ဌာနတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆိုခံထားရသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေးက ဌာနတွင်း လာဘ်ပေးလာဘ်ယူမှုများနှင့် ၎င်းအား တရားစွဲဆိုခံထားရမှုများနှင့် ပတ်သက်၍ စိစစ်အရေးယူပေးရန်အတွက် ဇွန် ၁၅ ရက်တွင် သမ္မတဦးထင်ကျော်ထံ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုင်ကြားရာတွင် ၂၀၁၂ ခုနှစ်က မန္တလေးမြို့ရှိ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စများအတွက် စာချုပ်စာတမ်းများအား ကာလတန်ဖိုး စိစစ်သတ်မှတ်ပေးရန်အတွက် ၎င်း၏ အထက်အရာရှိဖြစ်သူများ၏ စေခိုင်းမှုအရ လုပ်ပိုင်ခွင့် မရှိသော်လည်း ကြားပွဲစားအနေဖြင့် ရှေ့နေနှင့် အိမ်ခြံမြေပွဲစားများထံမှ တန်ဖိုးလျှော့ပေါ့ပေးရန်အတွက် ညှိနှိုင်းငွေများ တောင်းခံပေးခဲ့ကြောင်း၊ ယင်းနောက် ယခင်အခွန်အရာရှိ နှစ်ဦးမှ ညှိနှိုင်းငွေများ လက်ခံရယူထားသော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ချိန်တွင် ညှိနှိုင်းထားသည့်အတိုင်း ဖြစ်မလာခဲ့ခြင်းကြောင့် ရှေ့နေ နှင့်အကျိုးဆောင်တို့က မကျေနပ်သဖြင့် ပြန်လည်တောင်းခံရာမှ စတင်ကာ ယခုကဲ့သို့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရကြောင်း၊ တရားစွဲဆို ခံရရာတွင် အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သူများအား အရေးယူခံရခြင်းမရှိဘဲ ၎င်းတစ်ဦးတည်းကိုသာ အမှုဖွင့် အရေးယူခံခဲ့ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းအား ပုဒ်မ ၄၀၆ အပြင် တရားလို ဒေါ်သိန်းသိန်းနိုင်မှ တရားမကြောင်းဖြင့် ထပ်မံ တရားစွဲဆိုခံထားရကြောင်း၊ လာဘ်ပေးလာဘ်ယူ ကော်မတီ၏ စစ်ဆေးချက်အရ ဌာနမှ ပါဝင်ပတ်သက်ခဲ့သည့် ဦးညီညီနိုင်နှင့် ဦးမြတ်သူနိုင်တို့ နှစ်ဦးအား အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ဌာနမှ ထုတ်ပယ်ခဲ့ကြောင်း၊ ဌာန၏ နောက်ကွယ်တွင် ပြုလုပ်လျက်ရှိသည့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနေမှုများ၊ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များနှင့် ငွေကြေးခဝါချခဲ့သည့် ကိစ္စရပ်များနှင့် ၎င်းအား အမှုဖွင့် တရားရင်ဆိုင်နေရမှုများအပေါ် ပြန်လည်စိစစ် အရေးယူပေးရန်အတွက် အသနားခံ တိုင်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။
ဌာနတွင်း လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့သည်ဟုဆိုကာ တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ အကြီးတန်းစာရေးကြီး ဦးမြင့်ဇော်ထွေး၏ ကနဦး တိုင်ကြားခဲ့မှုအရ ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဒုညွှန်မှူးနှစ်ဦးအား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အခွန်ဦးစီးဌာနမှ စုံစမ်းသိရသည်။
လက်ရှိတွင် ဦးမြင့်ဇော်ထွေးအား တရားလိုဖြစ်သူ ဒေါ်သိန်းသိန်းနိုင်က ငွေကျပ်သိန်း ၁၈၃၀ ရလိုမှုဖြင့် မန္တလေးခရိုင် တရားရုံးတွင် တရားမမှုဖြင့် ထပ်မံ၍ တရားစွဲဆိုထားကြောင်း သိရသည်။
ဌာနတွင်း လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေးဖြစ်သူ ဦးမြင့်ဇော်ထွေးမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက စတင် တရားစွဲဆိုခံရစဉ်တွင် အာမခံ မရရှိခဲ့ဘဲ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အာမခံရရှိသည့်နေ့အထိ ချုပ်ရက်များဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်အတွင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြေကွက်အရောင်းအဝယ်အတွက် ကာလတန်ဖိုးဖြတ်ရန် ငွေကျပ် သိန်း ၁၂၅၀ ဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ခဲ့သည်မှာ ညှိနှိုင်းမှုထက် နှစ်ဆ စည်းကြပ်ခဲ့သဖြင့် အခွန်ထမ်းဖြစ်သူက မကျေနပ်၍ ယင်းငွေများကို ပြန်လည်တောင်းယူရာတွင် မပေးနိုင်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် စတင်အမှုဖွင့်ခဲ့ပြီးနောက် ဥပဒေရုံး၏ အကြံပေးချက်အရ ပြစ်မှုကြီးအဖြစ် သတ်မှတ်ကာ ပုဒ်မ ၄၀၆ သို့ ပြောင်းလဲ တရားစွဲဆိုခဲ့ကြောင်း ဖြစ်စဉ်မှတ်တမ်းများအရ စုံစမ်းသိရသည်။ ယင်းသို့ တရားစွဲဆိုခံရမှုအား ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ရာ စွပ်စွဲခံရသူမှာ ကျန်းမာရေး ချို့ယွင်းနေခြင်းကြောင့် အာမခံ လျှောက်ထားခဲ့သော်လည်း အာမခံမရရှိဘဲ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် အမှုအား ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးရာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်း၌ တရားရုံးမှ ဦးမြင့်ဇော်ထွေးအား အာမခံပေးခဲ့သည်။
ကျပ် သိန်းထောင်ချီ လာဘ်ယူသည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲခံထားရသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ အကြီးတန်းစာရေးက ဌာနတွင်း လာဘ်ပေးလာဘ်ယူမှုများနှင့် အမှုဖွင့် တရားစွဲဆိုခံနေရမှုအား စိစစ်အရေးယူပေးရန် နိုင်ငံတော်သမ္မတထံ တိုင်ကြား