မိုးမိတ်မြို့နယ်အတွင်း သေနတ်အတုဖြင့် ဆက်ကြေး ကောက်ခံနေသူတစ်ဦးအား ဖမ်းဆီးရမိ

မိုးမိတ်မြို့နယ်အတွင်း သေနတ်အတုဖြင့် ဆက်ကြေး ကောက်ခံနေသူတစ်ဦးအား ဖမ်းဆီးရမိ
Published 8 August 2016
ထွန်းနေလှိုင်(နောင်ပိန်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သေနတ်ပြကာ ဆက်ကြေးကောက်ခံနေသူတစ်ဦးအား သြဂုတ် ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာအနီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် မိုးကောင်းဦးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်၏နေအိမ်သို့ အသက်(၄၀) ခန့် ရှိ ဘောင်းဘီရှည်ဝတ်ဖြင့် အမျိုးသားတစ်ဦးရောက်လာပြီး  ရှမ်းသောင်းကျန်းသူအဖွဲ့ကဟု ပြောဆိုသေနတ်ပြကာ ဆက်ကြေးကောက်နေကြောင်း၊ မပေးလျှင် ခေါ်ယူ သတ်ပစ်မည်ဟုပြောဆိုနေကြောင်း  နမီကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းထိန်ဦးက လာရောက် သတင်းပေးပို့ခဲ့ကြောင်း သိရသည်။သတင်းပေးပို့ချက်အရ သွားရောက်ဖမ်းဆီး စစ်ဆေးခဲ့ရာ စိုင်းထွန်း(၄၈)နှစ်၊ မိုးဘုံကျေးရွာ၊ မိုးမိတ်မြို့နယ်နေသူအား မိုးကောင်းဦး ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် နဖူးစည်းပြောက်ကျား ဓာတ်မီးတစ်လက်၊ အရိုးအသွားကိုးလက်မခန့် ဓားအိမ်ပါ ဓားမြှောင်တစ်ချောင်း၊ Mick အမျိုးအစား ဟန်းဆက်တစ်လုံး၊ ရောင်စုံရှပ်အင်္ကျီ လက်တိုတစ်ထည်၊ ပလတ်စတစ်ခြောက်လုံးပြူး သေနတ်အတုတစ်လက်၊ Nick တံဆိပ် ပိုက်ဆံအိတ်တစ်လုံး၊ Note Book အနက်ရောင် လွယ်အိတ်တစ်လုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြာင်း သိရသည်။သေနတ်အတုဖြင့် မိုးမိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆက်ကြေးကောက်ခံaနသူ စိုင်းထွန်းအား စစ်ဆေးချက်များအရ ဇွန် ၄ ရက်တွင် လက်ခုပ်တန်းရပ်ကွက် အုပ်ချုပ်aရးမှူးထံမှ ငွေကျပ် ၂၅၀၀၀၀၊ ဇူလိုင် ၅ ရက်တွင် နမီကျေးရွာမှ ကျပ် ၂၅၀၀၀၀ ၊ ဇူလိုင်   ၆ ရက်က မိုးကောင်းဦးကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ကျပ် ၃၅၀၀၀၀၊ ဇူလိုင် ၁၃ ရက်တွင် လက်ခုပ်တန်းရပ်ကွက် ဆန်စက်များမှ ကျပ် ၂၅၀၀၀၀ နှင့် ရွှေဇာလီ ဆန်စက်နှစ်လုံးမှ ကျပ် ၂၀၀၀၀၀၊ ဇူလိုင် ၁၆ ရက်တွင် အုံတုံကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ ကျပ် ၂၅၀၀၀၀၊ ဇူလိုင်  ၃၁ ရက်တွင် မန်ကျည်းပင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ ကျပ် ၄၀၀၀၀၀၊ ကွမ်းတောအင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ကျပ် ၁၅၀၀၀၀  စုစုပေါင်း ၂၁ သိန်းကျပ်အား လက်နက်ကိုင်အဖွဲ့အစည်း အမည်ခံကာ သေနတ်အတုဖြင့် လိုက်လံတောင်းခံခဲ့ကြောင်း သိရသည်။“မိုးမိတ်မြို့နယ်အတွင်း သေနတ်အတု ပြပြီး ဆက်ကြေးလိုက်ကောက်နေတဲ့သူကို ရဲတပ်ဖွဲ့က သတင်းစတင်ရရှိပြီး ဖမ်းဆီးတာပါ။ သူက ရွာခြောက်ရွာကို ဇွန် ၄ ရက်လောက် ကတည်းကစပြီး ဆက်ကြေးလိုက်ကောက်ခဲ့တာပါ။ သေနတ်အတုကိုပြပြီး သတ်ပစ်မယ်၊ ရွာမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ပြီး တောင်းတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ဒီသတင်းကိုရလျှင်ရချင်း ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ၊ နယ်ထိန်းတွေနဲ့ စောင့်ကြည့်ပြီး သြဂုတ် ၅ ရက်မှာ ရွာတစ်ရွာမှာ ဆက်ကြေးတောင်းနေတုန်း တပ်မတော်နဲ့ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာပါ” ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။သောင်းကျန်းသူဟုပြောဆိုပြီး ကြောက်လန့်အောင် ခြောက်လှန့်ကာ ငွေတောင်းခံသူ စိုင်းထွန်းအား ဥပဒေအရ အရေးယူပေးရန် သြဂုတ် ၆ ရက်က ဗိုလ်ကြီးဟန်တင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မိုးမိတ်မြို့မရဲစခန်း တွင် (ပ)၆၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆  အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။