မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ ယာဉ်တိုက်မှု ၁၈၁၉ မှု၊ သေဆုံးသူ ၅၅၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၇၉၃ ဦး ရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်ကြည့်လျှင် မန္တလေးတွင် ၃၂၃ မှု သေဆုံးသူ ၁၆၀ ဦး၊ ဒဏ်ရာ ၃၂၄ ဦး၊ ကျောက်ဆည် ၃၇၀ မှု၊ သေဆုံးသူ ၇၆ ဦး၊ ဒဏ်ရာ ၆၃၉ ဦး၊ ညောင်ဦး ၁၅၅ ဦး သေဆုံး ၄၀ ဦး၊ ဒဏ်ရာ ၂၈၁ ဦး၊ ပြင်ဦးလွင် ၃၉၅ မှု၊ သေဆုံး ၁၃၀ ဦး၊ ဒဏ်ရာ ၆၄၇ ဦး၊ မြင်းခြံ ၁၄၁ မှု၊ သေဆုံး ၃၄ ဦး၊ ဒဏ်ရာ ၂၈၇ ဦး၊ မိတ္ထီလာ ၂၈၄ မှု၊ သေဆုံး ၈၃ ဦး၊ ဒဏ်ရာ ၃၈၃ ဦး၊ ရမည်းသင်း ၁၅၁မှု၊ သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရ ၂၃၂ ဦး ရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ် တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကို ကြည့်လျှင် ယာဉ်တိုက်မှု ၁၇၀၉ မှု သေဆုံးသူ ၅၀၅ ဦး၊ ဒဏ်ရာရသူ ၂၉၇၅ ဦး ရှိခဲ့ရာ ယခုနှစ်မှာ ယာဉ်တိုက်မှု၊ သေဆုံးသူ၊ ဒဏ်ရာရရှိသူ များပြားလာကြောင်း၊ ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ၁၀ လအတွင်း ယာဉ်တိုက်မှု ၁၈၁၉ မှု၊ သေဆုံးသူ ၅၅၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၇၉၃ ဦး ရှိခဲ့