"ကျွန်တော့်အနေနဲ့ ဘယ်တိုက်စစ်ကစားသမားတွေကိုမှ စောင့်ကြည့်ခဲ့ခြင်းမရှိပါဘူး။ အတုယူခဲ့ခြင်းလည်း မရှိဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် သွင်းဂိုးတွေ ရရှိဖို့ကိုပဲ ကြိုးစားခဲ့ပါတယ်" ဒီစကားကို ပြောကြားခဲ့သူကတော့ လေဗာကူဆင် ကြယ်ပွင့်တိုက်စစ်မှူး ဘိုနီဖေ့စ်ပါပဲ။ ဘိုနီဖေ့စ်က ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလကမှ လေဗာကူဆင်အသင်းကို ရောက်ရှိလာသူဖြစ်ပြီး အချိန်တိုအတွင်း အသင်းနဲ့ တစ်သားတည်းကျခဲ့တယ်။ နည်းပြ ဇာဘီအလွန်ဆိုရဲ့ အားထားရာ တိုက်စစ်မှုးဖြစ်လာခဲ့တယ်။ သူနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ လေဗာကူဆင်နည်းပြ အလွန်ဆိုက "ဗစ်တာ(ဘိုနီဖေ့စ်)ကို ကျွန်တော်ကိုယ်တိုင် လိုလိုချင်ချင်ခေါ်ယူခဲ့တာပါ။ အသင်းရဲ့တိုက်စစ်ပြဿနာကို ဖြေ ရှင်းနိုင်ဖို့ သူ့ကို ကျွန်တော်တို့ လိုအပ်ပါတယ်။ လက်ရှိသူ့ရဲ့စွမ်းဆောင်ရည်ကို ခင်ဗျားတို့မြင်ကြမှာပါ။ ဗစ်တာအနေနဲ့လည်း ဒီထက် အများကြီးတိုးတက်လာပါလိမ့်မယ်"လို့ ဆိုခဲ့တာပါ။
လေဗာကူဆင်နဲ့အတူ အမြင့်ပျံဖို့ကြိုးနေတဲ့ ဘိုနီဖေ့စ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















