ပြည်လုံးကြိုက်ပန်းချီကျော် ဆရာဦးဘလုံ

ပြည်လုံးကြိုက်ပန်းချီကျော် ဆရာဦးဘလုံ
Published 31 August 2016
ဝေယံအောင်

ပန်းချီဆရာကြီး ဦးဘလုံသည် ကိုလိုနီခေတ် မြန်မာပန်းချီလောကတွင် နာမည်ကျော်ကြား ခဲ့သူဖြစ်သည်။ မဂ္ဂဇင်း၊ ဂျာနယ်လောကတွင် အထူးသြဇာ ကြီးသူလည်းဖြစ်ပြီး ပရိသတ်၏ နှစ်သက်အားပေးခြင်းကို ခံရသူဖြစ်သည်။ ဦးဘလုံကို ၁၈၉၄ ခုနှစ်တွင် ဟံသာဝတီအပိုင် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ မငေးရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာ လယ်သမားမျိုးရိုးဖြစ်သည်။ ငယ်စဉ်က ရွာဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အရုပ်ရေးတွင် အထူးဝါသနာ ပါခဲ့သူဖြစ်သည်။ အစ်ကိုအစ်မများက အိမ်အလုပ်ကို ဝိုင်းကူနေချိန်တွင် ဦးဘလုံမှာ အရုပ်သာဆွဲ နေခဲ့သည်။ ညီဖြစ်သူမောင်ဝန် ကြက်ပိုက်နေ ပုံကိုဆွဲရာ တထေရာတည်းတူနေသဖြင့် လူ ကြီးများမှာ အံ့သြခဲ့ကြရသည်။ အစ်ကိုဖြစ်သူ ဦးဘရုန်နှင့်လည်း အရပ်ဇာတ်ကရာတွင် ပါဝင်ကပြလေ့ ရှိသေးသည်။ လယ်လုပ်ငန်း ဝါသနာမပါသူ သားအား မိဘများက ရန်ကုန်မြို့ရှိ ပန်းချီဆရာကြီး ဦးထွန်းလှထံသို့ လွှတ်လိုက်ရလေသည်။ ဦးထွန်းလှ၏ဇနီး ဒေါ်စိန်မှာ ဦးဘလုံ၏ အစ်မဝမ်းကွဲဖြစ်လေသည်။ ဦးဘ လုံ ၁၃ နှစ်သားအရွယ်တွင် ဆရာဦးထွန်းလှ ထံသို့ ရောက်ရှိခဲ့သည်။ ပန်းချီပညာသင်ရင်း ပန်းချီလုပ်ငန်းများကိုလည်း ကူညီလုပ်ကိုင် ပေးခဲ့သည်။ ဦးထွန်းလှက  တပည့်ဖြစ်သူဆရာ မြစ်နှင့် ဦးဘလုံကို တွဲထားခဲ့သည်။ ဆရာမြစ်က လိုအပ်သည်များကို ကြီးကြပ်ပေးရသည်။ ဦးဘလုံသည် အင်္ဂလိပ်မဂ္ဂဇင်းများထဲမှ မိန်းမချောပုံများကို ကူးယူရေးဆွဲ လေ့ကျင့်ဆဲဖြစ်သည်။ ပညာဆည်းပူးနေစဉ် ဦးဘလုံ၏လက်ရာမှာ အများနှင့်မတူ တစ်မူကွဲထွက်လျက် ရှိနေခဲ့သည်။
ဆရာကြီးဦးထွန်းလှက တပည့်ဖြစ်သူ မောင်ဘလုံ၏ ပန်းချီဉာဏ် ထက်မြက်မှုကြောင့် သွားလေရာ ခေါ်သွားလေ့ရှိသည်။ ထိုစဉ်က ဆရာကြီး ဦးထွန်းလှ၏ ရေဆေးကားများတင်ရာ စမတ်အင်မူကာဒင် စာအုပ်ဆိုင် ပိုင်ရှင်က ဦးဘလုံအား ‘မင်းဆရာကြီး ပြောပါ၊ ရှမ်းပြည်နယ်တို့၊ မန္တလေးတို့သွားပြီး မျက်မြင် ရှုမျှော်ခင်းတွေရေးပါ၊ ပိုပြီးရောင်းရမယ်’ ဟု ဆိုခဲ့သည်။ ဆရာကြီး ဦးထွန်းလှလည်း စာအုပ်ဆိုင်မှ စရန်ငွေယူကာ တပည့်ဖြစ်သူနှင့် အတူ မြန်မာပြည်အထက်ပိုင်း မန္တလေး၊ အင်းဝ၊ ရှမ်းပြည်တစ်ကြောသို့ ပန်းချီလှည့် လည်ရေးဆွဲလေတော့သည်။
 ဦးဘလုံ ၁၇ နှစ်သားအရွယ်တွင် ဆရာ ဖြစ်သူဦးထွန်းလှတို့ဇနီးမောင်နှံပြောင်းရွှေ့ရာ မော်လမြိုင်၊ ကတိုးကော့နှပ်ဘက်သို့ လိုက် ပါသွားခဲ့သည်။  အသက် ၂၀ အရွယ်တွင် မြ ဝတီမြို့မှတစ်ဆင့် ယိုးဒယားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ‘ကျုပ်မှာ ရောဂါတစ်ခုရှိတယ်။ တစ်ခါတလေ လွမ်းသလို ဆွေးသလိုလိုနဲ့ စိတ်လေပြီး သွားချင်ရာ သွားတတ်တယ်။ ဒီဒဏ်ချက်ကြောင့် ယိုးဒယားကို မြဝတီ-မဲ ဆောက်ဘက် ကုန်းလမ်းအတိုင်း ထွက်လာခဲ့တယ်’ ဟု အမှတ်ရခဲ့သည်။ မဲဆောက် ရောက်သောအခါ  မြန်မာစကားသာ တတ်သဖြင့် အခက်အခဲ ကြုံခဲ့သည်။ ကိုဒုံးစိန်ဆိုသူက ပုံတူဆွဲခိုင်းပြီးငွေမပေးသဖြင့် ဘန်ကောက်တွင် အမှုဖွင့်ခဲ့သည်။ အင်္ဂလိပ်သံမှူး၊ ပြင်သစ် သံအရာရှိနှင့် ယိုးဒယားရုံးမင်းတို့က အမှုစစ်ဆေးခဲ့ပြီး ဦးဘလုံကို အနိုင်ပေးခဲ့သည်။ ထို့နောက် ပြင်သစ်သံအရာရှိက သူ၏မိသားစုပုံတူများကို အပ်ခဲ့သည်။ ယိုးဒယားမှူးမတ် တချို့၏ ပုံတူများကိုလည်း ရေးဆွဲပေးခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မှ မိတ်ဆွေတစ်ဦးက မြန်မာအဆွေကုမ္ပဏီတွင် အလုပ်ခေါ်ကြောင်း  အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ဦးဘလုံ လည်း  မြဝတီ၊ ကော့ကရိတ်၊ မော်လမြိုင်မှ တစ်ဆင့် ရန်ကုန်သို့ ပြန်လာခဲ့ပြီး မြန်မာ အဆွေကုမ္ပဏီတွင် အလုပ်ဝင်ခဲ့သည်။ ထို စဉ်က မြန်မာအဆွေကုမ္ပဏီမှ ပန်းချီလုပ်ငန်း များကို ဦးဘအုံး၊ ဦးဘိုးဘ၊ ဦးဘိုးအောင်တို့က ဦးစီးလုပ်ကိုင်လျက်ရှိသည်။ ဦးဘလုံသည် ဓာတ်ရထားတွင် ချိတ်ဆွဲရသော ပိုစတာမှစ၍ ပိုစတာမျိုးစုံ ရေးဆွဲခဲ့သည်။ မြန်မာအဆွေ ကုမ္ပဏီမှ ရုပ်ရှင်ပိုစတာများ၊ ဒဂုန် မဂ္ဂဇင်းမှ ပန်းချီလက်ရာများကို တစ်ပြည်လုံးက နှစ် သက်ခဲ့သည်။ ဦးဘလုံ၏ လူပုံတူပန်းချီကား များမှာ လူကြိုက်များပြီး ထိုခေတ်က နာမည် ကြီးရုပ်ရှင်မင်းသား၊မင်းသမီးများကို ရေးဆွဲ လေ့ရှိသည်။ ရွှေတလေးဦးဘကလေး၊ ဦး ထွန်း

Most Read

Most Recent