နောက်ဆုံးတော့ မန်စီးတီးပဲလား

နောက်ဆုံးတော့ မန်စီးတီးပဲလား
Photos: AFP
Photos: AFP
Published 11 November 2023

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ ရာသီဆက်တိုက် ရယူထားတဲ့ မန်စီးတီးအသင်းအတွက် ဒီလိုစမ်းသပ်ခန်းတွေ ရင်ဆိုင်ရပေါင်းများခဲ့ပါပြီ။ ကျော်ဖြတ်နိုင်ခဲ့ပေါင်းလည်း များပါပြီ။ နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့တဲ့ ရာသီကမှ ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ် ရရှိထားတာကြောင့် အမှတ်ပေးချန်ပီယံဆု ရယူတဲ့နေရာမှာ ပိုထူးချွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ဘယ်ကွေ့ရောက်ရင် ဘာတက်နဲ့ လှော်ရမလဲဆိုတာ ကျွမ်းကျင်ခြင်းလည်းဖြစ်ပါတယ်။ နည်းပြအများစုက တစ်ပွဲချင်းသာ အာရုံစိုက်ယှဉ်ပြိုင်လေ့ရှိတယ်လို့ ပြောကြပေမဲ့ ချန်ပီယံဆုမျှော်မှန်းတဲ့နည်းပြတွေကတော့ ဒီထက်ပိုပြီး တွေးရတွက်ရပါတယ်။ တစ်ရာသီလုံးစာပွဲစဉ်ဇယားကို ကျေညက်နေပြီးသား ဖြစ်နေတတ်ပြီး ဘယ်လိုအချိန်ကာလမှာ အမှတ်စုဆောင်းရမယ်၊ ဘယ်လိုအချိန်ကာလမှာ ထိန်းသိမ်းကစားရမယ်ဆိုတာ သိနေတတ်ကြပါတယ်။ အခုလိုပွဲကျပ်ကာလဟာ ရေစီးသန်တဲ့မြစ်ကွေ့တစ်ခုကို ဖြတ်သန်းရသလို အချိန်အခါမျိုးပါပဲ။ သတိကြီးကြီးထားပြီး ယှဉ်ပြိုင်ရမယ့် ပွဲကျပ်ကာလမှာအမှတ်ပြည့်ရရှိအောင် စွမ်း ဆောင်နိုင်ခဲ့ရင်တော့ မန်စီးတီးရဲ့ ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်က အတော်လေးဖြောင့်ဖြူးသွားပြီလို့ ဆိုရမှာပါ။ 

 

Most Read

Most Recent