လားရှိုး - မန္တလေး ပြည်ထောင်စုလမ်းမတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး မြောက်ပိုင်းအဖွဲ့များက လမ်းသားများကို ဖြတ်တောက်ထားသဖြင့် ယာဉ်များဖြတ်သန်းသွားလာ နိုင်ခြင်းမရှိသေး

လားရှိုး - မန္တလေး ပြည်ထောင်စုလမ်းမတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး မြောက်ပိုင်းအဖွဲ့များက လမ်းသားများကို ဖြတ်တောက်ထားသဖြင့် ယာဉ်များဖြတ်သန်းသွားလာ နိုင်ခြင်းမရှိသေး
လားရှိုး - မန္တလေးလမ်းမကြီး နောင်ချိုမြို့နယ် အုမ္မသီး/အုမ္မခါးလမ်းပိုင်း ပျက်ဆီးနေမှုကို လုံခြုံရေးအဖွဲ့များက ပြုပြင်နေစဉ်
လားရှိုး - မန္တလေးလမ်းမကြီး နောင်ချိုမြို့နယ် အုမ္မသီး/အုမ္မခါးလမ်းပိုင်း ပျက်ဆီးနေမှုကို လုံခြုံရေးအဖွဲ့များက ပြုပြင်နေစဉ်
Published 9 November 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - မန္တလေး ပြည်ထောင်စုကားလမ်းမကြီးတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး မြောက်ပိုင်းအဖွဲ့များက လမ်းသွားများကို ဖြတ်တောက်ထားသဖြင့် ယာဉ်များဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လားရှိုး- မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ် နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေမှုများ ရှိနေခြင်း၊ လမ်းများပေါ်တွင် ယာဉ်များဖြတ်သန်းသွားလာ၍ မရနိုင်အောင် လမ်းသားများ ဖြတ်တောက်ထားခြင်းတို့ကြောင့် လားရှိုး- မန္တလေး ပြည်ထောင်စုကားလမ်းသည် ယနေ့(နိုဝင်ဘာ ၉ ရက်)ထိ အသုံးပြု၍ မရသေးကြောင်း သိရသည်။

“ဂုတ်တွင်းတစ်ဝိုက်မှာတော့ လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော ခပ်စိပ်စိပ် ကြားနေကြရတယ်။ လက်နက်ကိုင်အများစုဖြတ်သန်းသွားလာမှုပြုနိုင်တဲ့ ရွာတွေက ဒေသခံတွေကတော့ နောင်ပိန်မှာ တိုက်ပွဲလာရှောင်နေကြရတယ်။ လောလောဆယ် ဂုတ်တွင်းလမ်းကို ဘယ်ယာဉ်မှ ဖြတ်သန်းလို့ မရသေးဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဂုတ်တွင်းအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သဖြင့် ၄င်းပတ်ဝန်းကျင်မှဒေသခံအများအပြား လက်နက်ကြီးကျည်ထိမှန်မည် စိုးရိမ်စိတ်များဖြင့် နီးစပ်ရာကျေးရွာများနှင့်အိမ်များ ၊ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရကြောင်း သိရသည်။

Most Read

Most Recent