ရခိုင်ပြည်နယ် မအီ စစ်ဆေးရေးဂိတ်၌ စိတ်ကြွဆေးပြား သိန်းနှင့်ချီ ဖမ်းမိမှုနှင့် ဆက်စပ်၍ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ရခိုင်ပြည်နယ်မှ ဖမ်းဆီးရမိမှုမှာ မတ် ၇ ရက်တွင် ရခိုင်ပြည်နယ် မအီ စစ်ဆေးရေးဂိတ်တွင် မူးယစ်တပ်စုမှ ရဲအရာရှိများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သတင်းအရ ယာဉ်များကို စစ်ဆေးနေစဉ် စစ်တွေဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်း သိန်းကျော်နှင့် မသန္တာဦးတို့ လိုက်ပါစီးနင်းလာသည့် ဟွန်ဒိုင်းအမျိုးအစား အဖြူရောင် မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ပိုင်း အံဝှက်အတွင်း WY စာတန်းပါ ပန်းနုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်အား မအီ မြို့မရဲစခန်းက မယ(ပ)၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ဖြစ်စဉ်မှ ဖမ်းဆီးရမိသည့် သိန်းကျော်နှင့် မသန္တာဦးတို့အား ဆက်လက်စစ်ဆေးရာ ၎င်းတို့ နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တွင်လည်း စိတ်ကြွရူးသွပ်ဆေးပြားများ ကျန်ရှိနေကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ထို့ကြောင့် မြောက်ဒဂုံမြို့နယ်ရှိ ၎င်းတို့ နေထိုင်သည့် နေအိမ်အား ဒဂုံမြောက် မြို့မရဲစခန်းမှ ရဲအရာရှိများနှင့် မူးယစ်တပ်စု ၄၁ မှ ရဲအရာရှိများ မတ် ၈ ရက် ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ထိုသို့ ရှာဖွေရာ ၎င်းတို့ နေထိုင်သည့် နေအိမ်အောက်ထပ်မှ အပေါ်ထပ်သို့တက်သည့် လှေကားအောက်ခန်း အတွင်းမှ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၃၅၀၀ ခန့် တန်ဖိုးရှိ ၁၀၁ စာတန်း အနီရောင် လက်ဆွဲအိတ် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၇၀၀၀၀ ပြားနှင့် WASH TUB စာတန်းပါ အနီရောင် ခရီးဆောင် လက်ဆွဲအိတ် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ အား ဖမ်းဆီးရမိခဲ့သည်။“မအီမှာ မူးယစ်ဆေးပြားတွေ ဖမ်းမိတဲ့ ဖြစ်စဉ်က ကျူးလွန်သူ နှစ်ဦးကို စစ်ဆေးတော့ သူတို့ရဲ့ ရန်ကုန်က နေအိမ်မှာ ကွင်းဆက် အနေနဲ့ မူးယစ်ဆေးပြားတွေ ထပ်မံ ဖမ်းမိတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ ရခိုင်မှာပဲ ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု မြောက်ဒဂုံမြို့ နယ်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။အဆိုပါ ဖြစ်စဉ်အား ဒဂုံမြောက်မြို့မရဲ စခန်းက မယ (ပ)၈/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် မအီ စစ်ဆေးရေးဂိတ်၌ စိတ်ကြွဆေးပြား သိန်းနှင့်ချီ ဖမ်းမိမှုနှင့် ဆက်စပ်၍ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထပ်မံ ဖမ်းဆီးရမိ