အမေရိကန် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသော ဒေါ်နယ်ထရန့်သည် ဒီဇင်ဘာ ၂ ရက်တွင် ထိုင်ဝမ်သမ္မတနှင့် ဖုန်းမှတစ်ဆင့် စကားပြောခြင်းဖြင့် ဆယ်စုနှင့် အတန်ကြာ စောင့်ထိန်းခဲ့သည့် အမေရိကန်၏ သံတမန်ရေး သတိကို ချိုးဖောက်ခဲ့ပြီး တရုတ်၏ ငြိုငြင်ခံရနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်လိုက်ကြောင်း သိရသည်။
သို့သော် ထရန့်က ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်နှင့် ဖုန်းပြောခြင်းသည် အမေရိကန်၏ တရားဝင် ရပ်တည်ချက်ဖြစ်သည့် “တရုတ် တစ်နိုင်ငံတည်း တည်ရှိမှု” အား လက်ခံထားခြင်းကို တမင်သွေဖီအောင် ပြုလုပ်ခြင်း ဟုတ် မဟုတ် ကွဲကွဲပြားပြား သိရှိရခြင်း မရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ ယင်းကဲ့သို့ ဖုန်းပြောမှု သက်သက်သည်ပင်လျှင် တရုတ်အစိုးရကို ဒေါသထွက်စေလိမ့်မည်ဖြစ်ပြီး ထရန့်၏ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အရည်မရ အဖတ်မရ လေလုံးထွားခဲ့မှုများ ပြန်ပေါ်လာကာ ထရန့်သည် ကြုံရာကျပန်း နိုင်ငံခြားရေး မူဝါဒအား လက်သင့်သလို ကျင့်သုံးမည်လား ဟူသည်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်လာစေသည်။
တရုတ်သည် မိမိဘာသာ အုပ်စိုးနေသော ထိုင်ဝမ်ကို တရုတ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ ပြန်လည်ပေါင်းစည်းရန် စောင့်ဆိုင်းနေသည့် ၎င်းတို့နယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်နိုင်ငံ၏ လွတ်လပ်ရေးကို ထောက်ခံသည်ဟု ညွှန်းဆိုမှုက တရုတ် အစိုးရကို ဒေါသထွက်စေနိုင်သည်။
ဒီဇင်ဘာ ၂ ရက်က ဆွေးနွေးမှုတွင် ထရန့်နှင့် ဆန်အင်းဝမ်တို့သည် ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးအရ အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် အထူးပြု ပြောကြားခဲ့သည်ဟု ထရန့်၏ ရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။ ယခုနှစ် အစောပိုင်းတွင် ထိုင်ဝမ်သမ္မတ ဖြစ်လာသော ဆန်အင်းဝမ်ကို ထရန့်က ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်ခဲ့သေးသည်။
ယင်းကိစ္စအတွက် ထရန့်သည် ပြင်းထန်စွာ ဝေဖန်ခံရသည့်အခါ ထရန့်သည် ဆန်အင်းဝမ်နှင့် စကားပြောရန် ဆုံးဖြတ်ခဲ့သည့် အလွန်အမင်း ထိရှလွယ်သော သံတမန် အကြောင်းအရာနှင့် ပတ်သက်၍ နောက်ပိုင်းတွင် Twitter ၌ သူ၏ ပုံမှန်မဟုတ်သော ခြေလှမ်းအား တိုက်ရိုက်ကာကွယ် ပြောဆိုခဲ့သည်။
ထရန့်က သူသည် မကြာသေးမီရက်များ အတွင်း ကမ္ဘာ့ခေါင်းဆောင် များစွာတို့နှင့် စကားပြောဆိုခဲ့မှုများအနက် တစ်ခုအဖြစ် ဆန်အင်းဝမ်က သူ့အား ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်ကြောင်း Twitter ၌ ဦးစွာ ရေးသားခဲ့သည်။
“အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ဘီလျံနဲ့ချီတဲ့ စစ်ပစ္စည်းတွေ ဘယ်လိုရောင်းရမယ်ဆိုတာ စိတ်ဝင်စားပေမယ့် ဂုဏ်ယူဝမ်းမြောက်စွာ ဖုန်းခေါ်ဆိုမှု တစ်ရပ်ကိုတော့ ကျွန်တော် လက်မခံသင့်ပါဘူး” ဟု ပထမပို့စ်တင်ပြီး တစ်နာရီ အကြာတွင် ထရန့်က ထပ်မံ ရေးသားခဲ့သည်။
ဆန်အင်းဝမ်က ထိုင်ဝမ်အနေဖြင့် နိုင်ငံတကာ အရေးကိစ္စများတွင် ပါဝင်ရန်နှင့် ထည့်ဝင်ရန် အခွင့်အလမ်းအဖြစ် အမေရိကန်က ထိုင်ဝမ်ကို ဆက်လက် ထောက်ခံလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ထရန့်၏ ရွေးကောက်ပွဲ၌ အကြိတ်အနယ် ယှဉ်ပြိုင် အနိုင်ရရှိမှုကို လေးစားကြောင်း ထရန့်အား ပြောကြားခဲ့သည်ဟု ဆန်အင်းဝမ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ တရုတ် အစိုးရက ထရန့်နှင့် ဆန်အင်းဝမ်တို့ကြား ဖုန်းပြောဆိုမှုအား ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။
ထရန့်က ထိုင်ဝမ်သမ္မတနှင့် ဖုန်းမှတစ်ဆင့် စကားပြောခြင်းဖြင့် တရုတ်၏ ငြိုငြင်မှု ခံရနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်









