ဗဟိုဘဏ်မှ ပဏာမ ခွင့်ပြုထားသည့် နိုင်ငံခြား ဘဏ်များအနက် အပြီးသတ် လိုင်စင် လျှောက်ထားရန် ကျန်ရှိသည့် ဘဏ်များအား လာမည့်လများအတွင်း အတည်ပြု လိုင်စင် ရရှိရေး လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် (နိုင်ငံခြားဘဏ် စိစစ်ရွေးချယ်ရေး အဖွဲ့) ၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ဗဟိုဘဏ်မှ BIDV ဘဏ်ကဲ့သို့ လုပ်ငန်း စတင်ရန်အတွက် E.Sun Commercial ဘဏ်၊ ကိုရီးယား နိုင်ငံမှ Shinhan ဘဏ်နှင့် State Bank of India ဘဏ်တို့သည် အတည်ပြု လုပ်ငန်းလိုင်စင် ရရှိရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင်ရန် ဗဟိုဘဏ်မှ မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဗဟိုဘဏ်မှ ဒုတိယ အကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လိုင်စင်ရ ဘဏ်လေးခုအနက် BIDV ဘဏ်သည် ပထမဆုံး ဘဏ်ခွဲဖွင့်လှစ်သည့် ဘဏ်တစ်ခုဖြစ်ပြီး အဆိုပါဘဏ် အနေဖြင့် ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၅ သန်းဖြင့် ဇူလိုင် ၁ ရက်တွင် စတင်၍ လုပ်ငန်းများ စတင်လည်ပတ်နေပြီး ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့၌ တရားဝင်ဘဏ်ခွဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။BIDV ဘဏ်သည် ဗဟိုဘဏ်မှ ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လိုင်စင်ရ ဘဏ်လေးခုအနက် ပထမဆုံး ဘဏ်ခွဲဖွင့်လှစ်သည့် ဘဏ်တစ်ခုဖြစ်ပြီး ဗဟိုဘဏ် အနေဖြင့် မတ် ၄ ရက်တွင် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်မှ BIDV ဘဏ် အပါအဝင် ထိုင်ဝမ်နိုင်ငံမှ E.Sun Commercial ဘဏ်၊ ကိုရီးယားနိုင်ငံမှ Shinhan ဘဏ်နှင့် State Bank of India ဘဏ်တို့ကို ပမာဏ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ဗဟိုဘဏ်၏ ချက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ လိုင်စင်ရ နိုင်ငံခြား ဘဏ်များသည် ဘဏ်ခွဲ တစ်ခုသာ ဖွင့်လှစ်ခွင့် ရရှိမည်ဖြစ်ပြီး မတည်ငွေအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်း ရင်းနှီး မြှုပ်နှံရမည်ဖြစ်ကာ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် အပ်နှံထားရမည် ဖြစ်သည်။ထို့ပြင် နိုင်ငံခြား ဘဏ်ခွဲများသည် လက်လီဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက် မရှိဘဲ လက်ကားဘဏ်လုပ်ငန်းများ လုပ်ဆောင်ခြင်းတွင် ပြည်တွင်းဘဏ်များနှင့် ပြည်ပကုမ္ပဏီများဖြင့်သာ ပူးပေါင်း လုပ်ဆောင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကန့်သတ်ထားသည်။
ဗဟိုဘဏ်မှ ပဏာမ ခွင့်ပြုထားသည့် နိုင်ငံခြား ဘဏ်များအနက် အပြီးသတ် လိုင်စင် လျှောက်ထားရန် ကျန်ရှိသည့် ဘဏ်များ လာမည့်လများအတွင်း အတည်ပြုလိုင်စင် ရရှိရေး လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်ရမည်










