပါတယ်။ အသီးအရွက်၊ငါးစတာတွေမရှောင်သင့်ဘူး။ အသီးအရွက်ကဝမ်းမှန်စေပါတယ်။အစာအိမ်အူလမ်းကြောင်းအကျိုးပြုဗက်တီးရီယားတွေကာကွယ်ပေးတယ်။ နေ့စဉ်လေ့ကျင့်ခန်းနာရီဝက်မှတစ်နာရီအပြေး၊ လမ်းလျှောက်၊ ရွရါပြေး၊စက်ဘီစီး၊ရေကူးပြုသင့်ပါတယ်။ဆီးချိုဆေးကိုမှန်မှန်သောက်သုံးသင့်ပါတယ်။

မက်ဖော်မင်(Metformin 500 mg)နဲ့ဂလစ်(Glidz 80 mg)တစ်နေ့နှစ်ကြိမ်တွဲပြီးသောက်သင့်ပါတယ်။ ဆီးချိုဆေးတစ်မျိုးတည်းသောက်တာကဆေးယဉ်းပါးမှုဖြစ်စေပြီး ဘေးထွက်ဆိုးကျိုးများပါတယ်။ဆီးချိုရှိသူနှလုံးရောဂါဖြစ်ရင် သွေးကြောကတစ်နေရာလေးပဲ ပိတ်တာမဟုတ်ပေမဲ့ ပြင်လိုက်ကြီးကျဉ်းလာပြီးပိတ်တတ်ပါတယ်။ ဆီးချိုသမား၊နှလုံးသွေးကြောကျဉ်းလို့စတန့်(stents)ထည့်ရင်ဆရာဝန်တွေကဆီးချိုကိုနိုင်အောင်ထိန်းဖို့ပြောရပါတယ်။ အက်စပရင်ဆေးကိုမှန်မှန်သောက်ဖို့ပြောရပါတယ်။ ချဲ့လိုက်တဲ့စကန့်(stents)ကပြန်ပိတ်သွားနိုင်ပါတယ်။

 ဆီးချိုနဲ့သွေးတိုးနှစ်ခုတွဲနေရင် ရောဂါကုသရာမှာအရမ်းခက်ပါတယ်။ဆီးချိုရှိသူသွေးတိုးနေရင်အနည်းဆုံးဆေး(၂-၃)မျိုးပေါင်းပြီးကုသသင့်ပါတယ်။ဆီးချိုကလည်းကျဖို့သိပ်မလွယ်ပါဘူး။ အဆိုပါဆေးအပြင် အက်စပရင်(Asprin)ဆေးလည်း ပေးရပါတယ်။ ကယ်လိုရီကျဆေးလည်းသောက်ရတယ်။ သည်ကြားထဲအားနည်းနေရင် အားဆေးလည်းပေးရပါတယ်။အားလုံးတစ်ခါသောက်ရင်ဆေး ၁၀ မျိုးလောက်အထိ ဖြစ်သွားတဲ့အခါကိုယ့်သဘောနဲ့ကိုယ်ဆေးတွေဖြတ်ပစ်တတ်ကြတယ်။အဲဒါတွေကရောဂါကိုပိုပြီးဆိုးစေပါတယ်။ အများစုဆေးတွေသောက်ရတာများတဲ့အတွက်ကျောက်ကပ်ထိနိုင်တယ်ထင်ပြီး ဆေးတွေဖြတ်လိုက်ကြတယ်။ အဲဒါတွေကိုမလိုက်နာရင်ရောဂါပိုဆိုးစေပါတယ်။ အများစုကဆေးတွေသောက်ရတာများတဲ့အတွက်ကျောက်ကပ်ထိနိုင်တယ်ထင်ပြီးရပ်လိုက်တယ်။ တကယ်တော့ဆီးချိုသွေးချိုရောဂါကိုမထိန်းခဲ့ရင်သာ ကျောက်ကပ်ကိုထိစေနိုင်ပါတယ်။

 အကောင်းဆုံးကတော့သွေးတိုးမဖြစ်အောင်ကာကွယ်သင့်ပါတယ်။ အဖေနဲ့အမေမှာ ဆီးချိုနဲ့သွေးတိုးရောဂါမျိုးရိုးရှိတယ်။ ဒါပေမဲ့ ကိုယ်ကအသက်ငယ်သေးလို့မဖြစ်သေးဘူးဆိုရင်အဲဒီလူတွေကပိုပြီးသတိထားနေသင့်ပါတယ်။ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့အမြဲနေဖို့ လိုအပ်ပါတယ်။

 လေ့ကျင့်ခန်းကိုလေ့ကျင့်ခန်းနဲ့ထူအောင်လုပ်သင့်ပါတယ်။ နာရီဝက်မှတစ်နာရီကြာနေ့စဉ်လမ်းလျှောက်၊အပြေး၊ ရွရွပြေး၊စက်ဘီးစီး၊ရေကူးပြုသင့်ပါတယ်။လေ့ကျင့်ခန်းကနည်းနည်းရင်တုန်မယ်။ ချွေးထွက်မယ်။ နေ့စဉ်စားသုံးလို့ပိုလျှံတဲ့ ကယ်လိုရီကိုအဆီအဖြစ်မစုစေဘဲ ချွေးအဖြစ်စွန့်ထုတ်ပစ်လို့အဆီစုဝေးခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုသွေးချို၊နှလုံးသွေးကြောနဲ့သွေးတိုးရောဂါတို့မှကာကွယ်ပေးပါတယ်။

ကိုယ်ကရောဂါကာကွယ်နေရင်းမျိုးရိုးကြောင့်ရောဂါဖြစ်သွားခဲ့ရင်လည်းသတ်မှတ်ထားတဲ့အတိုင်းအတာအတိုင်းဆီးချိုသွေးချိုရောဂါနဲ့သွေးတိုးရောဂါကိုနိုင်အောင်ထိန်းပေးဖို့လိုပါတယ်။နေ့စဉ်တစ်ကြိမ်သွေးချိန်သင့်ပါတယ်။ဆီးချိုကိုလည်းဆီးချိုစက်(Glucometer)ဆောင်ထားပြီးနေ့စဉ် နံနက် ၆ နာရီ တစ်ကြိမ်ချိန်သင့်တယ်။

 အချို့ကဆီးချိုမတက်ဘူး။ သွေးမတိုးဘူးဆိုပြီးပုံမှန်သောက်နေကျဆေးတွေရပ်လိုက်ပါတယ်။ ဒါဟာရောဂါကိုဆေးယဉ်ပါးအောင်လုပ်နေသလိုဖြစ်ပါတယ်။ပုံမှန်သောက်နေကျသွေးပေါင်ကျဆေး၊ သွေးချိုဆီချိုကျဆေးသောက်သင့်ပါတယ်။ နည်းနည်းဝနေရင်အဆီချဆေး(Atovastin 20 mg)ညစဉ်တစ်လုံးသောက်သင့်ပါတယ်။အစားအစာတွေ ပါးစပ်အလိုလိုက်ပြီး မစားသောက်သင့်ပါဘူး။ သည်လိုအနေအထိုင်ဆင်ခြင်သွားရင်ဆေးသောက်ရင်း လူ့သက်တမ်းစေ့နေနိုင်ပါတယ်။  

Most Read

Most Recent