နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ မြန်မာနှစ်ဆန်း ၁ ရက် တွင် အကျဉ်းသား ၈၃ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူလူထု နှလုံစိတ်ဝမ်း ငြိမ်းချမ်းစေရေး တို့ကို ဦးတည်သောအားဖြင့် အကျဉ်းထောင် အသီးသီးတွင် အပြစ် ကျခံလျက်ရှိသည့် အကျဉ်းသား ၈၃ ဦးအား မြန်မာနှစ်ဆန်း ၁ ရက် ဖြစ်သည့် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၁၆ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၃၃/၂၀၁၆ ကို ထုတ်ပြန်ခဲ့သည်။















