သန်လျင်ကျိုက်ခေါက် ဘုရားပွဲတော်တွင် ပါဝင်ကပြလျက်ရှိသည့် ဖိုးချစ်ဇာတ်သဘင် အဖွဲ့၏ ဖျော်ဖြေ တင်ဆက်မှုများတွင် 'ငါသည် အောင်ဆန်း' ပြဇာတ်ကိုလည်း ထည့်သွင်းတင်ဆက် ကပြသွားမည်ဟု သိရသည်။"ဖိုးချစ်ဇာတ်သဘင် အဖွဲ့အနေနဲ့ အရင်နှစ်တွေလိုပဲ ဒီနှစ် သန်လျင်ကျိုက်ခေါက် ဘုရားပွဲတော်ကြီးမှာ ဇာတ်ရုံရော စတိတ်ဒီဇိုင်းကိုပါ သေချာပြင်ဆင်ထားပါတယ်။ တင်ဆက်မှုပိုင်းမှာ 'ငါသည်အောင်ဆန်း' ပြဇာတ်ကို ပြန်လည်ကပြတင်ဆက်မှာ ဖြစ်သလို အကယ်ဒမီ မောင်ယဉ်အောင် (မြို့တော်) ရဲ့ ပြဇာတ်သစ်တွေကိုလည်း ကပြမှာပါ" ဟု ဖိုးချစ်ဇာတ်သဘင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ဖိုးချစ်ဇာတ်သဘင် အဖွဲ့အနေဖြင့် 'ငါသည်အောင်ဆန်း' ပြဇာတ် တင်ဆက်မှုကို ဖေဖော်ဝါရီ ၂၁ ရက် နှင့် ၂၃ ရက် ညများတွင် ပြန်လည်တင်ဆက် ကပြသွားရန် စီစဉ်ထားသည်ဟု သိရသည်။ 'ငါသည်အောင်ဆန်း' ပြဇာတ်ကို အကယ်ဒမီ မောင်ယဉ်အောင် (မြို့တော်) ကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာအဖြစ် တင်ဆက်ခြင်း ဖြစ်သည်။ 'ငါသည်အောင်ဆန်း' ပြဇာတ်ကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံတွင် ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့က တင်ဆက် ကပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းပြဇာတ် တင်ဆက်နိုင်ရန် လေးနှစ်ခန့် အချိန်ယူကာ ပြင်ဆင်ခဲ့ရသည်။သန်လျင်ကျိုက်ခေါက် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၁၁ ရက် (ဖေဖော်ဝါရီ ၁၉ ရက်) မှ စတင်ကာ ကျင်းပလျက်ရှိပြီး တပို့တွဲလပြည့်ကျော် ၁ ရက်အထိ (ဖေဖော်ဝါရီ ၂၄ ရက်အထိ) ကျင်းပသွားမည် ဖြစ်သည်။ ယင်းပွဲတွင် ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်းတို့၏ စံပြသဘင်အဖွဲ့၊ စွမ်းသဘင်အဖွဲ့၊ ဖိုးချစ် ဇာတ်သဘင် အဖွဲ့များနှင့်အတူ အခြားသော ပဒေသာ ကပွဲဇာတ်ရုံများ ကပြလျက်ရှိသည်။
ကျိုက်ခေါက် ဘုရားပွဲတော်တွင် ကပြလျက်ရှိသည့် ဖိုးချစ်ဇာတ်သဘင် အဖွဲ့တွင် 'ငါသည်အောင်ဆန်း' ပြဇာတ်ကိုလည်း တင်ဆက်သွားမည်ဟု သိရ









