၁၉၁၀ ပြည့်နှစ်မှစ၍ ဉာဏ်ရည်ဖွံ့ဖြိုးမှု မညီညာသော ရောဂါကို အော်တစ်ဇင် (Autism) ဟု သတ်မှတ်ခဲ့ကြသည်။ ဤရောဂါသည် စိတ်ရောဂါလည်းမဟုတ်၊ ကူးစက်ရောဂါလည်း မဟုတ်သော်လည်း၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ တိုင်းပြည်တိုင်းတွင် ဖြစ်နေကြသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လူမှုပြဿနာတစ်ရပ် ဖြစ်လာသောကြောင့် ၂၀၀၇ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက နှစ်စဉ် ဧပြီလ ၂ ရက်နေ့ကို ‘ကမ္ဘာ့အော်တစ်ဇင် အထိမ်းအမှတ်နေ့’ (World Autism Awearness Day) ဟု ကြေညာ သတ်မှတ်ပေးခဲ့ပါသည်။၁၉၉၅ မတိုင်မီက အော်တစ်ဇင် မွေးဖွားနှုန်းသည် ကိန်းသေအသွင်ယူခဲ့ပေမယ့် နောက်ပိုင်းနှစ်များတွင် ရုတ်တရက် မြင့်တက်လာပြီး ထိန်းမရ သိမ်းမရ ပေါက်ကွဲလုနီးဖြစ်ခဲ့သည်။ ဥပမာ US တွင် ၁၉၉၅ ခုနှစ်တွင် ကလေး ၁၀၀၀ လျှင် အော်တစ်ဇင် ၅ ဒသမ ၅ ယောက်ရှိခဲ့ရာမှ ၂၀၁၃ တွင် ၅၀ လျှင် တစ်ယောက် မွေးနှုန်း လေးဆမြင့်တက်လာခဲ့သည်။ စိုးရိမ်ဖွယ် အပြောင်းအလဲကြောင့် မျိုးရိုးဗီဇ ပညာရှင်များ၊ ဆေးပညာရှင်များ၊ စိတ်ပညာရှင်များသည် အော်တစ်ဇင်ဖြစ်ရခြင်း အကြောင်းရင်းကို အပူတပြင်း ရှာဖွေကြရတော့သည်။ ဖြစ်ရခြင်း အကြောင်းရင်းများမှာ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် မျိုးရိုးဗီဇ ပြောင်းလဲခြင်းစသည်ဖြင့် အကြောင်းအရာများစွာထဲမှ ယခုတွေ့ရှိချက် အသစ်သည် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။‘မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် အော်တစ်ဇင်မွေးဖွားနှုန်း ဆက်စပ်မှု’လွန်ခဲ့သော နှစ် ၂၀ ခန့် က ဆဲလ်ဖုံးသည် ချမ်းသာကြွယ်ဝသူများနှင့် ပရော်ဖက်ရှင်နယ် အချို့၏ သင်္ကေတ ဖြစ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် အော်တစ်ဇင် ကလေးများကိုလည်း သူကြွယ်အသိုင်းအဝိုင်း၌ အတွေ့များသည်။ သူဌေးသားရောဂါဟု ခေါ်လို့ရသည်။ အခြေခံ လူတန်းစားရပ်ဝန်း၌ တွေ့ခဲပေစွ။ ၁၉၉၅ နောက်ပိုင်း မိုဘိုင်းဖုန်း သုံးစွဲမှု သိပ်သည်းဆ ကောင်းလာသမျှ အော်တစ်ဇင်မွေးနှုန်းကလည်း ကောင်းလာလိုက်တာ လေးဆတက်လာ၍ ပညာရှင်များ၏ စိုးရိမ်အဆင့်တစ်ခုသို့ ရောက်လာတော့သည်။ လူတန်းစားအလွှာ အသီးသီး နေရာအနှံ့ အော်တစ်ဇင်ကလေးများ ဝင်ရောက်လာပါတော့သည်။ဤတွင် ဖုန်းသုံးစွဲသူ မိဘနှစ်ပါးအနက် မိခင်ပတ်သက်ပါဝင်မှု ပမာဏအလွန်နည်းသည်။ မိခင်ဖုန်းသုံးစွဲမှုသည် အော်တစ်ဇင် မွေးဖွားမှုအပေါ် အကြောင်းရင်းမဖြစ်ဟု သုတေသနတစ်ရပ်က ထုတ်ပြသည်။ Amsterdam Born Children ကို အခြေပြုပြီး ၁၀ ဦး တစ်ဦး ကျပန်းနည်းစနစ်ဖြင့် ဆန်းစစ်ကြရာ မိခင်ဖုန်းသုံးစွဲမှုနှင့် အော်တစ်ဇင်မွေးဖွားခြင်း ဆက်စပ်မှု မရှိကြောင်း တွေ့ရသည်။တစ်ခါ အမေရိက ပြည်ထောင်စုရောဂါ ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးစင်တာများ (C.D.C) က သက်ကြီးဖခင်များ သီအိုရီကို ငြင်းပယ်ခဲ့သည်။ အသက်အရွယ်လွန် ဖခင်များက အော်တစ်ဇင်ဘေဘီ မွေးနိုင်သည်ဆိုသည့် သီအိုရီ တစ်ခုရှိသည်။ C.D.C က ၂၀၀၆မှ ၂၀၀၈ခုနှစ်ထိ အော်တစ်ဇင်မွေးနှုန်း ဖခင်ပျမ်းမျှသက်တမ်းသည် ၂၅ နှစ်ဖြစ်ကြောင်း သက်သေထူပြီး သက်ကြီးသီအိုရီကို ပယ်ချခဲ့ခြင်းဖြစ်သည်။အော်တစ်ဇင် မွေးရခြင်းမှာ မိခင်နှင့်လည်း ပြောရလောက် မပတ်သက်။ အသက်ကြီးရင့်မှုနှင့်လည်း မဆိုင်တော့သဖြင့် သက်လတ်ပိုင်း ဖခင်များ၏ ဖုန်းသုံးစွဲပုံ အမူအကျင့်တို့ကို စူးစိုက်လေ့လာကြတော့သည်။ ဖခင်များ ဖုန်းသုံးစွဲပုံကို အသေးစိတ်ဆန်းစစ် သောအခါ သူတို့သည် ဖုန်းကိုသွားလေရာ အခါမလပ် မိမိကိုယ်နဲ့ တစ်ပါတည်း သယ်ဆောင်ထားတတ်ကြသည်။ ဖုန်းကို ဘောင်းဘီအရှေ့ အိတ်ထဲတွင် အမြဲတစေထည့်ထားသည်။ ထိုနေရာသည် ဖခင်မျိုးဗီဇ DNA တည်ရှိရာ အရပ်နှင့်ကပ်လျက်။ တစ်ခုနှင့်တစ်ခု နှစ်လက်မခန့်သာ ကွာသည်။ဖုန်းက ဓာတ်ရောင်ခြည်ဖြာထွက်လွှင့် ထုတ်လျက်ရှိသည်။ ဓာတ်ရောင်ခြည်ဖြာ ထွက်လွှင့်ထုတ်ရာတွင် သက်ရောက်အား (Radiation Force) သည် ဆာအက်ဆက် နယူတန်၏ အကွာအဝေး နှစ်ထပ်ကိန်း ပြောင်းပြန်ဥပဒေသ (Isaac Newton's inversesquare law of distance) အတိုင်း လိုက်နာသည်။
i=1/d2ဖခင်၏ ဖုန်းက မျိုးပွားသုက်ပိုး တည်နေရာနှင့် နှစ်လက်မ အကွာရှိနေ၏။ မိခင်က (အများအားဖြင့် လက်ကိုင်အိတ်ထဲတွင် ထည့်ကြသည်) အရှေ့ဘောင်းဘီအိတ်ထဲတွင် ထည့်သည်ထားဦး။ မျိုးဥတည်နေရာနှင့် ဖုန်းအနည်းဆုံး ရှစ်လက်မ အကွာတွင်ရှိသည်။ အဖေနှင့် အမေ aရာင်ခြည်သင့်အား ၁၆း၁ ဖြစ်နေပြီ။ မိခင်မျိုးဥက ရောင်ခြည်မှကင်း လွတ်ရာရှိနေစဉ် ဖခင်၏မျိုးပွား DNA က အကြိမ်ကြိမ်ထိတွေ့ခံစားနေရပြီး ပျက်စီးချို့ ယွင်းနေပါပြီ။ဖခင်၏ပျက်စီးချို့ယွင်းနေသော မျိုးပွား DNA သည် မိခင်မျိုးဥနှင့် ပေါင်းစပ်ပြီး အော်တစ်ဇင် ကလေးမွေးဖွားလာသည်။ ဤပုံစံဖြင့် အော်တစ်ဇင် ကလေးမွေးဖွားခြင်းဖြစ်စဉ်တွင် ဖခင်က ရာခိုင်နှုန်း ၈၀ တာဝန်ရှိနေသည်ဟု ကျန်းမာရေးဌာနက အသိပေးထားသည်။‘ဖခင်သည် အော်တစ်ဇင်ကိုအသံ တိတ်ဖန်တီးသူ ဖြစ်လာသည်’၂၀၁၃ ခုနှစ် US ၌ ကလေး ၃၉၅၇၅၇၇ ရွယ် ကလေး ၅၀ တွင် အော်တစ်ဇင်တစ်ယောက်နှုန်း ဖြစ်နေသည်။ ဤနှုန်းအတိုင်း တွက်ချက်ယူရမည်ဖြစ်၍ ၎င်းနှစ် US ၌ အော်တစ်ဇင်ကလေး ၆၃၀၀၀ မွေးထားကြောင်း တွေ့ရမည်။ (အော် တစ်ဇင်ရောဂါကို မွေးစတွင် မသိရပါ။ နှစ်နှစ်သား၊ သုံးနှစ်သား အရွယ်ရောက်မှ ရောဂါလက္ခဏာများ ထင်ရှားပါသည်။) ပုံမှန်မွေးနှုန်း ဆတိုးကိန်း မှာ ၃ ဒသမ ၆၄ ဟု သတ်မှတ်ထားသောကြောင့် အော်တစ်ဇင် ကလေးဦးရေ ၄၅၇၀၀ ပိုနေသည်။ မြင့်တက်ပိုလျှံ အော်တစ်ဇင် ကလေးဦးရေမှာ ဖခင်တို့ အသံတိတ် ဖန်တီးရယူလိုက်သော ရောဂါသည်လေးများ အရေအတွက်ဖြစ်၏။လုပ်ငန်းအလုပ်အကိုင်အလိုက် အော်တစ်ဇင် မွေးနှုန်းအဆ ဖော်ပြထားသည်ကိုလည်း မှတ်လိုက်ရသည်။- အင်ဂျင်နီယာလုပ်ငန်းက မိသားစုက အော်တစ်ဇင်မွေးနှုန်း နှစ်ဆ၊- ဘဏ္ဍာရေးလုပ်ငန်းက မိသားစု အော်တစ်ဇင်မွေးနှုန်း လေးဆ၊- ကျန်းမာရေးလုပ်ငန်းက မိသားစု အော်တစ်ဇင်မွေးနှုန်း ခြောက်ဆအသီးသီး ရှိကြောင်း။ နိဂုံးချုပ်ပြောလိုသည်မှာ ဖုန်းသည် အန္တရာယ်မဟုတ်ပါ။ အန္တရာယ်လည်း မဖြစ်ပါ။ ဖုန်းထည့်ထားသည့် နေရာကသာ မျိုးပွား DNA တည်ရှိရာနှင့် ဝေးနိုင်သမျှ ဝေးရပါမည်။ အော်တစ်ဇင်ကလေး မမွေးလိုလျှင် ‘အဖေ့ဖုန်း နေရာရွှေ့ပေးပါ’(why autism Happ ကိုရည်ညွှန်းပါသည်)










