■ လူးဝစ်ဒီယက်ဇ်က ကိုလံဘီယာမှာ ဘယ်လောက် အရေးပါလဲ (၃)

■ လူးဝစ်ဒီယက်ဇ်က ကိုလံဘီယာမှာ ဘယ်လောက် အရေးပါလဲ (၃)
Photo: Sky Sports
Photo: Sky Sports
Published 15 November 2023
AK

လူးဝစ်ဒီယက်ဇ်တို့ မွေးရပ်မြေဟာ သယံဇာတကျိန်စာမိနေသလို၊ မူးယစ်ဂိုဏ်းတွေ၊ လွတ်မြောက်ရေးအင်အားစုတွေနဲ့ အမြဲတမ်း ပဋိပက္ခတွေရှိနေပါတယ်။ လူးဝစ်ဒီယက်ဇ်ရဲ့ အဖေ မန်နူရယ်လ်ပြန်ပေးဆွဲခံရတဲ့ဖြစ်ရပ်ဆိုရင် သိပ်ပြီးရုပ်ရှင်ဆန်ပါတယ်။ မန်နူရယ်လ်ကို ကိုလံဘီယာအစိုးရရဲ့အတိုက်အခံ ကိုလံဘီယာအမျိုးသားလွတ်မြောက်ရေးအင်အားစုက ပြန်ပေးဆွဲခဲ့တာပါပဲ။ မန်နူရယ်လ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ (၂၈) ရက်ကဆီဆိုင်မှာ ကားဆီဖြည့်နေတုန်း လက်နက်ကိုင်ထားတဲ့အမျိုးသားနှစ်ဦးကပြန်ပေးဆွဲ သွားတာဖြစ်ပါတယ်။ဒီယက်ဇ်ရဲ့ မိခင်ကတော့ ကံကောင်းစွာပဲ ပြန်ပေးသမားတွေလက်က လွတ်မြောက်ခဲ့ပြီး မန်နူရယ်ကတော့ (၁၂)ရက်ကြာအထိပြန်ပေးဆွဲခံခဲ့ရတယ်။ ကိုလံဘီယာအစိုးရက ဒီ ယက်ဇ်ရဲ့ ဖခင်မန်နူရယ်လ်ကိုစစ်တပ်သုံးပြီး ရှာဖွေခဲ့ပေမဲ့ အစအနမရခဲ့ဘဲ နောက်ဆုံး ကိုလံဘီယာအမျိုးသားလွတ်မြောက်ရေးအင်အားစုက လွှတ်ပေးခဲ့တာပါပဲ။

 

Most Read

Most Recent