အင်းစိန်မြို့နယ်ရှိ စက္ကူစက်ရုံတွင် အလုပ်သမားတစ်ဦး စက္ကူကြိတ်စက်အတွင်း ကြိတ်မိ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်ရှိ စက္ကူစက်ရုံတစ်ရုံတွင် အမျိုးသားတစ်ဦး စက္ကူကြိတ်စက်အတွင်း ကြိတ်မိသေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်နေ ကို.....(၁၈) နှစ်ဖြစ်ကြောင်း သိရသည်။ထို့နောက် ဆက်လက်စစ်ဆေးရာ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါစက်ရုံရှိ စက္ကူကြိတ်စက်မှာ မော်တာပျက်သဖြင့် အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူက ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရသည်။အဆိုပါ စက္ကူကြိတ်စက် ပြန်လည်ကောင်းမွန်လာသည့်အချိန်၌ အလုပ်သမားများ ပြန်လည်စုဝေးစဉ် ကို..... (၁၈) နှစ်မှာ ပျောက်ဆုံးနေသဖြင့် စက်ရုံအတွင်း ရှာဖွေသော်လည်း မတွေ့သည့်အတွက် ကို... (၁၈) နှစ်အား တစ်နေရာရာတွင် အိပ်နေမည်ဟု အလုပ်သမားများက ထင်မှတ်ပြီး စက္ကူကြိတ်စက်ကို ပြန်လည်မောင်းနှင်ရာ အဆိုပါ စက္ကူ ကြိတ်စက် အမှိုက်ထွက်သည့် အပေါက်မှ ကို..... (၁၈) နှစ်၏ ဘောင်းဘီ ထွက်လာခဲ့ကြောင်း သိရသည်။ အဆိုပါစက်အတွင်း ဝင်ကြည့်ရာ ကို.....(၁၈) နှစ်အား ဦးခေါင်းခွံ ကြေမွ၊ ရင်အုံမှခါးအထိ ကြေမွ၊ အူထွက်နှင့် ဝဲခြေသလုံး ကြေမွဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှ စက္ကူကြိတ်စက် မောင်းနှင်ခဲ့သည့် အလုပ်သမားခေါင်းဆောင်တစ်ဦးအား အင်းစိန်မြို့မရဲစခန်းက (ပ) ၂၀၅၂/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အင်းစိန်မြို့နယ်ရှိ စက္ကူစက်ရုံ တစ်ရုံတွင် အလုပ်သမားတစ်ဦး စက္ကူကြိတ်စက်အတွင်း ကြိတ်မိသေဆုံး
Most Read
Most Recent
6 hours ago
6 hours ago
6 hours ago
6 hours ago
6 hours ago
6 hours ago