မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အတွင်းရှိ မယှက်ကျေးရွာတွင် ကျေးရွာအတွင်းရှိ အများပြည်သူ အသုံးပြုနေသည့်လမ်းအား ပိတ်ဆို့ခဲ့သည်ဟု ဆိုကာ မိသားစုဝင် သုံးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ ဖြင့် အကြိမ်ကြိမ် တရားစွဲဆို ခံထားရမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၃ ရက်က မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ဖြစ်စဉ်မှာ မြစ်သားမြို့နယ် မယှက်ကျေးရွာရှိ ကျေးရွာသားများ သွားလာလျက်ရှိ သည်ဟုဆိုသော ဘုရားလမ်းမကြီးကို အဆိုပါ မိသားစုဝင် သုံးဦးတို့က ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး (ယခင်)က တရားလိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ ဖြင့် မြစ်သားမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း၊ ယင်းပုဒ်မဖြင့် မြစ်သားမြို့နယ် တရားရုံးက ပြစ်မှုကြီးမှုအမှတ် (၁၉၈၈/၂၀၁၄) ဖြင့် စစ်ဆေးခဲ့ပြီး ငွေဒဏ် ကျပ် ၂၀၀ ချမှတ်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ မြစ်သားမြို့နယ် တရားရုံး၌ပင် ပြစ်မှုကြီးမှုအမှတ် (၁၀၉/၂၀၁၅) ထပ်မံ တရားစွဲဆိုခံခဲ့ရကာ တရားရုံးက ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့ကြောင်း၊ ယင်းနောက် ပြစ်မှုကြီးမှု အမှတ်(၁၃၅၂/၂၀၁၅) ဖြင့် ထပ်မံကာ တရားစွဲဆိုခံထားရခြင်းကြောင့် လက်ရှိအထိ အမှုရင်ဆိုင်နေရကာ အဆိုပါအမှုနှင့် ပတ်သက်၍ မြစ်သားမြို့နယ် တရားရုံးက ဇူလိုင် ၁၅ ရက်တွင် အပြီးသတ် အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တို့ထံ တိုင်ကြားထားသော စာအရ သိရသည်။“ကျွန်မတို့ကို အများပြည်သူသုံးလမ်းကို တားဆီးပိတ်ဆို့တယ် ဆိုပြီးတော့ တရားစွဲဆိုခံရတာ ဒါရောဆိုရင် သုံးကြိမ် ရှိသွားပါပြီ။ ပုဒ်မက ၃၄၁ တစ်ခုတည်းပါ။ အခု တတိယအကြိမ် စွဲဆိုထားတဲ့ အမှုက ဒီလ ၁၅ ရက်ဆိုရင် အမိန့်ချတော့မှာပါ။ စွဲဆိုတဲ့ တရားလိုကလည်း အရင် အုပ်ချုပ်ရေးမှူးဟောင်းပါပဲ။ ဒီလို မတရား အမှုဖွင့် တရားစွဲဆိုခံထားရတာနဲ့ ပတ်သက်ပြီး လက်ရှိတိုင်းဒေသကြီး အစိုးရနဲ့ တိုင်းဒေသကြီး လွှတ်တော်ကို တိုင်ကြားစာ ပေးပို့ထားပါတယ်” ဟု ပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် မယှက်ကျေးရွာမှ ဒေါ်ကြည်ဌေးက ဆိုသည်။
မြစ်သားမြို့နယ်တွင် ကျေးရွာအတွင်းရှိ အများပြည်သူ အသုံးပြုနေသည့်လမ်းကို ပိတ်ဆို့သည်ဟုဆိုကာ မိသားစု သုံးဦးအား ပုဒ်မ ၃၄၁ ဖြင့် အကြိမ်ကြိမ် အမှုဖွင့် တရားစွဲဆိုခံနေရမှုနှင့် ပတ်သက်၍ ရှင်းလင်း